Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ တိမောသေ 2:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




၂ တိမောသေ 2:10
29 Iomraidhean Croise  

အေးနေ့ရက်ကာလဟို တိုစေတော်မမူရင် စသူမျှ အသက်ဘေးမှ ကင်းလွတ်နိန်လိမ့်မယ် မဟုတ်။ အကျောန်းမှာ မိမိရွေးချယ်ထားသော သူများအဖို့အလို့ငှာ အေးနေ့ရက်ကာလဟို တိုစေလိမ့်မယ်။”


အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။


အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။


အခုတွင် ရွေးချယ်ထားသောသူလို့ဟ နေ့တိုင်းညတိုင်း အော်ဟစ် တောင်းဆှောက်ရင် ဘုရားသခင်ဟ သူလို့ဖက်တွင် တရားမျှတစွာ မစီရင်ဘဲနေမလော၊ ကိုယ်တော်ဟ သူလို့အား ကူညီမစရန် နှောင့်နှေးနေမလော။


အဲလိုလဲ ပေတရုဟ “အချင်း မိန်းမ၊ အေးသူဟို ငါသိဝူး” ဟု ခံငြင်းလေအယ်။


အေးလူမျိုးအတွက် သာမက ကွဲပြားလျက်ဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်လို့ဟို အတူစုဝေးစေရန်အတွက်ပါ ပရောဖက်ပြု ဟောပြောခြင်းဖြစ်အယ်။


“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။


“ငါဟ သူလို့အတွက် ဆုတောင်းအယ်။ လောကသားလို့အတွက် ဆုတောင်းတာ မဟုတ်မန့်၊ ငါ့အား ကိုယ်တော်ပေးသော သူများဟ ကိုယ်တော် ပိုင်ဆိုင်သောသူများဖြစ်သဖြင့် အဲသူလို့အတွက် ဆုတောင်းပါအယ်။


တချို့လူတွေဟ ဆက်ပင်း ကောင်းလဲ့အရာဟို လုပ်လျက် ဘုန်းအသရေနဲ့ ဂုဏ်ပြုခြင်းဟို လည်းကောင်း၊ သေခြင်းနဲ့လွတ်လဲ့ ဖဝါ့ဟို ဆှာသော သူလို့အား ဘုရားသခင်ဟ ထာဝရ အသက် ပေးလိမ့်မယ်။


အေးအပြင် ကိုယ်တော်ဟ ကရုဏာထားသော ငါလို့အား သွန်းလောင်းယွေ့ မိမိရဲ့ ဘုန်းအသရေဟို ဖူးမျော်စေရန်လည်း အလိုတော် ဆိအယ်။ ကိုယ်တော် ပြင်ဆင်ထားသူများ ဖြစ်ကြသော ငါလို့အား အေးကြွယ်ဝသော ဘုန်းအသရေဟို ခံစားစေအယ်။


အကျောန်းမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာအရ ဟေလောကဟ မိမိရဲ့ ဉာဏ်ပညာအားဖြင့် ဘုရားသခင်ဟို မသိခဲ့သောကျောန့် ဘုရားသခင်ဟ ဟောပြောခြင်းအမှုရဲ့ မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူလို့ဟို ကယ်တင်ရန် အလိုဆိအယ်။


ငါဟ ယုံကြည်မှု အားနည်းသူလို့ အထဲသို့ ရောက်သောအခါ အေးသူလို့ဟို ကယ်တင်နိန်ရန် ငါဟ ယုံကြည်မှု အားနည်းသူလို နေထိန်အယ်။ အချို့သောသူလို့ဟို တနည်းနည်းအားဖြင့် ကယ်တင်နိန်ရန် ငါဟ လူအမျိုးမျိုးထဲနှိုက် အမျိုးမျိုးနေထိန်အယ်။


ငါလို့ဟ ဆင်းရဲဒုက္ခခံရရင် အဲအရာဟ နင်လို့ရဲ့ နှစ်သိမ့်ခြင်းနဲ့ ကယ်တင်ခြင်းအတွက် ဖြစ်အယ်၊ ငါလို့ဟ နှစ်သိမ့်ခြင်းဟို ခံစားရရင်လည်း အဲအရာဟ နင်လို့ရဲ့ နှစ်သိမ့်ခြင်းအတွက် ဖြစ်ပင်း အဲနှစ်သိမ့်ခြင်းဟ ငါလို့ ခံရသော ဒုက္ခဝေဒနာမျိုးနှိုက် နင်လို့ သည်းခံနိန်လဲ့ ခွန်အားဟို ဖြစ်စေအယ်။


ငါဟ နင်လို့ဟို ကူညီရန် ဝမ်းမြောက်စွာ မိမိတတ်တိုင်းဟို လည်းကောင်း မိမိရဲ့ ဥစ္စာနဲ့ အားအင်ကုန်ခန်းစေမယ်။ ငါဟ နင်လို့ဟို ဟေမျှချစ်ရင် နင်လို့ဟ ငါ့ဟို လျော့ယွေ့ ချစ်ကြမယ်လော။


ခပ်သိမ်းသောအရာလို့ဟ နင်လို့အတွက် ဖြစ်ကြအယ်၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ခံစားရသောသူ ပိုမိုများပြားလာတာနဲ့အမျှ ဘုရားသခင်ရဲ့ ဘုန်းအသရေ ထင်ဆှားစေရန် ချီးမွန်းလဲ့ ဆုတောင်းခြင်းလည်း ပိုမိုများပြားလာလိမ့်မယ်။


ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။


အဲလို့မို့ ငါဟ နင်လို့အတွက် ဆင်းရဲသောကျောန့် စိတ်ဓာတ်မကျစေနဲ့ ဟု ငါတောင်းပန်အယ်။ အဲအရာတွေဟ နင်လို့ရဲ့ အကျိုးအတွက်ပါ။


ငါဟ နင်လို့အတွက် ခံရသော ဆင်းရဲဒုက္ခနှိုက် အခု ဝမ်းမြောက်ယွေ့ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခတွင် လိုအပ်သေးလဲ့အပိုင်းဟို ကိုယ်တော်ရဲ့ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်အတွက် ငါရဲ့ ကိုယ်ခန္ဓာနှိုက် ဖြည့်ဆည်းလျက် ဆိအယ်။


ဘုရားသခင်ရဲ့ အကြံစည်မှာ လူမျိုးတကာလို့အတွက် ကြွယ်ဝယွေ့ ဘုန်းအသရေနဲ့ ပြေ့စုံသော နက်နဲလဲ့အရာအကျောန်းဟို မိမိလူလို့အား သိစေရန် ဖြစ်အယ်။ ဟေနက်နဲသောအရာဟ ခရစ်တော်သည် နင်လို့အထဲနှိုက် ကျိန်းဝပ်ကျောန်း ဖြစ်အယ်၊ ဆိုလိုတာဟ နင်လို့သည် ဘုရားသခင်ရဲ့ ဘုန်းအသရေတော်နဲ့ဆိုင်လဲ့ မျော်လင့်သောအရာဟို ခံစားစေလိမ့်မယ်။


အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။


ငါလို့ ဟောပြောသော ဧဝံဂေလိတရားအားဖြင့် ဘုရားသခင်ဟ နင်လို့ဟို ခေါ်ယွေ့၊ ငါလို့ သခင် ယေရှု ခရစ်ရဲ့ ဘုန်းအသရေဟို နင်လို့ ရဆိစေရန်အတွက် ဖြစ်အယ်။


ခရစ်တော် ယေရှုနှိုက် တည်ဆိသော အသက်နဲ့ဆိုင်လဲ့ ကတိတော်အတိုင်း ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —


အဲလိုမို့ ငါ့သား၊ နင်ဟ ခရစ်တော် ယေရှုနှိုက်ဆိသော ကျေးဇူးတော်အားဖြင့် ခွန်အားနဲ့ ပြေ့စုံလော့။


ခရစ်တော် ယေရှုရဲ့ စစ်သူရဲကောင်း တယောက်လို ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။


ဘုရားသခင်ရဲ့ အစေခံနဲ့ ယေရှု ခရစ်တော်ရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ စာရေးလိုက်ပါအယ်။ ငါဟ ဘုရားသခင် ရွေးကောက်သော သူလို့ရဲ့ ယုံကြည်ခြင်းအတွက် လည်းကောင်း၊ သူလို့အား စလို ဘုရားဝတ်နှိုက် မွေ့လျော်ပင်း အသက်ဆှင် နေထိန်ရန်နဲ့ သမ္မာတရားဟို သိဆိဖို့ သွန်သင်ရန်အတွက် လည်းကောင်း ငါ့ဟို စေလွှတ်ခဲ့အယ်။


နင်လို့သည် မခင်ခါဟ ဘုရားသခင်ရဲ့ လူများ မဟုတ်ခဲ့ပေမဲ့လည်း အခုအခါ သူ့ရဲ့ လူများ ဖြစ်ကြပီ။ မခင်ဟ ကရုဏာဟို မခံစားခဲ့ရပေမဲ့လည်း အခုခါ ကရုဏာဟို ခံစားကြရပီ။


နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။


Lean sinn:

Sanasan


Sanasan