4 အဲပင်းရင် သူလို့ဟ အတူတကွ လာကြသောအခါ ကိုယ်တော်ဟ သူလို့ဟို “ယေရုရှလင်မြို့မှ မထွက်ခွာကြဘဲ ငါပြောလဲ့ ဆုကျေးဇူးအကျောန်းဖြစ်သော ငါ့အဖ ကတိထားလဲ့ ဆုကျေးဇူးအတွက် စောင့်မျော်နေကြလော့။
အကျောန်းမှာ အေးစကားများဟ နင်လို့ရဲ့ စကားများ မဟုတ်၊ သူလို့ဟ နင်လို့အဖ ဘုရားရဲ့ ဝိညာဉ်တော်ဟ နင်လို့အားဖြင့် လာသော စကားများ ဖြစ်လိမ့်မယ်။
နင်လို့ဟ ဆိုးသောသူများဖြစ်သော်လည်း နင်လို့ရဲ့ လူပဲ့သငယ်လို့အား အကောင်းဟို ပေးတတ်ရင်၊ ခေါန်းခင်ပေါ်မှာ ဆိလဲ့ နင်လို့ရဲ့ အဖဟ တောင်းလဲ့အရာများဟို နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပိုပင်း ပေးမယ် မဟုတ်လော” ဟု မိန့်အယ်။
အေးအချိန်နှိုက် သန့်ဆှင်းသော ဝိညာဉ်တော်ဟ စလို ပြောရမယ်ဆိုတာ နင်လို့ဟို သင်ကြားပေးလိမ့်မယ်” ဟု မိန့်အယ်။
ငါ့ ခမည်းတော် ကတိထားခဲ့လဲ့အရာဟို နင်လို့ပေါ် ငါ စေလွှတ်လိမ့်မယ်။ အဲလိုလဲ နင်လို့ဟ ခေါန်းခင်ဟ တန်ခိုးဟို မခံရသေးခင်ထိ ယေရုရှလင်မြို့မှာ ငံ့နေကြလော့” ဟု ပြောလေအယ်။
ငါဟ ခမည်းတော်ဟို တောင်းဆှောက်သဖြင့် နင်လို့နဲ့အတူ အစဉ်အမြဲဆိယွေ့ နင်လို့အား မစသော အခြားသောသူတပါးဟို ပေးလိမ့်မယ်။
“ခမည်းတော်ဆေမှ နင်လို့ဆေဟို ငါစေလွှတ်မဲ့ ကူညီမစသောသူတည်းဟူသော ခမည်းတော်ဆေမှ လာလဲ့ သမ္မာတရားရဲ့ ဝိညာဉ်တော်ဟ ရောက်လာသောအခါ ငါရဲ့အကျောန်းဟို သက်သေခံလိမ့်မယ်။
ဟေသို့မိန့်ပင်းမှ ကိုယ်တော်ဟ သူလို့အပေါ်သို့ မှုတ်သွင်းပင်း “သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူကြလော့။
ဟေအရာဟ ကိုယ်တော်ဟို ယုံကြည်သောသူလို့ ခံယူရဆိမဲ့ ဝိညာဉ်တော်ဟို ရည်ညွှန်းယွေ့ မိန့်ခြင်းဖြစ်အယ်။ ယေရှုဟ ဘုန်းအသရေ ထင်ဆှားခြင်း မဆိသေးသောကျောန့် အဲအချိန်နှိုက် ဝိညာဉ်တော်ဟို ပေးတော်မမူသေး။
အဲလိုလဲ လူအားလုံးဆေနှိုက် မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင် ကြိုတင်ခန့်ထားသော ငါလို့ဆေနှိုက်သာ ကိုယ်ထင်ဆှားပြအယ်။ ကိုယ်တော်ဟ သေသောလူလို့ထဲမှ ထမြောက်ပင်းနောက် ငါလို့ဟ ကိုယ်တော်နဲ့အတူ စားသောက်ခဲ့ကြအယ်။
ကိုယ်တော်ဟ ဘုရားသခင်ရဲ့ လက်ယာဖက်တွင် ချီးမြှင့်ခြင်း ခံပင်းနောက် ခမည်းတော် ကတိထားလဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံယူယွေ့ နင်လို့အခု တွေ့မြင် ကြားသိနေကြလဲ့ ဝိညာဉ်တော်ဟို ငါလို့ အပေါ်သို့ သွန်းလောင်းလေပီ။