17 ဟေအရာမှာ ဘုရားသခင်ရဲ့ လူဟ ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်း ခံရလျက် ပြေ့ဝစုံလင်သောသူဖြစ်မဲ့အကျောန်း ဖြစ်အယ်။
ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသော တဗိသ နာမယ်ဆိသော တဘဲ့တော်မ တယောက် ဆိအယ်။ သူမရဲ့ နာမယ်မှာ ဟေလသစကားအရ “ဒရယ်” ဟု အနက်ရလေအယ်။ သူဟ ဆင်းရဲသောသူအား ကောင်းမှုနဲ့ စွန့်ကြဲပေးကမ်းမှုဟို အမြဲပြုတတ်အယ်။
နင်လို့ဟ အရာရာနှိုက် အစဉ်အမြဲ ကျေနပ်တင်းတိမ်မှု အပြေ့ဝဆိယွေ့ ကောင်းသောအမှုဆိသမျှလို့နဲ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း ဘုရားသခင်ဟ အလုံးစုံသော ကျေးဇူးတော်ဟို နင်လို့အပေါ် ကြွယ်ဝစွာ ချပေးရန် တတ်နိန်အယ်။
ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။
အို ဘုရားသခင်ရဲ့ လူ၊ နင်ဟ အဲအရာများဟို ဆှောင်ကြဉ်လော့။ ဖြောင့်မတ်ခြင်း၊ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းလို့ဟို မှီအောန်လိုက်လော့။
အဲလိုမို့ အထက်ဆိုခဲ့ပင်းသော အကျင့်လို့ဟို ပယ်ယွေ့ မိမိတတ်တိုင်း စင်ကြယ်စေသောသူဟ အသရေဆိသော တန်ဆာ၊ သန့်ဆှင်းယွေ့ အိုင်ဆှင် သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသောအမှုများအတွက် ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မယ်။
သူလို့ဟ ဘုရားသခင်ဟို သိကြအယ်ဟု ဝန်ခံကြသော်လည်း သူလို့ပြုသော အမှုများအားဖြင့် ဘုရားသခင်ဟို ငြင်းပယ်ကြအယ်။ သူလို့ဟ စက်ဆုပ်ဖွယ်ကောင်းသောသူ၊ နာခံခြင်း မဆိသောသူ၊ ကောင်းသောအမှု ဆိသမျှနဲ့ မထိုက်တန်သောသူများ ဖြစ်ကြအယ်။
ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။
အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဟို နားထောင်လျက် အေးသူလို့ရဲ့ စကားဟို နားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှု ဖယ်နည်းလမ်းနဲ့မဆို ပြုလုပ်ဖို့ အဆင်သင့်ဆိရန် ယုံကြည်သူလို့အား သတိပေးလော့။
အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။
ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။