Biblia Todo Logo
Bìoball air-loidhne

- Sanasan -




တမန်တော် 1:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 သူဟ “ငါ့ရဲ့ မိတ်ဆွေလို့၊ ယေရှုဟို ဖမ်းဆီးသူလို့ရဲ့ လမ်းပြဖြစ်သူ ယုဒရှကာရုတ်ဟို ရည်မှတ်ယွေ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဒါဝိဒ်မင်း စလောင်အားဖြင့် ကြိုတင်ဟောပြောထားသော ကျမ်းချက်ဟ ပြေ့စုံလာစေရန် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




တမန်တော် 1:16
38 Iomraidhean Croise  

အေးနောက် တဆယ့်နေပါးထဲမှ တပါးဖြစ်သော ယုဒရှကာရုတ်ဟ ယဇ်ပုရောဟိတ်ကြီးများ ဆေဟို သွားပင်း


ကိုယ်တော် မိန့်စဉ်နှိုက်ပင်လျှင် တဆယ့်နေပါးအဝင်ဖြစ်သူ ယုဒရှကာရုတ်ဟ ရောက်လာအယ်။ ယဇ်ပုရောဟိတ်ကြီးများနဲ့ အသက်ကြီးသူများဟ စေလွှတ်လိုက်သော ရမ်းဆာ့သော လူအစုအဝေးလို့ဟလည်း တုတ်၊ ထားကိုင်ဆောင်လျက် သူနဲ့အတူပါလာကြအယ်။


အဲလိုလဲ ဟေသို့ပြုပါမူ ကျမ်းစာလာလဲ့အတိုင်း ပစာသို့လျှင် ပြေ့စုံခြင်းဟို ရောက်နိန်လုန်း” ဟု မိန့်အယ်။


အဲလိုလဲ ဟေအမှုအရာအားလုံး ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင် ပရောဖက်များ ဟောကြားခဲ့သမျှအတိုင်း အမန်ဖြစ်လာစေရန် ဖြစ်သတည်း” ဟု မိန့်အယ်။ အေးအခါ တဘဲ့တော်အပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ယွေ့ ပြေးကြအယ်။


သန့်ဆှင်းသော ဝိညာဉ်တော်ဟ ဒါဝိဒ်အား ပြောရန် လှုံဆော်ပေးခဲ့အယ်၊ “ ‘ထာဝရဘုရားဟ ငါရဲ့ သခင်ဟို ပြောအယ် နင်ရဲ့ ရန်သူလို့ဟို နင်ရဲ့ခြေအောက်နှိုက် ငါ မချထားမှီတိုင်အောန် ငါရဲ့ လက်ယာဖက်နှိုက် ထိန်နေလော့’ ဟု ဆိုလေအယ်။


အေးလို့မျိုး ယေရှုပြောနေချိန်တွင် တဆယ့်နေပါးအဝင်ဖြစ်သော ယုဒ ရောက်ဆိလာအယ်။ သူနဲ့အတူ တုတ်၊ ထားကိုင်သူ လူအမြောက်အများပါအယ်။ အေးသူလို့ဟ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ အသက်ကြီးသူများဟ စေလွှတ်ယွေ့ ရောက်ဆိလာကြခြင်းဖြစ်အယ်။


ယေရှုဟ မိန့်စဉ် လူအုပ်ကြီး ရောက်လာသောအခါ တဘဲ့တော် ဆယ့်နေပါး အပါအဝင်ဖြစ်သော ယုဒဟ အဲသူလို့ဟို ခေါ်လာအယ်။ သူဟ ယေရှုဟို နမ်းရန် ချဉ်းကပ်လေအယ်။


ကျမ်းစာပြောလဲ့အရာများဟ အမြဲမန်ကန်ကျောန်းဟို ငါလို့ သိကြအယ်၊ ဘုရားသခင်ဟ မိမိရဲ့ တရားစကားဟို ရဆိသောလူများဟို ဘုရားများ ဟု ခေါ်အယ်။


“နင်လို့ဆိသမျှဟို ငါရည်မှတ်ယွေ့ ပြောတာ မဟုတ်၊ ငါရွေးကောက်သောသူလို့ဟို ငါ သိအယ်။ အဲလိုလဲ ကျမ်းစာချက် ပြေ့စုံစေမဲ့အကျောန်း ‘ငါရဲ့အစာဟို ဝေမျှသောသူဟ ငါ့ဟို ဆန့်ကျင်ဘက်ပြုလေ့မယ်’ ဟု ဖြစ်အယ်။


ငါဟ ဟေလောကနှိုက် သူလို့နဲ့တကွ ဆိစဉ်ကာလ၊ သူလို့ဟို ကိုယ်တော်ရဲ့ နာမနှိုက် တည်စေပီ၊ ငါ့အား ပေးသောသူလို့ဟို ငါ စောင့်မပါပီ။ အဲသူလို့တွင် ပျက်စီးခြင်းရဲ့ သားတယောက်မှတပါး စသူမျှ ပျက်စီးခြင်းသို့ မရောက်မန့်၊ အဲသူဟ ပျက်စီးခြင်းသို့ အကျောန်းဟ ကျမ်းစာပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။


ဟေသို့ဖြစ်ပျက်ရခြင်းဟ “သူရဲ့ အရိုးတချောင်းမှ မကျိုးရ” ဟု ကျမ်းစာလာချက် ပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။


“အကျောန်းမှာ ဆာလံ ပအုပ်နှိုက်၊ “ ‘သူ့ရဲ့ နေအိုင် လူသူဆိတ်ညံရာ ဖြစ်စေမန့်၊ အဲအိုင်တွင် စသူမှ မနေပါစေနဲ့။’ ‘အဲသူရဲ့ ရာထူးဟိုလည်း အခြားသူတဦး ယူပါစေ’ ဟူယွေ့ ရေးသားထားအယ်။


ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းဟို ဖတ်ရွတ်ပင်းမှ၊ တရားဇရပ် အုပ်ချုပ်ရေးမှူးဟ သူလို့ဆေ လူလွှတ်ယွေ့ “ညီအကိုလို့၊ လူလို့အတွက် တိုက်တွန်းအားပေးစကား ပြောစရာဆိရင် ပြောကြပါ” ဟု ဆိုကြအယ်။


အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ ယေရှုအားဖြင့် အပစ်များ ခွင့်လွှတ်ခြင်း အကျောန်းဟို နင်လို့အား ငါ သိစေချင်အယ်။


သူလို့ ပြောဆိုပင်းသောအခါ ယာကုပ်ဟ “ညီအကိုလို့ ငါ့စကားဟို နားထောင်ကြပါ။


အချိန်အကြာကြီး အခြေအတင် ဆွေးနွေးကြပင်းနောက် ပေတရုဟ နေရာမှ ထယွေ့ “ညီအကိုလို့၊ လူမျိုးခြားလို့ဟ ငါ့စလောင်အားဖြင့် သတင်းကောင်းနဲ့ဆိုင်သော တရားစကားဟို ကြားနာယွေ့ ယုံကြည်ကြစေရန် ဘုရားသခင်ဟ လွန်ခဲ့လဲ့အချိန်ဟ နင်လို့အထဲမှ ငါ့ဟို ရွေးကောက်ကျောန်း နင်လို့ သိကြအယ်။


ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။


လူလို့ဟ အဲစကားဟို ကြားသောအခါ သူလို့ဟ ရမ်းဆာ့ပင် စိတ်ပူပင်သောက ရောက်ကြလျက် ပေတရုနဲ့ အခြား တမန်တော်လို့အား “ညီအကိုလို့၊ ငါလို့ စလိုပြုရမလုန်း” ဟု မေးမြန်းကြအယ်။


“ညီအကိုများနဲ့ အဖလို့ အခု ငါ ပြန်ခုခံမဲ့ စကားဟို နားထောင်ကြပါ” ဟု ဆိုအယ်။


ပေါလုဟ တရားလွှတ်တော်အဖွဲ့ဟို တန်းတန်းကျေ့ပင်း “ငါ့ညီအကိုလို့ ငါဟ ခုနေ့တိုင်အောန် တသက်လုံး ဘုရားသခင် ဆေ့တော်တွင် ဩတ္တပ္ပစိတ် ကြည်လင်ပင်း ကောင်းစွာ နေထိန်ခဲ့ပါအယ်” ဟု ပြောအယ်။


ပေါလုဟ တရားရုံးထဲတွင် တဖွဲ့ဟ ဖာရိရှဲများ ဖြစ်ယွေ့ တခြားတဖွဲ့ဟ ဇဒ္ဒုကဲများ ဖြစ်ကျောန်းဟို သိမျော်သောအခါ “ငါ့ ညီအကိုလို့၊ ငါဟ ဖာရိရှဲ ဖြစ်ပင်း ဖာရိရှဲရဲ့ သားလည်း ဖြစ်အယ်။ သေသူလို့ဟ ဆှင်ပြန်ထမြောက်မယ်ဟို မျော်လင့်သူဖြစ်သဖြင့် အခု ငါဟလည်း စစ်ဆေးခံနေရခြင်း ဖြစ်အယ်” ဟု တရားရုံးဆေ့တွင် အော်ပင်းပြောဆိုအယ်။


သုံးရက်ကြာပင်းနောက် ပေါလုဟ မြို့ပေါ်ဆိ ယုဒခေါင်းဆောင်များဟို ဖိတ်ခေါ်အယ်။ အေးသူလို့ လာရောက်စုဝေးလျက် ဆိသောအခါ ပေါလုဟ “ငါ့ ညီအကိုလို့ ငါဟ မိမိအမျိုးသားလို့အားလည်းကောင်း၊ ဖိုးဖေးလို့ရဲ့ ထုံးတမ်းစလေ့များဟိုလည်းကောင်း ဆန့်ကျင်လဲ့ အမှုတစုံတရာဟိုမျှ မပြုလုပ်ခဲ့သော်လည်း ယေရုရှလင်မြို့တွင် ငါ့ဟို အကျဉ်းသားအဖြစ် ရောမအမျိုးသားလို့ရဲ့ လက်ဟို အပ်ကြအယ်။


အေးလို့ ပေါလုဟ အဲအရာများဟို ပြောဆိုပင်းနောက် အချင်းချင်းကြားနှိုက် ပြင်းထန်စွာငြင်းခုန်လျက် ထွက်သွားကြအယ်။ ပေါလုဟ “ပရောဖက် ဟေရှာယအားဖြင့် နင်လို့ ဖိုးဖေးလို့အား သန့်ဆှင်းသော ဝိညာဉ်တော် ဖော်ပြပုံမှာ ဟေလို့ဖြစ်အယ်။


သတေဖန်ဟ၊ “ညီအကိုလို့နဲ့ အဖလို့ ငါ့စကားဟို နားထောင်ကြလော့၊ ငါလို့အဖ အာဗြဟံဟ ခါရန်မြို့နှိုက် မနေခင်၊ မေသောပေါတာမိပြေတွင် ဆိခါ၊ ဘုရားသခင်ရဲ့ ဘုန်းတော်ဟ သူ့ဆေမှာ ပေါ်လာအယ်။


သူလို့ဟ ဖယ်အချိန် ဖြစ်မလဲ၊ စလို ဖြစ်လာမလဲ ဆိုတာကို ဆှာဖွေဖို့ ကြိုးစားကြအယ်။ ခရစ်တော် ခံရမယ့် ဆင်းရဲဒုက္ခများနဲ့ နောက်ဆက်တွဲဖြစ်မယ့် ဘုန်းအသရေအကျောန်းဟို ဟောကိန်းထုတ်ရာတွင် ၎င်းလို့အတွင်းနှိုက် ဆိသော ခရစ်တော်ရဲ့ ဝိညာဉ်တော် ညွှန်ပြနေလဲ့အချိန် ဖြစ်အယ်။


အကျောန်းမှာ ပရောက်ဖက်လို့ရဲ့ ဟောပြောချက်ဟ ပစာအခါမှ လူရဲ့ အလိုဆန္ဒအရ ဖြစ်ပေါ်လာတာ မဟုတ်။ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နှိုးဆော်ခြင်းဟို ခံရသောသူလို့ဟ ဘုရားသခင်ဆေမှ လာသော စကားဟို ဟောပြောကြခြင်း ဖြစ်အယ်။


အကျောန်းမှာ ဖြောင့်မတ်ခြင်းလမ်းဟို သိလျက်နဲ့ မိမိလို့ဆေ ပေးအပ်ထားလဲ့ သန့်ဆှင်းသော ပညတ်တော်ဟို ကျောခိုင်းတာထက် ၎င်းဟို မသိခဲ့ရင် သူလို့အတွက် ပိုပင်း ကောင်းအယ်။


Lean sinn:

Sanasan


Sanasan