Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 2:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 2:12
29 Iomraidhean Croise  

အဲလိုလဲ ငါ့ဟို လူလို့ဆေ့တွင် ငြင်းပယ်သူ စသူမဆို ခေါန်းခင်ဘုံနှိုက် ဆိသော ငါ့အဖရဲ့ ဆေ့တွင် ငါ ငြင်းပယ်မယ်။


ပေတရုဟ “ငါသည် ကိုယ်တော်နဲ့အတူပင် သေရရင် ကိုယ်တော်ဟို မငြင်းပါ” ဟု ဆှောက်ထားအယ်။ အခြားတဘဲ့တော်လို့ဟလည်း ဟေအတိုင်း ဆှောက်ထားကြအယ်။


အေးအခါ “ကြက်မတွန်မီ နင့်ဟ ငါ့အား မသိဟု သုံးကြိမ်မြောက်အောန် ငြင်းဆိုလိမ့်မယ်” ဟု ယေရှု မိန့်ခဲ့လဲ့ စကားဟို ပေတရု ပြန်လည်သတိရသဖြင့် အပြင်ဟို ထွက်ယွေ့ ရမ်းဆာ့ ငိုကလေအယ်။


ကိုယ်တော်ဟ “နားထောင်ကြလော့၊ ငါလို့ဟ ယေရုရှလင်မြို့သို့ သွားနေကြအယ် အဲနေရာတွင် လူသားအား ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာလို့ရဲ့ လက်သို့ အပ်နှံကြလိမ့်မယ်။ သူလို့ဟ လူသားဟို သေဒဏ်စီရင်ပင်း တပါးအမျိုးသားလို့ရဲ့ လက်ဟို အပ်နှံကြလိမ့်မယ်။


ဟေဘုရားတရားမဲ့နဲ့ ဆိုးသွမ်းသောနေ့နှိုက် နင်ဟ ငါနဲ့ ငါ့သွန်သင်ချက်ဟို ဆှက်ရင်၊ သန့်ဆှင်းသော ခေါန်းခင်တမန်လို့နဲ့အတူ ခမည်းတော်ဟ ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ လူသားဟ နင်လို့ဟို ဆှက်လိမ့်မယ်။”


အဲလိုလဲ လူများလို့ဆေ့မှာ ငါ့ဟို ငြင်းပယ်ရင် လူသားဟလည်း ဘုရားသခင်ရဲ့ ခေါန်းခင်တမန်များဆေ့မှာ သူလို့ဟို ငါ ငြင်းပယ်မယ်။


ခမည်းတော်ဟ ငါ့အား အုပ်စိုးခွင့် အပ်လဲ့နည်းတူ ငါဟလည်း နင်လို့အား အုပ်စိုးခွင့်ဟို ပေးလိမ့်မယ်။


နင်လို့ဟ ငါရဲ့ နိုင်ငံတော်တွင် ငါရဲ့ စားပွဲနှိုက် စားသောက်ကြရလိမ့်မယ်။ ပင်းနောက် ပလ္လင်များပေါ်မှာ ထိန်လျက် ဣသရေလ တဆယ့်နေမျိုးလို့အား အုပ်ချုပ်ရကြလိမ့်မယ်” ဟု ပြောလေအယ်။


တစုံတယောက်ဟ ငါနဲ့ ငါ့ရဲ့ သင်ကြားမှုကျောန့် ဆှက်ရင် လူသားဟ မိမိရဲ့ ဘုန်း၊ အဖရဲ့ ဘုန်း၊ သန့်ဆှင်းသော ခေါန်းခင်တမန်များရဲ့ ဘုန်းနဲ့ ပြန်လာသောအခါ အေးသူဟို ဆှက်မယ်။


တဘဲ့တော်လို့ရဲ့ စိတ်နေလုံးဟို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်းနှိုက် ဆက်ယွေ့ တည်နေကြရန် ခွန်အားပေးကြအယ်။ သူလို့ဟ “ငါလို့သည် ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ ဝင်ရန် ရမ်းဆာ့ ဆင်းရဲဒုက္ခများ ဖြတ်သန်းရမယ်” ဟု ဆိုအယ်။


အမန်မှာ လူတဦးရဲ့ အပစ်ကျောန့် သေခြင်းတရား စတင်အစိုးရခဲ့ခြင်းမှာ အဲလူတဦးကျောန့် ဖြစ်အယ်။ အဲလိုလဲ လူတဦးဖြစ်သူ ယေရှု ခရစ် လုပ်ဆောင်ခဲ့သော အရာများရဲ့ ရလဒ်များဟ စလောက်ပိုပင်း ကြီးမြတ်လုန်း။ ဘုရားသခင်ရဲ့ ကြွယ်ဝသော ကျေးဇူးတော်နဲ့ အလကားကား ဖြောင့်မတ်ခြင်း ရဆိသောသူ အားလုံးရဲ့ အသက်တာနှိုက် ခရစ်တော်အားဖြင့် အုပ်စိုးခြင်းဟို ခံရကြလိမ့်မယ်။


အဲလို့ လူပဲ့သငယ်များဖြစ်ကြရင် အမွေခံများလည်း ဖြစ်ကြအယ်။ ငါလို့ဟ ခရစ်တော်နဲ့အတူ ဘုန်းတော်ချီးမြောက်ခြင်းခံရရန် ဒုက္ခဆင်းရဲခြင်းဟိုလည်း ကိုယ်တော်နဲ့အတူခံရကြရင် ဘုရားသခင်ရဲ့ အမွေခံများဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အမွေဆက်ခံများလည်း ဖြစ်ကြအယ်။


နင်လို့ရဲ့ ရန်သူများဟို မကြောက်ကြနဲ့။ အခါခပ်သိမ်း ရဲရင့်ကြလော့။ ဟေအရာပင်လျှင် ရန်သူလို့အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကျောန်းနဲ့ နင်လို့ အောန်မြင်ခြင်းဖြစ်ကျောန်းဟို သူလို့အား သက်သေပြလိမ့်မယ်။ ပစာကို့ နင်လို့အား အောန်ပွဲခံစေသောသူဟ ဘုရားသခင် ဖြစ်အယ်။


စသူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိုင်သူအိုင်သားလို့ဟို ဂရုမစိုက်ဘဲနေရင် အဲသူဟ ယုံကြည်ခြင်းဟို ငြင်းပယ်ပီ ဖြစ်ယွေ့ မယုံကြည်သူထက်ပင် ဆိုးရွားအယ်။


အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။


မိမိ ခမည်းတော် ဘုရားသခင်ဆေ့နှိုက် ငါလို့ဟို ဆှင်ဘုရင်အရာနှိုက် လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာနှိုက် လည်းကောင်း၊ ခန့်ထားသော ယေရှု ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ တန်ခိုးအာနုဘော် ဆိစေသတည်း။ အာမင်။


ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။


ပစာအရပ်တွင် နင် နေထိန်တာဟို ငါသိအယ်၊ နင်ဟ စာတန်ရဲ့ ပလ္လင်ဆိရာအရပ်တွင် နေထိန်အယ်။ ငါရဲ့ ဘက်မှာ သစ္စာဆိစွာ သက်သေခံသူ အန္တိပဟ စာတန် နေထိန်ရာတွင် အသတ်ခံရချိန်နှိုက်ပင် နင်ဟ ငါရဲ့ သစ္စာဟို စောင့်ယွေ့ ယုံကြည်ခြင်းဟို မဖယ်လော။


ပလ္လင်များဟိုလည်း ငါမျော်အယ်။ ပလ္လင်ပေါ်မှာ ထိန်သောသူလို့ဟ တရားစီရင်ရသော အခွင့်ဟို ရကြအယ်။ တဖန် ယေရှုနဲ့ဆိုင်သော သက်သေခံချက်အတွက် လည်းကောင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတွက် လည်းကောင်း၊ ခေါင်းဖြတ်ခံရသော သူလို့ရဲ့ ဝိညာဉ်များမှ စယွေ့ သားရဲနဲ့ သူရဲ့ ရုပ်တုဟို မကိုးကွယ်၊ သူရဲ့ တံဆိပ်ဟိုလည်း မိမိလို့ရဲ့ နဖူး အဲဟာမဟုတ်ရင် လက်တွင် မခံယူသောသူလို့ဟို ငါ မျော်ရအယ်။ သူလို့ဟ အသက်ပြန်ဆှင်ယွေ့ အနှစ်တထောင်ပတ်လုံး ခရစ်တော်နဲ့အတူ စိုးစံကြအယ်။


ပထမ ဆှင်ပြန်ထမြောက်ခြင်းနှိုက် ပါသောသူဟ မင်္ဂလာဆိသူ၊ သန့်ဆှင်းသူ ဖြစ်အယ်။ ဒုတိယသေခြင်းဟ သူလို့အပေါ် စလို အခွင့်အာဏာမျှ မဆိ၊ သူလို့ဟ ဘုရားသခင်နဲ့ ခရစ်တော်ရဲ့ ယဇ်ပုရောဟိတ်များ ဖြစ်ကြပင်း ခရစ်တော်နဲ့အတူ အနှစ်တထောင် စိုးစံကြလိမ့်မယ်။


နင်ဟ ငါရဲ့ သည်းခံခြင်းနဲ့ စပ်ဆိုင်သော နှုတ်ကပတ်တရားဟို စောင့်ဆှောက်သောကျောန့် မြေကြီးအပေါ်နှိုက် နေသောသူလို့ဟို စုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံအရပ်ရပ်လို့ဟို ပျံနှံ့လာသော စုံစမ်းရာကာလတွင် နင့်ဟို ငါ စောင့်ဆှောက်မယ်။


ငါဟ အောန်မြင်ယွေ့ ငါ့ခမည်းတော်ရဲ့ ပလ္လင်ပေါ်မှာ ကိုယ်တော်နဲ့အတူ ထိန်နေသလိုမျိုး အောန်မြင်သူအား ပလ္လင်ပေါ်မှာ ငါနဲ့အတူ ထိန်ရသောအခွင့်ဟို ငါ ပေးမယ်။


နင်ပြုလဲ့အမှုဟို ငါ သိအယ်။ စသူမျှ မပိတ်နိန်သော ထင်ခါးဟို နင်ရဲ့ ဆေ့နှိုက် ငါ ဖွင့်ထားပီ။ အကျောန်းမှာ နင်ဟ ခွန်အား ကတစ်သာဆိသော်လည်း ငါရဲ့ နှုတ်ကပတ်တော်ဟို လိုက်နာစောင့်ထိန်းယွေ့ ငါရဲ့ နာမဟို မပယ်လော။


သူလို့ဟို ငါလို့ရဲ့ ဘုရားသခင်အတွက် နိုင်ငံတခုနဲ့ ယဇ်ပုရောဟိတ်များ ဖြစ်စေသဖြင့် သူလို့ဟ မြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မယ်” ဟု ဆိုကြအယ်။


Lean sinn:

Sanasan


Sanasan