6 သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။
အဲအကျောန်းအရာများဟို မျက်မြင်သက်သေများ ဖြစ်ယွေ့ ယေရှုအကျောန်းဟို ဟောပြောသူလို့ရဲ့ ဟောကြားချက်အရ ကျမ်းပြုပုဂ္ဂိုလ်လို့ဟ ရေးသားပြုစုခဲ့ကြအယ်။
ပေတရုဟ ဗျာဒိတ်ရူပါရုံ အကျောန်းဟို စဉ်းစားနေစဉ် ဝိညာဉ်တော်ဟ “လူသုံးယောက်လို့ဟ နင့်ဟို ဆာနေကြအယ်။
ဝိညာဉ်တော်ဟ အေးသူလို့နဲ့အတူ မဆိုင်းမတွဘဲ တခါထဲ လိုက်သွားရန် ငါ့အား အမိန့်ဆိအယ်။ ယုပ္ပေမြို့မှ ညီအကို ခြောက်ယောက်လို့ဟလည်း ကဲသရိမြို့ဟို ငါနဲ့အတူ လိုက်ခဲ့ကြပင်း ငါလို့ဟလည်း ကော်နေလိရဲ့ အိုင်ဟို ဝင်ကြအယ်။
သူလို့ဟ မုသိပြေနယ်စပ်ဟို ရောက်ကြသောအခါ ဗိသုန်ပြေဟို သွားရန် ကြိုးစားကြသော်လည်း ယေရှုရဲ့ ဝိညာဉ်တော်ဟ ခွင့်မပြုခဲ့ပေ။
အေးမှာ အချိန်အတန်ကြာ နေပင်းနောက် သူဟ ထွက်သွားယွေ့ ဂလာတိပြေ၊ ဖြူဂိပြေဟို ဆှောက်သွားပင်း တဘဲ့တော်များ အားလုံးဟို ကြံ့ခိုင်စေအယ်။
အေးလို့ နေနှစ်တိုင်တိုင် အေးလို့ပြုကြရာ အာရှပြေတွင် နေထိန်သော ယုဒလူမျိုးများနဲ့ လူမျိုးခြားများ အပေါင်းလို့ဟ ဘုရားသခင်ရဲ့ စကားတော်ဟို ကြားနာရကြအယ်။
ပေါလုဟ အာရှမှာ အချိန်မကုန်စေလိုသဖြင့် ဧဖက်မြို့ အနီးမှ ဖြတ်ပင်း ရွက်လွင့်ရန် ဆုံးဖြတ်ထားအယ်။ သူဟ ဖြစ်နိန်ရင် ပင်တေကုတ္တေပွဲတော်အမှီ ယေရုရှလင်မြို့ဟို ရောက်ဖို့ အမြန် ခရီးသွားလျက် ဆိအယ်။
နင်လို့ဟ မိမိကိုယ်ကိုလည်းကောင်း၊ သိုးများအားလုံးဟို လည်းကောင်း ဂရုစိုက်ကြလော၊ ကိုယ်တော်ရဲ့ အသွေးတော်အားဖြင့် ဝယ်ယူထားသော ဘုရားသခင်ရဲ့ အသင်းတော်ဟို နင်လို့ အုပ်ထိန်းစေရန် အေးသိုးစုဟို ကြီးကြပ်သူအဖြစ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့ဟို ခန့်ထားအယ်။
ဗေရိမြို့သား ပုရုရဲ့ သားဖြစ်သူ သောပတရု၊ သက်သာလောနိတ်မြို့သားများ ဖြစ်ကြသော အာရိတ္တာခုနဲ့ သေကန္နု၊ ဒေရဗေမြို့သားဖြစ်သူ ဂါယု၊ အာရှနယ်သားများ ဖြစ်ကြသော တုခိတ်နဲ့ တရောဖိမ်၊ တိမောသေဟလည်း ပေါလုနဲ့အတူ လိုက်သွားကြအယ်။
ခုနေရက်စေ့ခါနီးသောအခါ အာရှပြေမှ လာသော ယုဒလူအချို့လို့ဟ ပေါလုဟို ဗိမာန်တော်တွင် မျော်ကြအယ်။ သူလို့ဟ လူအုပ်လို့အား ရုန်းရင်းဆန်ခတ် ဖြစ်စေပင်း ပေါလုဟို ဖမ်းဆီးကြအယ်။
အဲပင်းရင် လွတ်လပ်သောသူများ လို့ခေါ်လဲ့ တရားဇရပ်မှ လူအချို့လို့ဖြစ်ကြသော ကုရေနေမြို့သားနဲ့ အာလေဇန္ဒြူယမြို့သားမှ စယွေ့ ကိလိကိပြေနဲ့ အာရှပြေမှ လာသောသူလို့ဟ ထယွေ့ သတေဖန်နဲ့ စတင် ငြင်းကြအယ်။
အဲအခါ ဝိညာဉ်တော်ဟ ဖိလိပ္ပုအား “အေးမြင်းလှည်းအနီးဟို သွားလော့” ဟု အမိန့်ဆိအယ်။
သူလို့ရဲ့ နေအိုင်နှိုက် တွေ့ဆုံလဲ့ အသင်းတော်ဟိုလည်း ငါနှုတ်ဆက်ပေးကြလော့။ အာရှပြေတွင် ဦးရင်ဆုံး ခရစ်တော်ဟို လက်ခံလာသူ ငါ့ရဲ့ ချစ်လှစွာသော မိတ်ဆွေ ဧပဲနပ်ဟို နှုတ်ဆက်ပေးကြလော့။
ဟေအခွင့်ဆိသမျှလို့ဟို တပါးတည်းသော ဝိညာဉ်တော်ဟ ပြုပြင်ယွေ့ လူအသီးသီးလို့အား ဆုကျေးဇူး အသီးသီးဟို အလိုတော်ဆိလဲ့အတိုင်း ဝေငှယွေ့ ပေးအယ်။
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့အား ထောက်ပံ့ရန်အတွက် အလှူငွေများနဲ့ ပတ်သက်ယွေ့ ဂလာတိပြေဆိ အသင်းတော်များသို့ ငါမှာထားလဲ့အတိုင်း နင်လို့ ပြုကြလော့။
အာရှပြေ အသင်းတော်များဟ နင်လို့အား နှုတ်ဆက်ကြအယ်။ အာကုလ၊ ပြစ်ကိလနဲ့ သူလို့ နေအိုင်တွင် ဝတ်ပြုကိုးကွယ်ကြလဲ့ အသင်းဝင်များဟလည်း သခင်ဘုရားရဲ့ နာမတော်နဲ့ နှုတ်ဆက်ကြအယ်။
ညီအကိုလို့၊ အာရှပြေမှာ ငါလို့ ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခအကျောန်းတွေဟို နင်လို့အား ပြန်လည် သတိရစေလိုအယ်။ ငါလို့အပေါ်မှာ ချထားသော ဝန်ထုပ်ဝန်ပိုးများဟ ရမ်းဆာ့ ကြီးမားပင်း လေးလံလွန်းသဖြင့် အသက်ဆှင်နိန်ရန် မျော်လင့်ချက်အားလုံးဟို စွန့်လွှတ်လိုက်ကြအယ်။
ငါနဲ့အတူဆိသော ယုံကြည်သူအားလုံးလို့ဟ၊ ဂလာတိပြေနှိုက်ဆိလဲ့ အသင်းတော်များဆေဟို နှုတ်ဆက်လိုက်အယ်၊
မိုက်မဲသော ဂလာတိပြေသားလို့ နင့်မျက်စေ့ဆေ့တွင် လက်ဝါးကပ်တိုင်မှာ ယေရှုခရစ်ရဲ့ အသေခံခြင်းအကျောန်းဟို ဆှင်းဆှင်းလင်းလင်း ဖော်ပြထားခြင်း ခံရလျက် စသူဟ နင်လို့ဟို ပြုစားလိုက်တာလုန်း။
နင်သိဆိလဲ့အတိုင်း အာရှိပြေနှိုက်ဆိသော သူအားလုံးလို့ဟ ငါ့ဟို စွန့်ပယ်ကြပီ၊ အဲသူလို့တွင် ဖုဂေလုနဲ့ ဟေရမောဂင်လို့လည်း ပါအယ်။
ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။
အာဗြဟံဟ အမွေအဖြစ် ဆက်ခံရမဲ့ ပြေဟို ထွက်ခွာသွားရန် ခေါ်ယူခြင်း ခံရသောအခါ ပစာအရပ်ဟို သွားရမယ် မသိဘဲ ယုံကြည်ခြင်းအားဖြင့် နာခံယွေ့ ထွက်သွားအယ်။
ယေရှု ခရစ်တော်ရဲ့ တမန်တော် ငါ ပေတရုဟ — ပုန္တုပြေ၊ ဂလာတိပြေ၊ ကပ္ပဒေါကိပြေ၊ အာရှပြေနဲ့ ဗိသုနိပြေ အရပ်ရပ်လို့နှိုက် ဧည့်သည်အဖြစ် ပျံ့နှံ့နေထိန်လျက် ဆိကြလဲ့၊
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
ငါ ယောဟန်ဟ၊ အာရှိပြေဆိ အသင်းတော် ခုနေပါးဆေဟို စာရေးလိုက်အယ်။ အခု ဆိလျက် မခင်ဟလည်း ဆိလျက် နောင်အခါကြွလာမဲ့ အဆှင်ဆေမှ လည်းကောင်း၊ ပလ္လင်တော်ဆေ့နှိုက် ဆိသော ဝိညာဉ် ခုနေပါးဆေမှ လည်းကောင်း၊