Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ သက်သာလောနိတ် 2:12 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

12 ရလဒ်အနေနဲ့ သမ္မာတရားဟို မယုံကြည်ဘဲ အပစ်နှိုက် မွေ့လျော်သူတိုင်းဟ စီရင်ခြင်းဟို ခံရလိမ့်မယ်။

Faic an caibideil Dèan lethbhreac




၂ သက်သာလောနိတ် 2:12
21 Iomraidhean Croise  

သူပြောတဲ့ စကားဟို ကြားရတော့ သူလို့ဟ ဝမ်းသာကြယွေ့၊ သူ့အား ငွေပေးမယ်လို့ ကတိပြုကြအယ်။ အေးလို့မို့ ယုဒဟ ယေရှုဟို သူ့လို့ လက်ထဲဟိုအပ်ရန် အခွင့်ကောင်းဟို စတင် ဆှာလျက်နေအယ်။


ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။


သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။


အေးလို့သော အကျင့်ဆိသူလို့ဟ သေပစ် ခံထိုက်တာဟို ဘုရားသခင် စီရင်ကျောန်းဟို သူလို့ သိလျက်ပင် မိမိတတ်တိုင်း ဟေအမှုများဟို ဆက်လက်ယွေ့ ကျင့်ယုံမကဘဲ၊ အေးလို့ ပြုကြသူများဟိုလည်း အားပေးအားမြောက် လုပ်ကြအယ်။


ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။


တချို့လူတွေဟ တကိုယ်ကောင်းဆန်လဲ့ သဘောဆိယွေ့၊ အမန်တရားဟို ငြင်းပယ်ပင်း မကောင်းသော အရာများနောက်ဟို လိုက်ကြသူများဟို ဘုရားသခင်ဟ သူရဲ့ ဒေါသနဲ့ အူထော့တာဟို သူလို့ အပေါ်မှာ သွန်းလောင်းလိမ့်မယ်။


မတရားသောအမှုနှိုက် ဝမ်းမြောက်ခြင်း မဆိတတ်၊ သမ္မာတရားနှိုက်သာ ဝမ်းမြောက်တတ်အယ်။


အကျောန်းမှာ ဘုရားသခင်ဟ ငါလို့ဟို အူထော့တာ သက်ရောက်စေရန် သတ်မှတ်ထားတာ မဟုတ်ဘဲ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်အားဖြင့် ကယ်တင်ခြင်းဟို ရဆိစေရန် သတ်မှတ်ထားအယ်။


အားပင်း ပျက်စီးခြင်းသို့ ရောက်သော သူလို့အပေါ် မတရားသော လှည့်စားမှု အမျိုးမျိုးကို အသုံးပြုလိမ့်မယ်။ သူလို့ ပျက်စီးခြင်းဟို ရောက်ရမဲ့အကျောန်းမှာ မိမိလို့ ကယ်တင်ခြင်း ခံရရန်အတွက် သမ္မာတရားအား ချစ်ရမယ်ဟို ငြင်းပယ်ကြသောကျောန့် ဖြစ်အယ်။


သူလို့ဟ လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသော စကားများဟို ပြောဆိုလျက် နင်လို့အပေါ် အမြတ်ထုတ်ကြလိမ့်မယ်။ သူလို့ ခံရမဲ့ ပစ်ဒဏ်စီရင်ခြင်းဟ ဆေ့မခင်ကပင် ဖင့်နှေးခြင်း မဆိ။ သူလို့ရဲ့ ပျက်စီးခြင်းဟလည်း အိပ်ယွေ့ မမွေ။


ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။


Lean sinn:

Sanasan


Sanasan