17 နင်လို့ စိတ်နေလုံးဟို နှစ်သိမ့်ပေးယွေ့ ကောင်းသော စကားနဲ့ ကောင်းသောအမှု အားလုံးလို့နှိုက် နင်လို့ဟို ခိုင်ခံ့မြဲမြံပါစေသော။
အကျောန်းမှာ နင်လို့ ယုံကြည်ခြင်းနှိုက် ခိုင်မြဲမဲ့အကျောန်း နင်လို့အား ဝိညာဉ်ဆုကျေးဇူးဟို ဝေမျှလိုသဖြင့် ငါဟ နင်လို့ဟို ရမ်းဆာ့ တွေ့ချင်ပါအယ်။
နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။
ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြပါစို့။ အဲသူဟ ယေရှု ခရစ်တော်ရဲ့ အကျောန်း ငါဝေငှလဲ့ သတင်းကောင်းအရသော် လည်းကောင်း၊ ဆေ့ကာလ အဆက်ဆက်နှိုက် အောင်းနေခဲ့သော အမန်တရားပေါ်လွင် ထင်ဆှားချက်အရ သော်လည်းကောင်း၊ နင်လို့ဟို ယုံကြည်ခြင်းနှိုက် ခိုင်မြဲစေနိန်သူ ဖြစ်အယ်။
ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နေ့နှိုက် နင်လို့ဟ အပစ်တင်ခွင့်နဲ့ ကင်းလွတ်စေမဲ့အကျောန်း ကိုယ်တော်ဟ နင်လို့အား အဆုံးတိုင်အောန် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
ငါလို့ဟို နင်လို့နဲ့အတူ ခရစ်တော်နှိုက် တည်မြဲစေယွေ့ ငါလို့အား ဘိသိက်ပေးသောသူဟ ဘုရားသခင် ဖြစ်အယ်၊
ကိုယ်တော်နှိုက် အမြစ်တွယ်ယွေ့ တည်ဆောက်ခြင်း ခံရကာ နင်လို့ သင်ယူခဲ့လဲ့အတိုင်း ယုံကြည်ခြင်းနှိုက် တည်မြဲစေကြလော။ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ပြေ့စုံကြလော။
ဟေနည်းအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးသဖြင့်၊ ငါလို့ သခင် ယေရှုဟ မိမိနဲ့ဆိုင်သော သူအပေါင်းလို့နဲ့အတူ ကြွလာသောအခါ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ဆေ့တွင် အပစ်တင်ခွင့် မဆိသော သန့်ဆှင်းမြင့်မြတ်သူများ ဖြစ်ကြရမယ်။
ခရစ်တော်နဲ့ ဆိုင်သော သတင်းကောင်းဟို ဟောပြောခြင်းငှာ ဘုရားသခင်အတွက် ငါလို့နဲ့အတူ လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါလို့ညီ တိမောသေဟို စေလွှတ်စဉ်တွင်၊ နင်လို့ရဲ့ ယုံကြည်ခြင်းဟို ခိုင်ခံ့စေဖို့ ခွန်အားပေးရန်အတွက် သူ့ဟို ငါလို့ စေလွှတ်ခဲ့အယ်၊
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊
အဲလိုလဲ ဘုရားသခင်ဟ သစ္စာဆိပင်း ကိုယ်တော်ဟ နင့်ဟို ကြံ့ခိုင်စေယွေ့ ဆိုးညစ်သောသူဆေမှ ကွယ်ကာစောင့်ဆှောက် လိမ့်မယ်။
ထူးခြားသော သွန်သင်ချက် အမျိုးမျိုးနောက်ဟို လိုက်ပါ မသွားကြနဲ့။ အကျောန်းမှာ စားစရာအားဖြင့် မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နေလုံးဟို တည်မြဲစေခြင်းဟ ကောင်းမြတ်အယ်။ စားစရာအားဖြင့် အသက်ဆှင် ဆှောက်လှမ်းသောသူလို့ဟ အကျိုးဟို မရဆိကြပေ။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
လူပဲ့သငယ်လို့၊ ငါလို့ဟ စကားနဲ့ စလောင်အားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်မှုနဲ့ သမ္မာတရားလို့အားဖြင့် ချစ်ကြကုန်စို့။
နင်လို့အား မားယွင်းခြင်းနဲ့ ကင်းစေရန် စောင့်ဆှောက်နိန်စွမ်းဆိယွေ့ နင်လို့ဟို အပစ်ကင်းစင်လျက် ရွင်မြူးသောစိတ်ဖြင့် ဘုန်းအသရေတော် ဆေ့နှိုက် ရပ်နိန်သော —