3 စသူကမှ နင်လို့ဟို ပစာနည်းနဲ့မှ မလှည့်စားစေနဲ့။ အကျောန်းမှာ ဖောက်ပြန်သင်းခွဲခြင်း ဦးရင်ဖြစ်ယွေ့၊ မတရားသောသူ တည်းဟူသော ပျက်စီးခြင်းရဲ့ သား မပေါ်လာခင် အေးနေ့ရက် ရောက်လာလိမ့်မယ် မဟုတ်။
ငါဟ ဟေလောကနှိုက် သူလို့နဲ့တကွ ဆိစဉ်ကာလ၊ သူလို့ဟို ကိုယ်တော်ရဲ့ နာမနှိုက် တည်စေပီ၊ ငါ့အား ပေးသောသူလို့ဟို ငါ စောင့်မပါပီ။ အဲသူလို့တွင် ပျက်စီးခြင်းရဲ့ သားတယောက်မှတပါး စသူမျှ ပျက်စီးခြင်းသို့ မရောက်မန့်၊ အဲသူဟ ပျက်စီးခြင်းသို့ အကျောန်းဟ ကျမ်းစာပြေ့စုံမဲ့အကျောန်း ဖြစ်အယ်။
ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
လူပဲ့သငယ်လို့၊ အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူ ပေါ်ပေါက်လာမယ် ဖြစ်သောကျောန်းဟို နင်လို့ ကြားသိခဲ့ကြအယ်။ အခုပင် ခရစ်တော်ရဲ့ ရန်သူအများအပြား ပေါ်ပေါက်လျက် ဆိလေပီ၊ အဲကျောန့် အခုကာလဟ နောက်ဆုံးသော ကာလ ဖြစ်တာဟို ငါလို့ သိကြအယ်။
အေးလို ဝန်မခံသူဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော်ဟို ခံယူရဆိသူ မဟုတ်။ အဲသူတွင် ကိန်းအောင်းလဲ့ ဝိညာဉ်မှာ ခရစ်တော်ရဲ့ ရန်သူ ဖြစ်အယ်။ ခရစ်တော်ရဲ့ ရန်သူဝိညာဉ်ဟ ဟေလောဟို ရောက်ဆိလာမယ်ဖြစ်ကျောန်း နင်လို့ ကြားသိခဲ့ကြအယ်။ သူဟ အခုပင် ရောက်ဆိလျက် နေလေပီ။
မခင် ဆိခဲ့ပင်း အခု မဆိသော သားရဲဟ အဋ္ဌမဘုရင် ဖြစ်အယ်။ သူဟ အဲခုနေပါးထဲမှ တပါးလည်း ဖြစ်ပင်း ပျက်စီးခြင်းဟို ရောက်ရလိမ့်မယ်။
နင်မျော်သော သားရဲဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ တွင်းနက်ကြီးထဲဟ တက်လာယွေ့ ပျက်စီးခြင်းဟို ရောက်မယ်ဖြစ်အယ်။ မြေကြီးပေါ်နှိုက် နေထိန်သော သူလို့ထဲတွင် ကမ္ဘာတည်ချိန်မှစယွေ့ အသက်စာစောင်နှိုက် စာရင်းမဝင်သော သူလို့ဟ မခင်ဟ ဆိခဲ့ပင်း အခု မဆိ၊ မကြာမီ ရောက်လာမဲ့ အဲသားရဲဟို မျော်လျက် အံ့ဩကြလိမ့်မယ်။