15 အေးကျောန့် ငါ့ညီအကိုလို့၊ ခိုင်ခံ့စွာ ရပ်တည်ပင်း ငါလို့ရဲ့ ဝေငှခြင်းအားဖြင့် ဖြစ်စေ၊ စာအားဖြင့် ဖြစ်စေ ငါလို့သင်ပေးခဲ့တဲ့ သမ္မာတရားတွေကို စွဲကိုင်ထားလော့။
ငါ့ ညီအကို မောင်နှမလို့ နင်လို့ ခံယူရပင်းသော ဆုံးမဩဝါဒများဟို ဆန့်ကျင်လျက် လူလို့အား ကွဲပြားစေခြင်း၊ လူလို့ရဲ့ ယုံကြည်ချက်ဟို စိတ်ပျက်စေသောသူလို့အား သတိပြုလျက် ဆှောင်ဆှားကြလော့ဟု နင်လို့ဟို တိုက်တွန်း နှိုးဆော်ပါအယ်။
နင်လို့ဟ ငါ့ဟို အစဉ်အောက်မေ့ သတိရယွေ့ ငါပေးအပ်လဲ့ သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်ကြသောကျောန့် နင်လို့အား ငါချီးမွန်းအယ်။
အဲလိုမို့ ချစ်သော ညီအကို မောင်နှမလို့၊ နင်လို့ဟ သခင်ဘုရားနှိုက် နင်လို့ရဲ့ ကြိုးပမ်းအားထုတ်မှုဟ အလကားကား မဖြစ်ကျောန်း သိမှတ်ယွေ့ ရွေ့လျော့တိမ်းယိမ်းခြင်း မဆိဘဲလျက် သခင်ဘုရားရဲ့ အမှုတော်ဟို နင်လို့တတ်တိုင်း ပြေ့စုံစွာ အစဉ်အမြဲ ကြိုးစားအားထုတ်ကြလော့။
နင်လို့ဟ သတိနဲ့ စောင့်နေကြလော့။ ယုံကြည်ခြင်းနှိုက် တည်ကြလော့။ အစွမ်းသတ္တိနဲ့တကွ ခွန်အားစုံလင်လျက် နေကြလော့။
အဲကျောန့် ညီအကို မောင်နှမလို့၊ ငါရဲ့ ဝမ်းမြောက်ခြင်းအကျောန်းနဲ့ ငါရဲ့ သရဖူဖြစ်လဲ့ နင်လို့ဟို အကျောန်းပြုယွေ့ ရမ်းဆာ့ ဝမ်းမြောက်ယွေ့ ဂုဏ်ယူဝါကြွားအယ်။ ချစ်သော ညီအကို မောင်နှမလို့ ငါလို့ဆိုခဲ့လဲ့အတိုင်း သခင်ဘုရားနှိုက် ခိုင်မြဲစွာ ရပ်တည်ကြလော့။
ပရောဖက်ပြုခြင်းဖြစ်စေ၊ ဟောပြောရာတွင်ဖြစ်စေ၊ ငါလို့ဟ ၎င်းကို စာတစောင်နှိုက် ရေးသားခြင်းဖြစ်စေ သခင်ဘုရားရဲ့ နေ့ရောက်လာပီဟု ပြောဆိုကြသော်လည်း နင့်ရဲ့ တွေးခေါ်မှုတွင် အလွယ်တကူ စိတ်ရှုပ်မခံစေမယ့်အကျောန်း နင်လို့အား ငါတောင်းပန်အယ်။
တစုံတယောက်ဟ ဟေစာအားဖြင့် ငါလို့မှာကြားသောစကားဟို နားမထောင်ရင် အေးသူအား အဆှက်ရစေရန် သူ့ဟို မှတ်ထားလျက် သူနဲ့ မပေါင်းဖော်ကြနဲ့။
ငါ့ညီအကိုလို့၊ ငါလို့ဆေမှ ခံယူရဆိလဲ့ သွန်သင်ချက်များဟို မလိုက်ဆှောက်ဘဲ စည်းကမ်းမဲ့ အသက်ဆှင် ဆှောက်လှမ်းနေကြသော သူအားလုံးဟို ဆှောင်ကြဉ်ကြရန် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် နင်လို့ဟို ငါလို့ မိန့်မှာကြအယ်။
သူဟ မန်ကန်သော ဩဝါဒအားဖြင့် တိုက်တွန်းနှိုးဆော်နိန်ရန်နဲ့ ဆန့်ကျင်ပြောဆိုသောသူလို့ရဲ့ အပစ်ဟို ဖော်ပြနိန်ရန် မိမိသင်ယူထားလဲ့ သစ္စာနဲ့ ပြေ့စုံလဲ့ နှုတ်ကပတ်တရားဟို စွဲကိုင်ထားရမယ်။
ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။