1 လူအချို့လို့ဟ ယုဒပြေမှ အန္တိအုတ်မြို့ဟို လာယွေ့ ယုံကြည်သူလို့အား “နင်လို့ဟ မောရှေရဲ့ ပညတ်တရားအတိုင်း အရေဖျားလှီးခြင်းဟို မခံယူရင် ကယ်တင်ခြင်း မရနိန်” ဟု စတင် သွန်သင်ကြအယ်။
မောရှေဟ အရေဖျားလှီးခြင်း ပညတ်ဟို နင်လို့အားပေးခဲ့သောကျောန့် နင်လို့ရဲ့ အောင်နီငယ်လို့ဟ ဥပုသ်နေ့နှိုက်ပင် အရေးဖျားလှီးခြင်းဟို ပြုကြအယ်၊ အမန်စင်စစ် ဟေအရေဖျားလှီးခြင်းဟ မောရှေဆေမှ မဟုတ်ဘဲ နင်လို့ ဖိုးဘေးဆေမှ လာအယ်။
ရက်အနည်းငယ် ကြာသောအခါ အရေအတွက်အားဖြင့် လူ တရာ့နေဆယ်ခန့်သော ယုံကြည်သူများလို့ဟ တနေရာတည်းတွင် စုဝေးကြရာ ပေတရုဟ စကားပြောရန် ထယွေ့၊
အဲအခါ တမန်တော်များ၊ အသင်းတော် လူကြီးများနဲ့ အသင်းတော်အပေါင်းလို့ဟ သူလို့အဖွဲ့ထဲနှိုက် လူဟို ရွေးကောက်ယွေ့ အန္တိအုတ်မြို့ဟို ပေါလု၊ ဗာနဗလို့နဲ့အတူ စေလွှတ်ရန် ဆုံးဖြတ်ကြအယ်။ သူလို့ဟ ယုံကြည်သူလို့ ရမ်းဆာ့ ကြည်ညိုလေးစားလဲ့ ဗာရှဗ ခေါ်လဲ့ ယုဒနဲ့ သိလလို့ နေယောက်ဟို ရွေးကောက်ကြအယ်။
အဲသူလို့မှတဆင့် ပေးလိုက်သော စာဟ၊ “နင်လို့ရဲ့ ညီအကိုများ၊ တမန်တော်များနဲ့ အသင်းတော် လူကြီးများ၊ ရှုရိပြေ၊ ကိလိကိပြေနဲ့ အန္တိအုတ်မြို့တွင် ဆိသော လူမျိုးခြားထဲမှ ညီအကိုလို့အား နှုတ်ခွန်းဆက်သလိုက်အယ်။
ငါလို့အထဲမှ အချို့လို့ဟ ငါလို့ရဲ့ ခွင့်ပြုချက် မရဘဲ ထွက်သွားယွေ့ သူလို့ပြောလဲ့ စကားများကျောန့် နင်လို့ စိတ်အနှောင့်အယှက် ဖြစ်ရပင်း နင်လို့အား ဒုက္ခရောက်စေကျောန်း ကြားရကြအယ်။
သူလို့ဟ အသင်းတော်ရဲ့ ပို့ဆောင်ခြင်းအားဖြင့် ဖိနိတ်ပြေနဲ့ ရှမာရိပြေလို့ဟို ဖြတ်သွားစဉ် လူမျိုးခြားလို့ ဘုရားသခင်ဆေ ပြောင်းလဲလာပုံဟို ပြောပြကြသဖြင့် ယုံကြည်သူပေါင်းလို့ဟ ရမ်းဆာ့ ဝမ်းမြောက်ကြအယ်။
ယုဒနဲ့ သိလလို့ တတ်တိုင်းဟလည်း ပရောဖက်များ ဖြစ်ကြသောကျောန့် ညီအကိုလို့အား ရမ်းဆာ့သောစကားနဲ့ တိုက်တွန်းအားပေးလျက် ကြံ့ခိုင်စေကြအယ်။
အဲလိုလဲ ဖာရိရှဲ အဖွဲ့ဝင်များအနက် ယုံကြည်သူအချို့လို့ဟ ထယွေ့ “လူမျိုးခြားလို့ဟ အရေဖျားလှီးခြင်း ပေးကြရန်နဲ့ မောရှေရဲ့ ပညတ်တရားဟို လိုက်နာရမယ်” ဟု ဆိုကြအယ်။
သူဆေဟ ကြားရပင်းနောက် သူလို့အားလုံးဟ ဘုရားဟို ချီးမွန်းကြအယ်။ အေးနောက် သူလို့ဟ “ညီအကို ပေါလု၊ ယုဒလူ ထောင်ပေါင်းများစွာဟ ယုံကြည်သူများ ဖြစ်လာကျောန်းနဲ့ သူလို့အားလုံး ပညတ်တရားဟို စိတ်အားထက်သန်သူများ ဖြစ်ကျောန်းဟို နင်လို့ မျော်နိန်အယ်။
နာဇရက်မြို့သား ယေရှုဟ ဗိမာန်တော်ဟို ဖျက်ဆီးယွေ့ ငါလို့အား မောရှေ ပေးအပ်ခဲ့လဲ့ ထုံးတမ်းစဉ်လာများဟို ပြောင်းလဲစေလိမ့်မယ် ဖြစ်ကျောန်း အဲသူပြောဆိုတာဟို ငါလို့ ကြားရအယ်” ဟု ထွက်ဆိုကြအယ်။
ဆယ့်လေးနှစ်ကြာပင်းနောက် ငါဟ တိတုဟို ခေါ်ယွေ့ ဗာနဗနဲ့အတူ ယေရုရှလင်မြို့ဟို ပြန်တက်သွားလေအယ်။
အကျောန်းမှာ ငါလို့ဟ ယေရှု ခရစ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအခါ အရေဖျားလှီးခြင်းဖြစ်စေ အရေဖျားမလှီးခြင်းဟ ခြားနားမှု မဆိပေ၊ ချစ်ခြင်းမေတ္တာအားဖြင့် လုပ်ဆောင်နိန်သော ယုံကြည်ခြင်းဟ အရေးကြီးအယ်။
ဇာတိပကတိအားဖြင့် လူတွေကို အထင်ကြီးချင်သူတွေဟာ အရေဖျားလှီးဖို့ အတင်းအကြပ် ကြိုးစားနေကြတယ်။ သူလို့ အေးလိုလုပ်ရခြင်းရဲ့ တခုတည်းသော အကျောန်းအရင်းကတော့ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင်ကျောန့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆှောင်ကြဉ်ဖို့ပဲ ဖြစ်အယ်။
အဲလိုမို့ အစားအသောက်နဲ့ ပတ်သက်ယွေ့ ဖြစ်စေ၊ ပွဲနေ့၊ လဆန်းနေ့၊ ဥပုသ်နေ့နဲ့ ပတ်သက်ယွေ့ ဖြစ်စေ စသူမျှ နင်လို့ဟို မစီရင်စေနဲ့။
ခရစ်တော်ဆေမှ မဟုတ်ဘဲ လူလို့ရဲ့ ထုံးတမ်းစဉ်လာမှလည်းကောင်း၊ လောကဟို အုပ်ချုပ်သော ဝိညာဉ်တော်များဆေမှ လည်းကောင်း၊ လက်ဆင့်ကမ်းလဲ့ အလကားကားသော လှည့်စားခြင်းအားဖြင့် စသူမျှ နင်လို့အား မလွှမ်းမိုး မသိမ်းသွင်းစေရန် သတိပြုကြလော့။