10 ညအချိန် ရောက်သောအခါ၊ ယုံကြည်သူလို့ဟ ပေါလုနဲ့ သိလလို့ဟို ဗေရိမြို့ဟို စေလွှတ်ကြအယ်။ သူလို့ရောက်သောအခါ သူလို့ဟ ယုဒတရားဇရပ်ဟို သွားကြအယ်။
ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊
အဲအခါ တမန်တော်များ၊ အသင်းတော် လူကြီးများနဲ့ အသင်းတော်အပေါင်းလို့ဟ သူလို့အဖွဲ့ထဲနှိုက် လူဟို ရွေးကောက်ယွေ့ အန္တိအုတ်မြို့ဟို ပေါလု၊ ဗာနဗလို့နဲ့အတူ စေလွှတ်ရန် ဆုံးဖြတ်ကြအယ်။ သူလို့ဟ ယုံကြည်သူလို့ ရမ်းဆာ့ ကြည်ညိုလေးစားလဲ့ ဗာရှဗ ခေါ်လဲ့ ယုဒနဲ့ သိလလို့ နေယောက်ဟို ရွေးကောက်ကြအယ်။
ပေါလုနဲ့ သိလလို့ဟ ခရီးဆက်ခဲ့ရာ အံဖိပေါလိမြို့နဲ့ အာပေါလောနိမြို့ဟို ဖြတ်ပင်း သက်သာလောနိကမြို့ဟို လာကြအယ်၊ အေးမြို့မှာ ယုဒတရားဇရပ် ဆိအယ်။
ပေါလုဟ မိမိလို့ စလေ့ဆိလဲ့အတိုင်း အေးတရားဇရပ်ဟို သွားပင်း ဥပုသ်နေ့ သုံးရက်လုံးလုံး သူလို့နဲ့ ကျမ်းစာဟို အမှီပြုလျက် ဆွေးနွေးကာ၊
တချို့သောသူလို့ဟ ယုံကြည်ကြသဖြင့် ပေါလုနဲ့ သိလလို့ရဲ့ အဖွဲ့ဟို ဝင်ကြအယ်၊ ဘုရားသခင်ဟို ကိုးကွယ်သူ ဟေလသ လူအမြောက်အမြားနဲ့ ထင်ဆှားသော မိန်းမများလည်း သူလို့အဖွဲ့ဟို ဝင်ကြအယ်။
အဲလိုလဲ သူလို့ဆှာယွေ့ မမျော်ကြသောအခါ ယာသုန်နဲ့ အခြား ယုံကြည်သူတချို့လို့ဟို မြို့အာဏာပိုင်များ ဆေ့ဟို ခေါ်ဆောင်ခဲ့ပင်း “အေးလူတွေဟ နေရာတိုင်းမှာ ဒုက္ခပေးခဲ့ကြပါအယ်၊ သူလို့ဟ ငါလို့ရဲ့ မြို့ဟိုလည်း အခု လာပါပီ၊
ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
တရားဇရပ်များဟို ယေရှုဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ခုတင်ချင်း စတင် ဟောပြောလေအယ်။
အဲလိုလဲ ရှောလုရဲ့ တဘဲ့လို့ဟ ညအခါ သူ့ဟို သယ်ဆောင်သွားကာ တောင်းတွင် ထည့်ယွေ့ မြို့ရိုးအောက်သို့ လျှောချကြအယ်။
နင်လို့ဆိရာ သက်သာလောနိတ်မြို့ဟို မလာရောက်မီ ငါလို့ဟ ဖိလိပ္ပိမြို့တွင် နှိပ်စက်ညှဉ်းပန်း ခံရပင်းဖြစ်ကျောန်း နင်လို့ သိအယ်။ အားပင်း အတိုက်အခံတွေ အများကြီးဆိပေမယ့်လည်း၊ ငါလို့ရဲ့ ဘုရားသခင်ဟ သူ့ဆေမှလာသော ဧဝံဂေလိတရားကို ဟောပြောခြင်းငှါ ရဲရင့်စေအယ်။