4 အဲလိုမို့ သူလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် စေလွှတ်လဲ့အတိုင်း သေလုကိမြို့ဟို သွားရောက်ယွေ့ အဲမြို့မှ ကုပရုကျွန်းဟို သင်္ဘောလွှင့်ကြအယ်။
သတေဖန် အသတ်ခံရမှုနဲ့ ဆက်စပ်ယွေ့ ဖြစ်ပေါ်လာသော ညှဉ်းဆဲမှုကျောန့် အရပ်ရပ်သို့ ကွဲလွင့်သွားကြသော ယုံကြည်သူအချို့လို့ဟ ဖိနိတ်ပြေ၊ ကုပရုကျွန်း၊ အန္တိအုတ်မြို့ တိုင်အောန် သွားကြအယ်။ သူလို့ဟ နှုတ်ကပတ်တရားတော်ဟို ယုဒအမျိုးသားလို့ဟိုသာ ပြောကြအယ်။
အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား “ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့” ဟု မိန့်အယ်။
အဲအခါ သူလို့ဟ အစာဆှောင်ယွေ့ ဆုတောင်းကြကာ အေးသူလို့နေဦးလို့အပေါ် လက်တင်ပင်းနောက် သူလို့ဟို စေလွှတ်လိုက်ကြအယ်။
ရက်အနည်းငယ် ကြာသောအခါ ပေါလုဟ ဗာနဗအား “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ငါလို့ ဟောပြောခဲ့လဲ့ မြို့တိုင်းဆိ ညီအကိုများဆေဟို ပြန်သွားယွေ့ သူလို့ စလိုဆိနေကြတာဟို ကျေ့ရှုကြကုန်စို့” ဟု ဆိုအယ်။
သန့်ဆှင်းသော ဝိညာဉ်တော်ဟ တုတ်ချေခြင်းနဲ့ ဆင်းရဲဒုက္ခများဟ မြို့တိုင်းတွင် ငါဟို စောင့်နေကျောန်း သတိပေးတာဟို ငါ သိအယ်။
အေးအရပ်မှ ငါလို့ ထွက်သွားပင်း၊ လေတိုက်ခတ်သောကျောန့် ငါလို့ဟ ကုပရုကျွန်းရဲ့ လေကွယ်ရာဖက်မှ ရွက်လွင့်သွားကြအယ်။
ယောသပ်ဟု နာမယ်ဆိသော လူတယောက်ဆိအယ်၊ သူ့ဟို တမန်တော်လို့ဟ ဗာနဗ ဟု ခေါ်ကြအယ်၊ ဗာနဗရဲ့ အနက်ဟ “နှစ်သိမ့်ခြင်းရဲ့ သား” ဟု အဓိပ္ပာယ်ရအယ်။ သူဟ ကုပရုပြေသား၊ လေဝိအနွယ်ဝင် ဖြစ်အယ်၊