Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 13:43 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

43 အစည်းအဝေးမှ လူလို့ ထွက်လာပင်းနောက်၊ ရမ်းဆာ့သော ယုဒလူမျိုးများမှ စယွေ့ ယုဒဘာသာမှ ပြောင်းလဲလာသော ရမ်းဆာ့သော လူမျိုးခြားလို့ဟ ပေါလုနဲ့ ဗာနဗနောက်သို့ လိုက်ကြအယ်။ တမန်တော်လို့ဟ သူလို့အား ဘုရားသခင်ရဲ့ ကျေးဇူးတော်နှိုက် ဆက်လက် အသက်ဆှင်နေထိန်ရန် အားပေးတိုက်တွန်းလေအယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 13:43
39 Iomraidhean Croise  

“သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ လူတယောက်ဟို ဘာသာဝင် ဖြစ်လာစေရန် နင်လို့ဟ ယေကျောန်း၊ ကုန်းကျောန်း ခရီးပြုကြယွေ့ ဘာသာဝင် ပင်းသောအခါနှိုက်လည်း အေးသူအား နင်လို့ထက် နေဆပိုယွေ့ ငရဲဟို သွားထိုက်သူ ဖြစ်စေကြအယ်။


သူဟ ရောက်လာသောအခါ လူလို့အား ဘုရားသခင် စလို ကောင်းချီးပေးတာဟို မျော်သောအခါ ရွှင်လန်းဝမ်းသာသဖြင့် သခင်ဘုရားအား စိတ်နေလုံး အကြွင်းမဲ့ ယုံကြည်ကိုးစားယွေ့ သစ္စာစောင့်ကြရန် တိုက်တွန်းနှိုးဆော်လေအယ်။


အဲလိုလဲ ယုဒအမျိုးသားလို့ဟ ဘုရားသခင်ဟို ကိုးကွယ်သူ အထက်တန်းလွှာ မိန်းမနဲ့ မြို့ရဲ့ ခေါင်းဆောင်များဟို လှုံ့ဆော်ကြအယ်။ သူလို့ဟ ပေါလုနဲ့ ဗာနဗလို့အား စတင် ညှဉ်းဆဲပင်း မိမိလို့ပြေရဲ့ နယ်မှ မောင်းထုတ်လိုက်ကြအယ်။


တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။


တမန်တော်လို့ဟ အဲအရပ်တွင် ကြာမြင့်စွာ နေထိန်လျက် ဘုရားသခင်ရဲ့ အကျောန်းဟို ရဲရင့်စွာ ဟောပြောကြအယ်။ ကိုယ်တော်ဟ အေးသူလို့ ဟောပြောလဲ့ ကျေးဇူးတော်ဆိုင်ရာ တရားမန်ကန်ကျောန်း သက်သေပြရန် သူလို့အား အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများ ပြနိန်သောတန်ခိုးဟို ပေးအယ်။


အေးသူလို့အထဲတွင် သွာတိရဲမြို့မှ ခရမ်းရောင်အထည်ကုန်သည် လုဒိ နာမယ်ဆိ မိန်းမတယောက်လည်း နားထောင်နေအယ်။ သူဟ ဘုရားသခင်အား ကိုးကွယ်သူ တယောက်ဖြစ်အယ်။ သခင်ဘုရားဟ ပေါလု ဟောပြောလျက်နေသော တရားစကားများဟို အာရုံစိုက်စေရန် အေးမိန်းမရဲ့ စိတ်နေလုံးဟို ဖွင့်ပေးအယ်။


အေးကျောန့် တရားဇရပ်တွင် ယုဒအမျိုးသားများ၊ ဘုရားသခင်ဟို ကိုးကွယ်သော တပါးအမျိုးသားနဲ့ လည်းကောင်း၊ နေ့စဉ်နေ့တိုင်း အများနဲ့ဆိုင်သော နေရာ လာရောက်ကြသူများနဲ့ လည်းကောင်း ဆွေးနွေးအယ်။


လူတချို့ဟ ပေါလုရဲ့ နောက်လိုက်များ ဖြစ်လာပင်း ယုံကြည်ကြအယ်။ အေးသူလို့ အများထဲမှ ဒယောနုသိ နာမယ်ဆိလဲ့ အာရေတောင် အဖွဲ့ဝင်တဦး၊ ဒမာရိ နာမယ်ဆိလဲ့ မိန်းမတဦးအပြင် တခြားသူအချို့လို့ ပါဝင်ကြအယ်။


တချို့သောသူလို့ဟ ယုံကြည်ကြသဖြင့် ပေါလုနဲ့ သိလလို့ရဲ့ အဖွဲ့ဟို ဝင်ကြအယ်၊ ဘုရားသခင်ဟို ကိုးကွယ်သူ ဟေလသ လူအမြောက်အမြားနဲ့ ထင်ဆှားသော မိန်းမများလည်း သူလို့အဖွဲ့ဟို ဝင်ကြအယ်။


အေးနောက် အေးသူလို့ဆေမှ ထွက်သွားပင်း ဘုရားသခင်ဟို ကိုးကွယ်သူ တိတုယုတ္တု နာမယ်ဆိသော လူမျိုးခြားရဲ့ နေအိုင်ဟို သွားပင်း နေထိန်အယ်။ အေးနေအိုင်ဟ တရားဇရပ်နဲ့ ကပ်လျက်ဆိအယ်။


ဖြူဂိပြေမှ ပမ်ဖုလိပြေ၊ အဲဂုတ္တုပြေနှိုက် နေသောသူ၊ အဲဂုတ္တု၊ ကုရေနေမြို့နဲ့စပ်သော လိဗုကျေးလက်နှိုက် နေသောသူများ ဖြစ်ကြအယ်။ တချို့သော ငါလို့ဟ ရောမမြို့မှ ရောက်လာသောသူများ၊


အေးနောက် သူလို့ဟ ပေါလုနဲ့ ရက်ချိန်းပင်းမှ ရမ်းဆာ့သောသူလို့နဲ့တကွ သူတည်းခိုလဲ့နေရာဟို ရောက်လာကြအယ်။ ပေါလုဟ မနက်မှ ညနေခင်းတိုင်အောန် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဆှင်းပြပင်း၊ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများမှ ကိုးကားပင်း ယေရှုအကျောန်းဟို သူလို့အား ပြောပြယွေ့ စည်းရုံးလေအယ်။


ဟေအကြံဟို တဘဲ့တော် တဖွဲ့လုံးဟ နှစ်သက်ကြအယ်။ သူလို့ဟ ယုံကြည်ခြင်း အားကြီးယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝသူ သတေဖန် မှစယွေ့ ဖိလိပ္ပု၊ ပြောခေါ်၊ နိကနော်၊ တိမုန်၊ ပါမေနနဲ့ ယုဒဘာသာသို့ ကူးပြောင်းလာသူ အန္တိအုတ်မြို့သား နိကောလလို့ဟိုလည်း ရွေးချယ်ကြအယ်။


သူရဲ့ ရွေးကောက်ခြင်းဟ ကျေးဇူးတော်အားဖြင့်သာ ဖြစ်အယ်၊ ကိုယ်ကျင့်သော အကျင့်ဟို အခြေခံတာ မဟုတ်။ အကျောန်းမှာ ဘုရားသခင် ရွေးကောက်ခြင်းဟ လူ့အကျင့်ဟို အခြေခံရင် ကိုယ်တော်ရဲ့ ကျေးဇူးတော်ဟ အစစ်အမှန် မဟုတ်။


အဲလိုလဲ ဘုရားသခင်ရဲ့ အလကားကား ကျေးဇူးတော်ကျောန့် သူလို့ဟို ယေရှု ခရစ်ရဲ့ ရွေးနုတ်ခြင်းအားဖြင့် ဖြောင့်မတ်ရာဟို ရောက်စေအယ်။


သူဟ အခု ငါလို့ အသက်ဆှင်နေသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ထဲနှိုက် ယုံကြည်ခြင်းအားဖြင့် ငါလို့ဟို ခေါ်ဆောင်လာခဲ့အယ်။ အဲလိုမို့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ရဆိမယ်လို့ မျော်လင့်ချက်နဲ့ ငါလို့ ဝါကြွားခြင်း ဖြစ်အယ်။


အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။


ငါလို့ဟ ပစာကျောန့် သခင်ဘုရားအား ကြောက်ရွံ့ရကျောန်းဟို သိသဖြင့်၊ လူလို့အား စည်းရုံးသိမ်းသွင်းအယ်။ ငါလို့ရဲ့အကျောန်းဟို ဘုရားသခင်ဟ အကြွင်းမဲ့ သိအယ်၊ နင်လို့ဟလည်း ဩတ္တပ္ပစိတ်ထဲဟ ငါ့အကျောန်းဟို သိကြလိမ့်မယ်ဟု ငါ မျော်လင့်အယ်။


ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။


လွတ်လပ်မှု ရဆိစေရန် ခရစ်တော်ဟ ငါလို့ဟို လွတ်မြောက်စေအယ်။ အေးနောက် လွတ်လပ်သော သူလို့လိုမျိုး ရပ်တည်ပင်း နင်တတ်တိုင်း နောက်တခါ ကျွန်ခံရာ ထမ်းပိုးဟို ထမ်းယွေ့ တုတ်ချေခြင်းဟို မခံကြနဲ့။


ပညတ်တရားကို နာခံခြင်းအားဖြင့် ဘုရားသခင်နဲ့ မန်ကန်သဖြင့် ကျင့်ကြံအားထုတ်သော သူလို့ဟ ခရစ်တော်နဲ့ ကင်းကွာကြပီ။ နင်ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော် အောက်နှိုက် မဆိ။


အကျောန်းမှာ ယုံကြည်ခြင်းအားဖြင့် နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ကယ်တင်ခြင်းသို့ ရောက်ကြပီ။ နင့်ရဲ့ ကြိုးစားအားထုတ်မှုရဲ့ ရလဒ်မဟုတ်ဘဲ ဘုရားသခင်ရဲ့ လက်ဆောင် ဖြစ်အယ်။ အေးလိုမို့ စသူမှ ဝါကြွားစရာ အကျောန်းမဆိ။


စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။


အဲကျောန့် ညီအကို မောင်နှမလို့၊ ငါရဲ့ ဝမ်းမြောက်ခြင်းအကျောန်းနဲ့ ငါရဲ့ သရဖူဖြစ်လဲ့ နင်လို့ဟို အကျောန်းပြုယွေ့ ရမ်းဆာ့ ဝမ်းမြောက်ယွေ့ ဂုဏ်ယူဝါကြွားအယ်။ ချစ်သော ညီအကို မောင်နှမလို့ ငါလို့ဆိုခဲ့လဲ့အတိုင်း သခင်ဘုရားနှိုက် ခိုင်မြဲစွာ ရပ်တည်ကြလော့။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။


အကျောန်းမှာ လူအပေါင်းလို့ဟို ကယ်တင်သော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟ ပေါ်ထွန်းပင်း၊


ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို စသူမျှ မငြင်းပယ်စေနဲ့၊ မြစ်ခါးပင်ဟ မိမိရဲ့ အဆိပ်ဖြင့် လူအများအား ဒုက္ခပေးတတ်အယ်၊ စသူမျှ အဲအပင်လို မဖြစ်စေနဲ့။


ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။


ငါဟ သစ္စာဆိသော ညီအကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတဆင့် စာကတစ်ဟို ရေးလိုက်ခြင်းအားဖြင့် နင်လို့ဟို တိုက်တွန်းနှိုးဆော်ကာ အေးအရာဟ ဘုရားသခင်ရဲ့ စစ်မန်သော ကျေးဇူးတော်ဖြစ်ကျောန်း သက်သေခံအယ်။ နင်လို့ဟ အေးကျေးဇူးတော်နှိုက် ရပ်တည်ကြလော့။


အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။


အဲကျောန့် လူပဲ့သငယ်လို့၊ ငါလို့ဟ ကိုယ်တော်ပေါ်ထွန်းသောအခါ ယုံကြည်စိတ်ချမှု ဆိယွေ့ ကိုယ်တော်ကြွလာလဲ့တိုင်အောန် ဆေ့တော်နှိုက် ဆှက်ကြောက်ခြင်း မဆိစေရန် ကိုယ်တော်နှိုက် တည်နေကြလော့။


ခရစ်တော်ရဲ့ သွန်သင်ချက်နှိုက် မတည်ဘဲ အဲဟာဟို ကျော်လွန်သောသူတိုင်းဟ ဘုရားသခင်ဟို မရဆိပေ၊ အဲသွန်သင်ချက်နှိုက် တည်သောသူဟ ခမည်းတော်နဲ့ သားတော်ဟို ရဆိအယ်။


Lean sinn:

Sanasan


Sanasan