16 တရားမဲ့ဖြစ်သော အလကားကားစကားဟို ဆှောင်လော့၊ အကျောန်းမှာ အဲစကားဟ မတရားသောအမှုလို့ဟို ပွားများစေလိမ့်မယ်။
အလွဲမယူကြနဲ့။ “မကောင်းသောသူလို့နဲ့ အပေါင်းဖော်အားဖြင့် ကောင်းသောအကျင့်များ ယိုယွင်းတတ်အယ်။”
နင်လို့ရဲ့ ဝါကြွားခြင်းဟ ကောင်းတာ မဟုတ်။ “ကတစ်ဆိသော တဆေးဟ မုန့်စိမ်းတပုံးလုံးဟို ဖောင်းကြွစေတတ်တာဟို မသိကြသလော။”
ပညတ်တရားဟ ဖြောင့်မတ်သောသူအတွက် ဆိတာမဟုတ်ဘဲ တရားမဲ့သောသူများနဲ့ နာခံမှုမဆိသောသူများ၊ ဘုရားတရားမဲ့သောသူများနဲ့ အပစ်သားများ၊ မသန့်ဆှင်းသောသူများနဲ့ ဘုရားတရားဟို မထီမဲ့မြင်ပြုသောသူများ၊ အဖဟို သတ်သောသူများနဲ့ အမေ့ဟို သတ်သောသူများ၊ လူသတ်သမားများ၊
အားပေမဲ့ ဘုရားတရားနဲ့ မဆိုင်လဲ့ အနှစ်သာရကင်းမဲ့သော ဒဏ္ဍာရီများဟို ဆှောင်လော့။ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းအတွက် နင့်တတ်တိုင်း လေ့ကျင့်ပေးလော့။
အို တိမောသေ၊ နင်နှိုက် အပ်ထားလဲ့အရာဟို စောင့်ဆှောက်လော့။ တရားမဲ့ဖြစ်သော အလကားကား စကားပြောခြင်းနဲ့ သိပ္ပံအတတ်ဟု အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းလို့ဟို ဆှောင်လော့၊
ဟေအကျောန်းအရာများဟို သူလို့အား သတိပေး နှိုးဆော်လော့၊ စလိုအကျိုးမျှ မဆိဘဲ ကြားနာသောသူလို့ဟို ပျက်စီးစေလဲ့ စကားလုံး အသုံးအနှုန်းအပေါ် ငြင်းခုံခြင်းဟို မပြုကြရန် ဘုရားသခင် ဆေ့နှိုက် သူလို့ဟို အလေးအနက် တိုက်တွန်းလော့။
အဲလိုမို့ အထက်ဆိုခဲ့ပင်းသော အကျင့်လို့ဟို ပယ်ယွေ့ မိမိတတ်တိုင်း စင်ကြယ်စေသောသူဟ အသရေဆိသော တန်ဆာ၊ သန့်ဆှင်းယွေ့ အိုင်ဆှင် သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသောအမှုများအတွက် ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မယ်။
ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။
အေးသူလို့ဟ တိတ်တိတ်နေရမယ်။ ပစာကို့ သူလို့ဟ မသန့်ဆှင်းသော အကျိုးစီးပွားအတွက် မသွန်သင်သင့်သော အရာများဟို သွန်သင်လျက် မိသားစုများဟို အစုလိုက် ကမောက်ကမ ဖြစ်စေကြသောကျောန့် ဖြစ်အယ်။
အေးလိုမို့ ယုဒလူမျိုးရဲ့ ဒဏ္ဍာရီများနဲ့ သမ္မာတရားဟို ပယ်သောသူလို့ရဲ့ ပညတ်ချက်များအပေါ် အာရုံမစိုက်ဘဲ ယုံကြည်ခြင်းအရာနှိုက် မန်ကန်ပြေ့စုံမှုဆိရန် သူလို့ဟို ပြင်းထန်စွာ ဆိုဆုံးမလော့။
အဲလိုလဲ မိုက်မဲသော ငြင်းခုန်မှုများ၊ ဆွေစဉ်မျိုးဆက်စာရင်းများ၊ ပဋိပက္ခဖြစ်ခြင်းနဲ့ ပညတ်တရားကျောန့် ရန်ဖြစ်ခြင်းလို့ဟို ဆှောင်ကြလော့။ ပစာကို့ အေးအရာလို့ဟ အကျိုးမဲ့ယွေ့ အလကားကား ဖြစ်ကြအယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို စသူမျှ မငြင်းပယ်စေနဲ့၊ မြစ်ခါးပင်ဟ မိမိရဲ့ အဆိပ်ဖြင့် လူအများအား ဒုက္ခပေးတတ်အယ်၊ စသူမျှ အဲအပင်လို မဖြစ်စေနဲ့။
အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။
ရမ်းဆာ့သော လူလို့ဟလည်း အေးသူလို့ရဲ့ ကာမဂုဏ်လိုက်စားခြင်း နောက်ဟို လိုက်သဖြင့် သမ္မာတရားလမ်းဟ အေးသူလို့ကျောန့် စော်ကားပြောဆိုခြင်း ခံရလိမ့်မယ်။
သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။
အဲသားရဲရဲ့ ခေါင်းတလုံးဟ သေအောန် သတ်ဖြတ်ခြင်း ခံရသလိုဖြစ်သော်လည်း အဲသေစေသော ဒဏ်ရာဟ ပျောက်ကင်းသွားလေအယ်။ အဲအခါ တကမ္ဘာလုံးဟ အံ့ဩလျက် အဲသားရဲနောက်ဟို လိုက်ကြအယ်။