18 သူလို့ဟ သမ္မာတရားလမ်းမှ လွဲသွားလျက် သေလွန်သောသူလို့ဟ ဆှင်ပြန်ထမြောက်ပီဟု ဆိုလျက် လူအချို့လို့ရဲ့ ယုံကြည်ခြင်းဟို မှောက်လှန်တတ်ကြအယ်။
ယေရှုဟ “ခေါန်းခင်ဘုံဆှင် ငါရဲ့ အဖ စိုက်ပျိုးတော်မမူလဲ့ အပင်ဆိသမျှဟ အမြစ်ပါမကျန် နုတ်လောခြင်းဟို ခံရလိမ့်မယ်။
ယေရှုဟ “နင်လို့သည် ကျမ်းစာ အဲဟာမဟုတ်ရင် ဘုရားသခင်ရဲ့ တန်ခိုးတော်ဟိုလည်း မသိကြယွေ့ အယူလွဲလျက် နေကြအယ်။
ကျောက်မြေတွင် ကျသောအစေ့ဟ သတင်းစကားဟို ကြားသောအခါ ဝမ်းသာစွာနဲ့ လက်ခံသူများ ဖြစ်ကြအယ်။ အဲလိုလဲ သူလို့ စိတ်နေလုံးတွင် အမြစ်မစွဲ၊ ခဏသာ ယုံကြည်ပင်း စုံစမ်းခြင်း အချိန်ရောက်လာသောအခါ သူလို့ဟ ဖောက်ပြန်သူများ ဖြစ်ကြအယ်။
အဲလိုလဲ ဘုရားသခင်ဆေမှ ဖြစ်ရင် အဲသူလို့ မတားဆီးနိန်လဲ့အပြင် နင်လို့ဟ ဘုရားသခင်ဟို ဆန့်ကျင်သူများ ဖြစ်သွားနိန်အယ်” ဟု ဆိုအယ်။ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ ဂါမလျေလရဲ့ အကြံပေးချက်ဟို လက်ခံကြအယ်။
နင်လို့တွင် စိတ်ဝမ်းကွဲပြားမှုဟ ဆိတာ မန်အယ်။ အဲလိုမို့ အမန်ဘက်တွင် ဆိသောသူများဟို ပေါ်လွင် ထင်ဆှားစေမယ်။
ခရစ်တော်ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ကျောန်းဟို ငါလို့ ဟောပြောလျက် ဆိတာ ဖြစ်ရာ ပစာကျောန့် နင်လို့တွင် အချို့သောသူလို့ဟ “သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိ” ဟု ပြောဆိုကြလုန်း။
နင်လို့ဟ ခရစ်တော်နဲ့အတူ သေခြင်းမှ ဆှင်ပြန်ထမြောက်ကြပီ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ခရစ်တော် ထိန်လျက်နေရာ ခေါန်းခင်ဘုံနှိုက် ဆိသောအရာလို့ဟို နင်လို့ စိတ်နေလုံးနှိုက် တောင့်တကြလော့။
အချို့သောသူလို့ဟ အဲကောင်းသော အသိစိတ်ဟို ပစ်လောကြလဲ့အတွက် ယုံကြည်ခြင်းအရာနှိုက် ပျက်စီးဆုံးရှုံးမှုဟို ခံရကြပီ။
အကျောန်းမှာ ငွေဟို တပ်မက်ခြင်းဟ မကောင်းမှုအလုံးစုံလို့ရဲ့ အရင်းအမြစ် ဖြစ်အယ်။ လူအချို့လို့ဟ ငွေဟို ရမ်းဆာ့တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွားယွေ့ ရမ်းဆာ့သော ပူပန်ခြင်း ဝေဒနာဖြင့် မိမိတတ်တိုင်း ထိုးဖောက်နာကျင်စေကြပီ။
အဲသိပ္ပံအတတ်ဟို လူအချို့လို့ဟ ဝန်ခံပြုစုသောအားဖြင့် ယုံကြည်ခြင်း လမ်းမှ လွဲကြပီ။ နင်လို့အပေါင်းဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရမန့်စေ။
ဟေအကျောန်းအရာများဟို သူလို့အား သတိပေး နှိုးဆော်လော့၊ စလိုအကျိုးမျှ မဆိဘဲ ကြားနာသောသူလို့ဟို ပျက်စီးစေလဲ့ စကားလုံး အသုံးအနှုန်းအပေါ် ငြင်းခုံခြင်းဟို မပြုကြရန် ဘုရားသခင် ဆေ့နှိုက် သူလို့ဟို အလေးအနက် တိုက်တွန်းလော့။
အေးသူလို့ဟ တိတ်တိတ်နေရမယ်။ ပစာကို့ သူလို့ဟ မသန့်ဆှင်းသော အကျိုးစီးပွားအတွက် မသွန်သင်သင့်သော အရာများဟို သွန်သင်လျက် မိသားစုများဟို အစုလိုက် ကမောက်ကမ ဖြစ်စေကြသောကျောန့် ဖြစ်အယ်။
အဲလိုမို့ အဲမျိုးဆက်ဟို ငါအမျက်ထွက်ပင်း သူလို့ဟ စိတ်နေလုံးထဲနှိုက် အစဉ်လမ်းလွဲယွေ့ ငါရဲ့ လမ်းဟို မသိကြ” ဟု ငါ ဆိုအယ်။
ညီအကို မောင်နှမလို့၊ နင်လို့တွင် တစုံတယောက်သောသူဟ သမ္မာတရားလမ်းမှ လွဲသွားယွေ့ တစုံတဦးဟ သူ့ဟို ပြန်လည်ခေါ်ဆောင်လာရင်
အဲသူလို့ဟ ငါလို့ဆေမှ ထွက်သွားကြအယ်။ အဲသူလို့ဟ ငါလို့နဲ့ စပ်ဆိုင်သူ မဟုတ်၊ ငါလို့နဲ့ စပ်ဆိုင်သူမန်ရင် ငါလို့နဲ့အတူ နေခဲ့ကြလိမ့်မယ်။ အားပေမဲ့ သူလို့ ထွက်သွားကြတာမှာ သူလို့အားလုံး ငါလို့နဲ့ စပ်ဆိုင်သူမဟုတ်ကျောန်း ပေါ်လွင်ထင်ဆှားစေရန် ဖြစ်အယ်။