9 သူလို့ဟ ထာဝရပျက်စီးခြင်းရဲ့ ဒဏ်ကို ခံစားကြရပင်း အဆှင်မျက်မှောက်တော်နဲ့ ဘုန်းကြီးသော တန်ခိုးတော်မှ ဖယ်ဆှားခြင်း ခံရကြလိမ့်မယ်၊
အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။
အေးအခါ ဘုရင်ဟ အစေခံလို့အား ‘အေးသူလို့ရဲ့ ခြေလက်လို့ဟို တုပ်ချေပင်းရင် အပြင်မိုက်ထဲဟို ထုတ်လိုက်ကြ။ အေးနေရာတွင် သူဟ ငိုကမြည်တမ်းပင်း အံသွားခဲကြိတ်လျက် နေရလိမ့်မယ်’ ဟု မိန့်အယ်” ဟူယွေ့ မိန့်လေအယ်။
အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။
“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။
အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။
ကျမ်းစာလာလဲ့အတိုင်း လူသားဟ အသေခံရန် သွားရပေမဲ့ လူသားဟို ရန်သူလက်သို့ အပ်သောသူဟ အမင်္ဂလာဆိအယ်။ မွေးဖွားခြင်းဟို မခံရရင် သူအဖို့ ကောင်းသေးအယ်” ဟု မိန့်အယ်။
အဲအခါ ‘နင်လို့ဟို ဖယ်ခါမျှ ငါမသိ။ ဆိုးသွမ်းသူလို့ ငါ့ဆေမှ ထွက်သွားကြလော’ ဟု အဲသူလို့အား ငါပြောမယ်။
အဲလိုလဲ အိုင်ဆှင်ဟ ‘နင်လို့ ပစာနားဟ လာအယ်ဟို ငါ မသိ။ ဆိုးညစ်တဲ့လူတွေ အဝေးဟို ထွက်သွားကြ’ ဆိုပင်း ပြန်ပြောလိမ့်မယ်။
အဲပင်းရင် ယေရှုဟ အေးသူဟို ဗိမာန်တော်ထဲတွင် တွေ့ဆိသဖြင့် “နားထောင်လော့၊ နင်ဟ အခု ကျန်းမာလာလေပီ၊ နောက်ထပ် အပစ်မလုပ်နဲ့ အဲဟာမဟုတ်ရင် နင်ဟ ဟေထက် ဆိုးရွားသောအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်” ဟု မိန့်လေအယ်။
အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
“ငြိမ်သက်ခြင်းနဲ့ လုံခြုံခြင်း ဆိအယ်” လို့ လူတွေပြောနေခါ ဖိုက်ကြီးသည် မိန်းမနှိုက် အောန်ငဲငယ်မွေးခြင်း ဝေဒနာရောက်လာသလိုမျိုး ပျက်စီးခြင်းဟ သူလို့အပေါ် ရုတ်တရက် ရောက်လာယွေ့ သူလို့ဟ လုံးလုံး လွတ်မြောက်နိန်လိမ့်မယ် မဟုတ်။
အဲပင်းရင် မတရားသောအရာဟ ပေါ်လာပေမဲ့ သခင် ယေရှု ခရစ် ကြွလာသောအခါ ကိုယ်တော်ဟ သူ့ဟို မိမိနှုတ်တော်မှ ထွက်သော လေအားဖြင့် ကွပ်မျက်ယွေ့ မိမိကြွလာခြင်းရဲ့ ရောင်ခြည်အားဖြင့် ပယ်ဖျက်လိမ့်မယ်။
ကြီးမြတ်လဲ့ ဘုရားသခင်ဖြစ်သော ငါလို့ရဲ့ ကယ်တင်ဆှင် ယေရှုခရစ်တော်ရဲ့ ဘုန်းတော်ပေါ်ထွန်းခြင်းတည်းဟူသော မင်္ဂလာဆိသော မျှော်လင့်ခြင်းဟို စောင့်မျှော်ရန်လည်းကောင်း သွန်သင်လျက်ဆိအယ်။
ဘုရားသခင်ရဲ့ သားတော်ဟို ခြေဖြင့် ကျော်နင်းယွေ့ မိမိအား အပစ်မှ သန့်ဆှင်းစေလဲ့ ပဋိညာဉ်တရားဆိုင်ရာ အသွေးတော်ဟို မထီမဲ့မြင်ပြုလျက် ကျေးဇူးတော်ဟို ပေးလဲ့ ဝိညာဉ်တော်ဟို စော်ကားသောသူဟ စလောက်ကြီးလေးသော အပစ်ဒဏ်ခံရမယ်ဟို စဉ်းစားယွေ့ ကျေ့ကြလော့။
အေးသူလို့ဟ ခန်းခြောက်သော စမ်းယေတွင်းများ၊ မုန်တိုင်းနဲ့ လွင့်ပါသွားလဲ့ မိုးချေးသားများ ဖြစ်ကြအယ်။ သူလို့အတွက် မှောင်မည်းသော မိုက်ဟို ထိန်းသိမ်းထားလျက် ဆိအယ်။
အခုဆိသော ခေါန်းခင်နဲ့ မြေကြီးမူကား အေးနှုတ်ကပတ်တော်အားဖြင့် မီးအတွက် သိုမှီးထားခြင်း ခံရယွေ့ ဘုရားတရားမဲ့သော သူလို့ရဲ့ ပျက်စီးခြင်းနဲ့ တရားစီရင်ခြင်း နေ့ရက်တိုင်အောန် ထိန်းသိမ်းထားခြင်း ခံရလျက် ဆိအယ်။
မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။
အဲပင်းရင် သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟ မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။ (ဟေမီးအိန်ဟ ဒုတိယသေခြင်း ဖြစ်အယ်။)
အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။
အပြင်နှိုက် ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ လူအသက်ဟို သတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ ဝါပြောခြင်းဟို နှစ်သက်ယွေ့ ပြုသောသူအပေါင်းလို့ဟ ဆိကြအယ်။