7 ငါပြောဆိုသောအရာဟို ဆင်ခြင်လော့၊ ပစာကို့ အဲအရာဟို နားလည်စေရန် သခင်ဘုရားဟ နင့်အား ကူညီလိမ့်မယ်။
ပစာကို့ နင့်ရန်သူအပေါင်းလို့ဟ မငြင်းခုံ အဲဟာမဟုတ်ရင် မဟန့်တားနိန်သော နှုတ်သတ္တိနဲ့ ဉာဏ်သတ္တိဟို ငါပေးလိမ့်မယ်။
အဲပင်းရင် ကိုယ်တော်ဟ ကျမ်းစာတော်ဟို နားလည်ကြစေရန် သူလို့အသိဉာဏ်ဟို ဖွင့်ပေးလေအယ်။
ယေရှုဟ သူရဲ့ တဘဲ့တော်များဟို “ငါပြောခဲ့လဲ့ အကျောန်းအရာဟို မမေ့ကြနဲ့၊ လူသားဟ လူလို့ရဲ့ လက်ထဲဟို အပ်တဲ့အချိန် ရောက်လာပီ” ဟု ပြောအယ်။
ခမည်းတော်ဟ ငါ့နာမကျောန့် စေလွှတ်လဲ့ မစသောသူတည်းဟူသော သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်လို့အား ခပ်သိမ်းသောအရာလို့ဟို သွန်သင်ပေးယွေ့ ငါပြောခဲ့သမျှသောအရာလို့ဟို နင်လို့အား ပြန်လည် သတိရစေလိမ့်မယ်။
အဲလိုလဲ သမ္မာတရားရဲ့ ဝိညာဉ်တော် ရောက်လာသောအခါ သမ္မာတရား အလုံးစုံထဲဟို နင်လို့ဟို ရိုးသွားလိမ့်မယ်။ အဲဝိညာဉ်တော်ဟ ကိုယ်အလိုအလျောက် ဟောပြောတာ မဟုတ်၊ မိမိကြားသိရလဲ့အရာလို့ဟို နင်လို့အား ပြောလိမ့်မယ်၊ နောက်ဖြစ်လာမဲ့အရာလို့ဟိုလည်း နင်လို့အား ဖော်ပြလိမ့်မယ်။
သူ့အား ဒုက္ခဆင်းရဲအပေါင်းမှ ကယ်နုတ်အယ်။ ဘုရားသခင်ဟ ယောသပ်အား ဉာဏ်ပညာဟို ပေးလျက် အဲဂုတ္တု ဖာရောဘုရင်ရဲ့ ဆေ့တော်တွင် မျက်နှာရစေအယ်။ ဘုရင်ဟ သူ့ဟို အဲဂုတ္တုဘုရင်ခံ အဖြစ်ဖြင့်လည်းကောင်း၊ နန်းတော်အုပ်အရာဖြင့် လည်းကောင်း ခန့်ထားအယ်။
ပစာသို့နည်း ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားဟို ပေးအယ်။ အဲဝိညာဉ်တော်အားဖြင့် အခြားတယောက်အား ထိုးထွင်းခြင်း တရားဟို ပေးအယ်။
နောက်ဆုံးအနေဖြင့် ညီအကို မောင်နှမလို့၊ မန်ကန်သောအရာ၊ မွန်မြတ်သောအရာ၊ လျောက်ပတ်သောအရာ၊ ဖြူစင်သောအရာ၊ နှစ်သက်ဖွယ်သောအရာနဲ့ အသရေဆိသောအရာ တည်းဟူသော ကောင်းမြတ်သောအရာနဲ့ ချီးမွန်းဖွယ်သောအရာလို့ဖြင့် စိတ်နေလုံးဟို ပြေ့စေကြလော့။
အဲအကျောန်းကျောန့် နင်လို့ရဲ့ သတင်းဟို ကြားရလဲ့နေ့မှစယွေ့ ငါလို့ဟ နင်လို့အတွက် အစဉ်မပြတ် ဆုတောင်းလျက် နေအယ်။ နင်လို့ဟ ဝိညာဉ်တော် ချပေးသော ဉာဏ်ပညာ၊ သိနားလည်မှု အလုံးစုံလို့နဲ့ ပြေ့စုံသဖြင့် ဘုရားသခင်ရဲ့ အလိုတော်ဟို ကောင်းစွာ သိဆိကြစေရန် ဘုရားသခင်အား ငါလို့ ဆုတောင်းကြအယ်။
နင်ရဲ့ တိုးပွားမှုဟ လူအပေါင်းလို့ဆေ့နှိုက် ထင်ဆှားရန် အဲအမှုအရာလို့ဟို ကြိုးစားအားထုတ်ယွေ့ ဟေအရာလို့နှိုက် မိမိတတ်တိုင်း နှစ်မြှုပ်ထားလော့။
ပင်ပန်းစွာ အလုပ်လုပ်ခဲ့သော လယ်သမားဟ သီးနှံဟို ဦးရင် ခံစားရသင့်အယ်။
ငါဟောပြောသော သတင်းကောင်းအရ ဒါဝိဒ်မင်းမှ ဆင်းသက်ယွေ့ သေခြင်းမှ ဆှင်ပြန်ထမြောက်သော ယေရှု ခရစ်တော်ဟို သတိရလော့။
အဲကျောန့် နင်လို့ဟ စိတ်ပင်ပန်းနွမ်းနယ်ယွေ့ စိတ်ပျက်ခြင်း မဆိစေရန် အပစ်သားလို့ရဲ့ အဲလို ဆန့်ကျင်မှုဟို သည်းခံသောသူဟို အောက်မေ့ ဆင်ခြင်ကြလော့။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟို နင်လို့အား ဟောပြောခဲ့လဲ့ နင်လို့ရဲ့ ခေါင်းဆောင်များဟို သတိရကြလော့။ သူလို့ရဲ့ အသက်ဆှင် နေထိန်မှုမှ ပေါ်ထွက်လာလဲ့ အကျိုးတရားဟို ကျေ့ရှုဆင်ခြင်လျက် သူလို့ရဲ့ ယုံကြည်ခြင်းဟို အတုယူကြလော့။
အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။
ငါလို့ လူမျိုးလို့ရဲ့ ထင်ဆှားသော ဖိုးဖေး အာဗြဟံဟ စစ်ပွဲမှ မိမိသိမ်းယူရဆိခဲ့လဲ့ ဥစ္စာပစ္စည်းများရဲ့ ဆယ်ဖို့တဖို့ဟို မေလခိဇေဒက်အား ပေးလှူခဲ့တာဖြစ်ရာ ဟေလို ပေးလှူခြင်း ခံရသူဟ စလောက် ကြီးမြတ်မယ်ဟို ဆင်ခြင်ကြလော့။
နင်လို့ထဲတွင် ဉာဏ်ပညာ လိုအပ်သောသူဆိရင် ကဲ့ရဲ့ပစ်တင်ခြင်းဟို မပြုဘဲ ခပ်သိမ်းသောသူလို့အား ရက်ရောစွာ ပေးသော ဘုရားသခင်ဆေ တောင်းဆှောက်စေ၊ အဲလိုတောင်းရင် ရလိမ့်မယ်။
အဲလိုသော ပညာဟ အထက်အရပ်မှ လာတာ မဟုတ်ဘဲ လောကနဲ့ လည်းကောင်း၊ ဇာတိနဲ့ လည်းကောင်း၊ နတ်ဆိုးလို့နဲ့ လည်းကောင်း စပ်ဆိုင်အယ်။
အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။
ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။