Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 3:3 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

3 ကြင်နာစိတ်ကင်းမဲ့သောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ကုန်းတိုက်တတ်သောသူ၊ မိမိစိတ်ဟို မချုပ်တည်းနိန်သောသူ၊ ကြမ်းကြုတ်သောသူ၊ ကောင်းသောအမှုဟို မုန်းသောသူ၊

Faic an caibideil Dèan lethbhreac




၂ တိမောသေ 3:3
31 Iomraidhean Croise  

“ညီအကိုအချင်းချင်း တယောက်နဲ့ တယောက် သေစေရန် အပ်ကြပင်း အဖလို့ဟ သူလို့ရဲ့ လူပဲ့သငယ်များ အေးတိုင်းတိုင်း ပြုကြလိမ့်မယ်၊ လူပဲ့သငယ်လို့ဟလည်း သူလို့ရဲ့ မိဘများဟို ဆန့်ကျင်ပုန်ကန်ယွေ့ သူလို့ဟို သေစေရန် ပြုကြလိမ့်မယ်။


အေးနောက် မာရ်နတ်ရဲ့ စုံစမ်းသွေးဆောင်ခြင်းဟို ခံစေမို့ ဝိညာဉ်တော်ဟ ယေရှုဟို တောကန္တာရထဲဟို ယိုးသွားအယ်။


ယေရှုဟ “နင်လို့စကားဟို နားထောင်လဲ့ စသူမဆို ငါ့စကားဟို နားထောင်အယ်၊ နင်လို့ဟို ငြင်းပယ်လဲ့ စသူမဆို ငါ့ဟို ငြင်းပယ်အယ်၊ ငါ့ဟို ငြင်းပယ်လဲ့ စသူမဆို ငါ့ဟို စေလွှတ်လဲ့သူဟို ငြင်းပယ်အယ်” ဟု တဘဲ့တော်များဟို ပြောအယ်။


ပိတ်ဆန်ဟို တပ်မက်သော ဖာရိရှဲလို့ဟ အေးစကားများဟို ကြားသောအခါ ကိုယ်တော်ဟို ကဲ့ရဲ့လှောင်ပြောင်ကြအယ်။


ယေရှုဟ “ငါဟ တဆယ့်နေပါးသော နင်လို့ဟို ရွေးချယ်တာ မဟုတ်လော၊ အဲလိုလဲ နင်လို့ထဲမှ တဦးဟ နတ်ဆိုး ဖြစ်အယ်” ဟု ပြန်ပြောအယ်။


သူလို့ဟ အမျိုးမျိုးသော ဆိုးယုတ်မိုက်မဲခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်စားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း စလဲ့ အပစ်များဟို ကျူးလွန်ကြအယ်။ သူလို့ဟ အတင်းတုတ်ကြအယ်၊


အသိတရား မဆိကြ၊ သူလို့ဟ ကတိမတည်ကြ၊ သူလို့ဟ သနားကြင်နာစိတ် မဆိကြ။


နင်လို့ဟ ဆုတောင်းခြင်းအတွက် အချိန်ပေးရန် ကြိုတင် သဘောတူညီချက်အရ ခဏငံ့ခြင်းမှ တပါး မိမိလို့ရဲ့ လင်မယားဝတ်များဟို မပျက်မကွက်ကြစေနဲ့။ အဲပင်းရင် ပုံမန်တိုင်း လင်မယားဝတ်ဟို ပြန်လည်စတင်မန့်။ ဟေနည်းအားဖြင့် မိမိလို့ရဲ့ စိတ်ဟို ချုပ်တည်းနိန်လျက် စာတန် စုံစမ်းသွေးဆောင်ခြင်းဟို ခံနိန်လိမ့်မယ်။


အားပေမဲ့ နင်လို့ရဲ့ စိတ်ဟို မချုပ်တည်းနိန်ရင် အိုင်ထောင်ပြုသင့်အယ်။ ကိလေသာစိတ် ပူလောင်ခြင်း ဆိတာထက် အိုင်ထောင်ပြုခြင်းဟ ပိုပင်း ကောင်းအယ်။


အေးကျောန့် ဟေသင်ကြားခြင်းဟို ငြင်းပယ်သောသူဟ လူသားဟို ငြင်းပယ်တာ မဟုတ်ဘဲ၊ နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပေးသော ဘုရားသခင်ဟို ငြင်းပယ်အယ်။


အဲတိုင်းတိုင်း သူလို့ရဲ့ ပေါင်အိုမလို့ဟလည်း တည်ကြည်လေးနက်သောသူများ ဖြစ်ရမယ်၊ ကုန်းချောတတ်သောသူ မဟုတ်ဘဲ သမ္မာသတိဆိသောသူ၊ ခပ်သိမ်းသောအရာလို့နှိုက် သစ္စာဆိသောသူ ဖြစ်ရမယ်။


ဧည့်ဝတ်ကျေပွန်သောသူ၊ ကောင်းသောအရာဟို နှစ်သက်သောသူ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိန်သောသူ၊ ဖြောင့်မတ်သောသူ၊ သန့်ဆှင်းသောသူနဲ့ စည်းကမ်းဆိသောသူ ဖြစ်ရမယ်။


အေးနည်းတူ အသက်ကြီးသော မိန်းမလို့အား ဓမ္မနဲ့ ထိုက်တန်သောသူများလိုမျိုး ပြုမူလျက် ကုန်းချောတတ်သောသူ၊ စပျစ်ဝိုင်ရဲ့ ကျေးကျွန်ဖြစ်သောသူ မဟုတ်ဘဲ ကောင်းမြတ်သောအရာဟို သင်ပေးသောသူများ ဖြစ်ကြရန် သွန်သင်လော့။


အားပေမဲ့ နင်လို့ဟ ဆင်းရဲသောသူလို့ဟို မထီမဲ့မြင် ပြုကြအယ်။ ချမ်းသာသောသူလို့ဟ နင်လို့ဟို ညှဉ်းဆဲနှိပ်စက်ကြတာ မဟုတ်လော။ သူလို့ဟ နင်လို့အား တရားရုံးဟို ဆွဲခေါ်သွားကြတာ မဟုတ်လော။


သူလို့ရဲ့ မျက်စေ့ဟ ဖောက်ပြန်လိုသော ဆန္ဒနဲ့ ပြေ့ယွေ့ အပစ်လုပ်ရာမှ တော်ခြင်း မဆိကြ။ သူလို့ဟ စိတ်မတည်ကြည်သော သူလို့ဟို လှည့်စားဆွဲဆောင်လျက် လောဘလွန်ကျုးခြင်းနှိုက် ကျင့်သားရသော စိတ်နေလုံး ဆိယွေ့ ကျိန်ဆဲခြင်းရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။


သူလို့ဟ အေးသူလို့အား လွတ်လပ်မှုဟို ပေးမယ်လို့ ကတိပေးလျက်နဲ့ သူလို့တတ်တိုင်းဟ ပျက်စီးခြင်းရဲ့ ကျေးကျွန်များ ဖြစ်ကြအယ်။ အကျောန်းမှာ လူဟ တစုံတခုရဲ့ အနိန်ယူ စိုးမိုးခြင်းဟို ခံရရင် အေးအရာရဲ့ ကျေးကျွန် ဖြစ်အယ်။


ပထမဦးစွာ နင်လို့ သိထားရမယ့်အချက်မှာ ပြက်ရယ်ပြုတတ်သော သူလို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ပြုရယ်ပြုလျက်ပေါ်လာယွေ့ မိမိလို့ရဲ့ တပ်မက်ခြင်းများအတိုင်း ဆှောက်လမ်းကာ၊


သူလို့ဟ ညည်းညူးတတ်သောသူ၊ သူတပါးရဲ့အပစ်ဟို ဆှာတတ်သောသူ ဖြစ်ကြပင်း မိမိလို့ရဲ့ တပ်မက်ခြင်းအတိုင်း ဆှောက်လှမ်းနေကြအယ်။ သူလို့ရဲ့ နှုတ်ဟလည်း ချဲ့ထွင်ဝါကြွား ပြောဆိုတတ်ယွေ့ ကိုယ်ကျိုးအတွက် လူလို့ဟို မြှောက်ပင့်တတ်ကြအယ်။


သူလို့ဟ “နောက်ဆုံးသော ကာလနှိုက် မိမိလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ဆိုင်သော တပ်မက်ခြင်းများအတိုင်း ဆှောက်လှမ်းလဲ့ ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မယ်” ဟု နင်လို့အား ပြောထားခဲ့ကြအယ်။


သားရဲရဲ့ ရုပ်တုဟ စကားပြောနိန်ရန်နဲ့ သားရဲရဲ့ ရုပ်တုဟို မကိုးကွယ်သောသူ ဆိသမျှလို့ဟို သတ်ဖြတ်စေရန် ဒုတိယ သားရဲရဲ့ ရုပ်တုအား အသက်သွင်းပေးနိန်သော အခွင့်ဟို ရဆိလေအယ်။


အဲတံဆိပ်လက်မှတ် တည်းဟူသော သားရဲရဲ့ နာမ ဖြစ်စေ၊ နာမရဲ့ အရေအတွက် ဖြစ်စေ၊ တခုခုဟို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှာ လည်းကောင်း စီရင်အယ်။


အကျောန်းမှာ အဲသူလို့ဟ သန့်ဆှင်းသူများနဲ့ ပရောဖက်များရဲ့ အသွေးဟို သွန်းခဲ့ကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟ အဲအသွေးလို့ဟို သူလို့အား သောက်ရန် ပေးပီ။ သူလို့ဟ အဲလိုခံရရန် ထိုက်တန်ပေအယ်” ဟု ဆိုတာဟို ငါ ကြားရအယ်။


အဲမိန်းမဟ သန့်ဆှင်းသူလို့ရဲ့ အသွေးနဲ့ ယေရှုရဲ့ သက်သေခံများရဲ့ အသွေးလို့ဖြင့် ယစ်မူးနေတာဟို ငါ မျော်အယ်။ ငါဟ သူ့ဟို မျော်ရသောအခါ ရမ်းဆာ့ အံ့ဩမိအယ်။


Lean sinn:

Sanasan


Sanasan