1 နောက်ဆုံးသော ကာလလို့နှိုက် ခဲယဉ်းသော အချိန်ကာလများ ကျရောက်မယ်ဖြစ်ကျောန်း သိမှတ်လော့။
လူလို့ဟ မန်ကန်လဲ့ ဩဝါဒဟို နားမထောင်ဘဲ ကိုယ့်အလိုဆန္ဒများဟို လိုက်ယွေ့ မိမိလို့ ကြားနာလိုလဲ့ စကားများ ပြောဆိုမဲ့ ဆရာလို့ဟို ဆှာဖွေကြမဲ့ အချိန်ကာလ ရောက်လိမ့်မယ်။
ပထမဦးစွာ နင်လို့ သိထားရမယ့်အချက်မှာ ပြက်ရယ်ပြုတတ်သော သူလို့ဟ နောက်ဆုံးသော နေ့ရက်ကာလနှိုက် ပြုရယ်ပြုလျက်ပေါ်လာယွေ့ မိမိလို့ရဲ့ တပ်မက်ခြင်းများအတိုင်း ဆှောက်လမ်းကာ၊
လူပဲ့သငယ်လို့၊ အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူ ပေါ်ပေါက်လာမယ် ဖြစ်သောကျောန်းဟို နင်လို့ ကြားသိခဲ့ကြအယ်။ အခုပင် ခရစ်တော်ရဲ့ ရန်သူအများအပြား ပေါ်ပေါက်လျက် ဆိလေပီ၊ အဲကျောန့် အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်တာဟို ငါလို့ သိကြအယ်။
အဲလိုလဲ ချစ်လှစွာသော သူလို့ နင်လို့ဟ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ တမန်တော်များ ကြိုတင်ပြောထားခဲ့သော စကားလို့ဟို သတိရကြလော့။
သူလို့ဟ “နောက်ဆုံးသော ကာလနှိုက် မိမိလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ဆိုင်သော တပ်မက်ခြင်းများအတိုင်း ဆှောက်လှမ်းလဲ့ ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မယ်” ဟု နင်လို့အား ပြောထားခဲ့ကြအယ်။