10 ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။
လူသားဟို ပစ်မားပြောဆိုသူဟ အပစ်ဖြေလွှတ်နိန်ပေမဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပစ်မားပြောဆိုသောသူဟ အခုဖဝါ့ နောင်ဖဝါ့တွင် အပစ်ဖြေလွှတ်လိမ့်မယ် မဟုတ်။
အဲလိုလဲ ဟေအမှုအရာအားလုံး ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင် ပရောဖက်များ ဟောကြားခဲ့သမျှအတိုင်း အမန်ဖြစ်လာစေရန် ဖြစ်သတည်း” ဟု မိန့်အယ်။ အေးအခါ တဘဲ့တော်အပေါင်းလို့ဟ ကိုယ်တော်ဟို စွန့်ပစ်ယွေ့ ပြေးကြအယ်။
အေးတိုင်းတိုင်း “စသူငြမ်းငြမ်း သူ့မှာ ဆိသမျှဟို မစွန့်လောနိန်ရင် ငါ့တဘဲ့ ဖြစ်နိန်ဝူး။
“စလို အစေခံမှ သခင်နေဦးရဲ့ အစေဟို မခံနိန်၊ တဦးဟို မုန်းယွေ့ တဦးဟို ချစ်မယ်။ တဦးမှာ သစ္စာဆိယွေ့ တဦးဟို မလေးမခန့်ပြုမယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ အစေနဲ့ လောကစည်းစိမ်ရဲ့ အစေဟို မခံနိန်ကြ” ဟု သွန်သင်အယ်။
လောတရဲ့ ပေါင်အိုမဟို အောက်မေ့ကြလော့။
ပေါလုနဲ့ အပေါင်းအဖော်များဟ ပါဖုမြို့မှ သင်္ဘောလွှင့်ယွေ့ ပမ်ဖုလိပြေ ပေရဂေမြို့သို့ ရောက်ပင်း အဲမှာ မာကုဟု ခေါ်လဲ့ ယောဟန်ဟ သူလို့နဲ့ ခွဲခွာယွေ့ ယေရုရှလင်မြို့ဟို ပြန်လေအယ်။
အဲလိုလဲ ပေါလုဟ ပမ်ဖုလိပြေတွင် သူလို့ဆေမှ ထွက်ခွာသွားသောကျောန့် အမှုတော် ထမ်းဆောင်ရာသို့ သူလို့နဲ့အတူ မလိုက်ခဲ့သောသူဟို မခေါ်သွားသင့်ဟု မှတ်ယူအယ်။
သူလို့ဟ ဖြူဂိပြေနဲ့ ဂလာတိပြေလို့ဟို ဖြတ်သွားကြသောကျောန့် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား အာရှပြေနှိုက် နှုတ်ကပတ်တရားတော်ဟို ဟောပြောရန် အခွင့်ပေးတော်မမူ။
ပေါလုနဲ့ သိလလို့ဟ ခရီးဆက်ခဲ့ရာ အံဖိပေါလိမြို့နဲ့ အာပေါလောနိမြို့ဟို ဖြတ်ပင်း သက်သာလောနိကမြို့ဟို လာကြအယ်၊ အေးမြို့မှာ ယုဒတရားဇရပ် ဆိအယ်။
သက်သာလောနိတ်မြို့မှာ ဆိလဲ့သူများလို့ထက် ဗေရိမြို့မှာဆိလဲ့ လူများလို့ဟ ပိုပင်း စိတ်ထား မြင့်မြတ်ကြအယ်။ သူလို့ဟ သတင်းစကားဟို ရမ်းဆာ့ စိတ်အားထက်သန်စွာ နားထောင်ပင်း ပေါလု ပြောခဲ့လဲ့စကား မန်အယ် မမန်သိနိန်ရန် ကျမ်းစာဟို နေ့တိုင်း လေ့လာကြအယ်။
အဲလိုလဲ ဗေရိမြို့တွင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ပေါလု ဟောပြောလျက် ဆိကျောန်းဟို သက်သာလောနိတ်မြို့မှ ယုဒအမျိုးသားလို့ဟ ကြားသိကြသောအခါ အဲမြို့ဟို လာယွေ့ လူအုပ်လို့အား ဆူပူအောန် လှုံ့ဆော်ပေးကြအယ်။
အေးမှာ အချိန်အတန်ကြာ နေပင်းနောက် သူဟ ထွက်သွားယွေ့ ဂလာတိပြေ၊ ဖြူဂိပြေဟို ဆှောက်သွားပင်း တဘဲ့တော်များ အားလုံးဟို ကြံ့ခိုင်စေအယ်။
အားပေမဲ့ ငါလို့ရဲ့ ညီအကို တိတုအား မတွေ့ရသောကျောန့် ငါဟ စိတ်မသက်သာ ဖြစ်အယ်။ အဲလိုမို့ အဲမြို့ဆိ လူလို့ဟ နှုတ်ဆက်ပင်း မာကေဒေါနိပြေဟို ငါသွားခဲ့အယ်။
အားပေမဲ့ အားငယ်သောသူလို့ဟို နှစ်သိမ့်သော ဘုရားသခင်ဟ တိတု ရောက်ဆိလာခြင်းအားဖြင့် ငါလို့ဟို နှစ်သိမ့်ပေးအယ်။
နင်လို့အပေါ် ငါထားဆိသော စိတ်အားထက်သန်မှုမျိုးဟို တိတုရဲ့ စိတ်နေလုံးထဲနှိုက် ထည့်သွင်းပေးသော ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါ ချီးမွန်းအယ်။
တိတုနဲ့ ပတ်သက်ယွေ့ ပြောရရင် သူဟ ငါရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ပင်း နင်လို့အတွက် ငါနဲ့အတူ လုပ်ဆောင်သောသူ ဖြစ်အယ်၊ ငါလို့ရဲ့ အခြားညီအကိုလို့နဲ့ ပတ်သက်ယွေ့ ပြောရရင် သူလို့ဟ ခရစ်တော်ရဲ့ ဘုန်းအသရေဟူသော အသင်းတော်များရဲ့ ကိုယ်စားပြုများ ဖြစ်ကြအယ်။
အဲကျောန့် တိတုဟ အဲကျေးဇူးပြုခြင်းအမှုဟို နင်လို့တွင် အစပြုသလို ပီးပြေ့စုံလဲ့တိုင်အောန် ပြုမဲ့အကျောန်း သူ့ဟို ငါလို့ တိုက်တွန်းကြအယ်။
ငါနဲ့အတူဆိသော ယုံကြည်သူအားလုံးလို့ဟ၊ ဂလာတိပြေနှိုက်ဆိလဲ့ အသင်းတော်များဆေဟို နှုတ်ဆက်လိုက်အယ်၊
လူအပေါင်းလို့ဟ ကိုယ့်အကျိုးဟိုသာ ဆှာကြအယ်။ ယေရှု ခရစ်တော်ရဲ့ အကျိုးဟို မဆှာကြ။
အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
နင်သိဆိလဲ့အတိုင်း အာရှိပြေနှိုက်ဆိသော သူအားလုံးလို့ဟ ငါ့ဟို စွန့်ပယ်ကြပီ၊ အဲသူလို့တွင် ဖုဂေလုနဲ့ ဟေရမောဂင်လို့လည်း ပါအယ်။
ငါ့ရဲ့အမှုအတွက် ပထမအကြိမ် ချေပပြောဆိုရာတွင် စသူမျှ ငါ့ဘက်နှိုက် မနေဘဲ အားလုံးဟ ငါ့ဟို စွန့်ပစ်ကြအယ်။ အဲသူလို့ ဟေလိုပြုကြတာဟို အဲသူလို့ရဲ့ အပစ်အား ဘုရားသခင် မှတ်တော်မမူပါစေနဲ့၊
ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။ အဖဘုရားသခင်နဲ့ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
ငါ့ရဲ့ လုပ်ဖော်ဆောင်ဖက်များဖြစ်လဲ့ မာကု၊ အာရိတ္တာခု၊ ဒေမနဲ့ လုကာလို့ဟို နှုတ်ဆက်ကြအယ်။
သူလို့ဟ လမ်းဖြောင့်ဟို စွန့်ခွာယွေ့ လမ်းလွဲကာ မတရားမှုကျောန့် ရဆိသော အဖိုးအခဟို နှစ်သက်လဲ့ ဗော်သော်ရဲ့ သား ဗာလမ်ရဲ့ လမ်းစဉ်ဟို လိုက်ကြအယ်။