11 နင်လို့တွင် အချို့သောသူလို့ဟ ပျင်းရိယွေ့ အလုပ်ရှုပ် မနေဘဲ သူတပါးကိစ္စနှိုက် ဝင်ရောက်စွတ်ဖက်သူများ ဖြစ်သောကျောန့် ဖြစ်အယ်။
ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။
ငါလို့ဟ နင်လို့ဟို အရင်ဟ ပြောခဲ့သလိုပဲ၊ အေးဆေးတည်ငြိမ်စွာ နေထိန်နိန်ရန် နင်လို့ရဲ့ကိုယ်ပိုင်လုပ်ငန်းဟို အာရုံစိုက်ပင်း ကိုယ်ပိုင်အသက်မွေးဝမ်းကျောန်းပြုဖို့ နင်လို့ရဲ့ ရည်ရွယ်ချက်ဟို လုပ်ကြလော့။
ငါ့ညီအကိုလို့၊ ငါလို့ဆေမှ ခံယူရဆိလဲ့ သွန်သင်ချက်များဟို မလိုက်ဆှောက်ဘဲ စည်းကမ်းမဲ့ အသက်ဆှင် ဆှောက်လှမ်းနေကြသော သူအားလုံးဟို ဆှောင်ကြဉ်ကြရန် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် နင်လို့ဟို ငါလို့ မိန့်မှာကြအယ်။
အဲ့ပြင် သူလို့ဟ တအိုင်ပင်း တအိုင် လှည့်လည်ယွေ့ ပျင်းရိသောအကျင့် ဆိလာတတ်ကြအယ်၊ အဲသို့ ပျင်းရိတာ သာမက အတင်းအဖျင်း ပြောဆိုလျက် သူတပါးကိစ္စနှိုက် ဝင်ရောက်စွက်ဖက်ကာ မပြောသင့်လဲ့အရာလို့ဟို ပြောဆိုတတ်ကြအယ်။
နင်လို့တွင် လူသတ်သမားအဖြစ် ဖြစ်စေ၊ သူခိုးအဖြစ် ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ် ဖြစ်စေ၊ သူတပါးအမှုနှိုက် ဝင်ရောက်စွက်ဖက်သူအဖြစ် ဖြစ်စေ၊ ဆင်းရဲဒုက္ခခံရမယ့်သူ တစုံတဦးမှ မဆိစေနဲ့။