9 နောက်တနေ့နှိုက် အဲသူလို့ဟ ခရီးပြုကြစဉ် ယုပ္ပေမြို့အနီးဟို ရောက်ကြပင်း၊ မွန်းတည့်ချိန်ခန့်တွင် ပေတရုဟ ဆုတောင်းရန် ထပ်ခိုးပေါ်ဟို တက်လေအယ်။
သူလို့ဟ သွားကြအယ်။ အဲနောက် သူဟ မွန်းတည့်ချိန်နဲ့ မွန်းလွဲ သုံးနာရီခန့်တွင် တခါထွက်သွားပင်း အဲတိုင်းတိုင်းလုပ်အယ်။
နေအိုင်မိုးပေါ်တွင် ဆိသူဟ အိုင်ထဲမှ ဥစ္စာပစ္စည်းများဟို ယူရန် အောက်ဟို မဆင်းစေနဲ့။
မွန်းတည့်ချိန်မှစယွေ့ မွန်းလွဲသုံးနာရီတိုင်အောန် မြေတပြင်လုံးတွင် မိုက်လေအယ်။
အဲလိုလဲ နင်လို့ဟ ဆုတောင်းသောအခါ၊ နေအိုင်အတွင်းခန်းဟို ဝင်ယွေ့ ထင်ခါးဟို ပိတ်ပင်းရင် မျက်စေ့နဲ့ မမျော်နိန်သော နင်လို့ရဲ့ အဖဆေဟို ဆုတောင်းကြလော့။ အားပင်း မထင်မဆှားပြုသောအမှုဟို မျော်သော နင်လို့ရဲ့အဖဟ နင်လို့ဟို ဆုလာဘ်ပေးလိမ့်မယ်။
မနက်စောစော မိုးမလင်းခင် ယေရှုဟ အိပ်ယာမှ ထပင်း၊ သူဟ နေအိုင်ဟနေ တိတ်ဆိတ်လဲ့ နေရာဟို ထွက်သွားပင်း အဲအရပ်နှိုက် ဆုတောင်းလေအယ်။
လူအပေါင်းလို့ဟို နှုတ်ဆက်ပင်းနောက်၊ ကိုယ်တော်ဟ ဆုတောင်းရန် တောင်ပေါ်ဟို တက်လေအယ်။
တနေ့ မွန်းလွဲသုံးနာရီခန့် အချိန်နှိုက် ဘုရားသခင်ရဲ့ ခေါန်းခင်တမန် တပါးဟ သူ့နားဟို လာယွေ့ “ကော်နေလိ” ဟု ခေါ်တာဟို ရူပါရုံနှိုက် အထင်အဆှား မျော်ရအယ်။
ငါလို့တတ်တိုင်းဟ ဆုတောင်းခြင်းနဲ့ နှုတ်ကပတ်တော် ဟောပြောခြင်း အလုပ်အားဖြင့်သာ အချိန်ဟို ကုန်လွန်စေကြမယ်” ဟု ဆိုအယ်။
ဟေအရာအားလုံးကို ဆုတောင်းခြင်းဖြင့် ဘုရားရဲ့ အကူအညီဟို တောင်းကြလော့။ ဝိညာဉ်တော် လမ်းပြလဲ့အတိုင်း ဆုတောင်းကြလော့။ အေးအကျောန်းကျောန့် နိုးနိုးကြားကြားဆိလျက် အရှုံးမပေးပဲ ဘုရားသခင်ရဲ့ လူများအတွက် အမြဲ ဆုတောင်းကြလော့။
အဲကျောန့် အမျိုးသားလို့ဟ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း သဘောမဆိဘဲ အရပ်ရပ်လို့နှိုက် သန့်ဆှင်းသောလက်ဟို ချီယွေ့ ဆုတောင်းကြရန် ငါ အလိုဆိအယ်။