1 ခရစ်တော် ယေရှုနှိုက် တည်ဆိသော အသက်နဲ့ဆိုင်လဲ့ ကတိတော်အတိုင်း ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုဟ —
ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။
ထာဝရအသက်ဟူသည် မန်သော ဘုရားသခင် တဆူတည်းဖြစ်သော ကိုယ်တော်နဲ့ စေလွှတ်သော ယေရှု ခရစ်တော်ဟို လည်းကောင်း သိကျွမ်းခြင်း ဖြစ်အယ်။
“နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
ငါ့အသားဟို စားယွေ့ ငါ့အသွေးဟို သောက်သောသူဟ ထာဝရအသက်ဟို ရအယ်၊ ငါဟလည်း နောက်ဆုံးသောနေ့နှိုက် အေးသူအား ဆှင်ပြန်ထမြောက်စေမယ်။
ဘုရားသခင်ရဲ့ သတင်းကောင်းအတွက် ရွေးချယ်ခြင်း ခံရယွေ့ တမန်တော်အဖြစ် ခေါ်ယူခြင်း ခံရသော ခရစ်တော် ယေရှုရဲ့ အစေခံ ငါ ပေါလုဟ စာရေးလိုက်ပါအယ်။
အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။
ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်အရာနှိုက် ခန့်ထားသော ငါ ပေါလုနဲ့ ငါ့ညီ သုဿင်ဆေမှ —
ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုနဲ့ ငါလို့ညီ တိမောသေဆေမှ — ကောရိန့်မြို့နှိုက် ဆိသော ဘုရားသခင်ရဲ့ အသင်းတော်မှစယွေ့ အခါယပြေ တဝန်းလုံးနှိုက် ဆိသော ဘုရားသခင်ရဲ့ လူအပေါင်းလို့ဆေဟို စာရေးလိုက်အယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ ကတိတော် ဆိသမျှလို့ဟ ကိုယ်တော်နှိုက် “ဟုတ်အယ်” ဟု ဖြစ်ကြအယ်။ အဲလိုမို့ ငါလို့အားဖြင့် ဘုရားသခင်ရဲ့ ဘုန်းအသရေတော် ထင်ဆှားမဲ့အကျောန်း ငါလို့ဟ “အာမင်” ဟု ကိုယ်တော်အားဖြင့် ဆိုကြအယ်။
နင်လို့အားလုံးဟ ယုံကြည်ခြင်းအားဖြင့် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဆိသော ဘုရားသခင်ရဲ့ လူပဲ့သငယ်များ ဖြစ်ကြအယ်။
အေးလိုမို့ ယုဒလူမျိုးများနဲ့ လူမျိုးခြားတွေကြား ကွာခြားမှု ဆိဝူး။ ကျွန်များနဲ့ လွတ်လပ်သူများ၊ ယောက်ျားနဲ့ မိန်းမကြား ကွာခြားမှု မဆိ၊ နင်လို့ဆိသမျှဟ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဖြစ်ကြအယ်။
လျှို့ဝှက်ချက်မှာ ဧဝံဂေလိတရားအားဖြင့် လူမျိုးခြားများဟ ယုဒလူမျိုးများနဲ့အတူ ဘုရားသခင်ရဲ့ ကောင်းချီးများဟို ခံစားခွင့်ဆိအယ်။ သူလို့ဟ ကိုယ်ခန္ဓာတခုတည်းနှိုက် ပါဝင်သူများဖြစ်ကြပင်း ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးခဲ့သော ကတိတော်နှိုက် ပါဝင်ကြအယ်။
ဟေနည်းအားဖြင့် သူလို့ဟ အနာဂတ်အတွက် ခိုင်ခံ့လဲ့ အုတ်မြစ် တည်းဟူသော ဘဏ္ဍာဟို စုဆောင်းရာရောက်ယွေ့ စစ်မန်သော အသက်ဟို ရဆိကြလိမ့်မယ်။
အဲကျေးဇူးတော်ဟ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှု ပေါ်ထွန်းခြင်းအားဖြင့် အခု ထင်ဆှားလေပီ၊ ခရစ်တော်ဟ သေခြင်းဟို ပယ်ဖျက်ယွေ့ အသက်နဲ့တကွ ဖောက်ပြန်ခြင်းနဲ့ ကင်းသောအရာလို့ဟို သတင်းကောင်းအားဖြင့် အလင်းဟို ယူဆောင်လေအယ်။
နင်ဟ ခရစ်တော် ယေရှုပေါ်နှိုက် ဆိသော ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဖြင့် ငါ့ဆေမှ ကြားနာရသော မန်ကန်ပြေ့စုံလဲ့ တရားစကားများဟို စံနမူအဖြစ် စွဲလမ်းလော့။
ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊
အဲလိုမို့ ငါ့သား၊ နင်ဟ ခရစ်တော် ယေရှုနှိုက်ဆိသော ကျေးဇူးတော်အားဖြင့် ခွန်အားနဲ့ ပြေ့စုံလော့။
အဲကျောန့် ငါဟ ဘုရားသခင် ရွေးကောက်သော လူစုတော်ရဲ့အတွက် စလို ဒုက္ခဆင်းရဲဟို မဆိုခံအယ်၊ ဟေလိုခံခြင်းမှာ သူလို့ဟလည်း ထာဝရ ဘုန်းအသရေနဲ့တကွ ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ခံရစေရန် ဖြစ်အယ်။
ခရစ်တော် ယေရှုရဲ့ စစ်သူရဲကောင်း တယောက်လို ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။
ခရစ်တော် ယေရှုဟို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဟို ရောက်စေလဲ့ ဉာဏ်ပညာဟို နင့်အား ပေးနိန်သော သန့်ဆှင်းသော သမ္မာကျမ်းစာနဲ့ နင်ဟ လပဲ့အရွယ်ဟပင် ရင်းနှီးကျွမ်းဝင်ခဲ့တာဟို လည်းကောင်း နင်သိအယ်။
ဝါခြင်းနဲ့ ကင်းစင်လဲ့ ဘုရားသခင်ဟ အေးထာဝရအသက် မျော်လင့်ခြင်းဟို ဆေ့ကာလများ မတိုင်ခင်ဟပင် ကတိပေးပင်း၊
ငါဟ တူညီသော ယုံကြည်ခြင်းအားဖြင့် စစ်မန်လဲ့ ငါ့အောင်နီငယ်ဖြစ်လဲ့ တိတုဆေဟို ဟေစာရေးလိုက်အယ်။ အဖဘုရားသခင်နဲ့ ငါလို့ရဲ့ ကယ်တင်ဆှင် ခရစ်တော် ယေရှုဆေမှ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်းဟ နင်လို့နှိုက် ဆိပါစေသော။
အဲကျောန့် ခရစ်တော်ဟ ပဋိညာဉ်သစ်ရဲ့ ကြားဝင်စေ့စပ်သူ ဖြစ်အယ်၊ ဟေဟာဟ ပထမ ပဋိညာဉ် လက်အောက်နှိုက် ဖောက်ဖျက်ကျူးလွန်သော အပစ်များမှ လူလို့ဟို ရွေးနုတ်ရန် ကိုယ်တော်ဟ အသေခံခြင်းအားဖြင့် ခေါ်ယူသောသူလို့ဟ ထာဝရ အမွေနဲ့ဆိုင်သော ကတိတော်ဟို ရဆိမဲ့ အကျောန်းဖြစ်အယ်။
ဟေဟာဟ ငါလို့အား ခရစ်တော်တတ်တိုင်း ကတိထားသော ထာဝရ အသက် ဖြစ်အယ်။