Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ပေတရု 3:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 ချစ်လှစွာသော မိတ်ဆွေလို့၊ အခု ဟေဒုတိယစာဟို ငါ ရေးလိုက်အယ်။ ငါဟ ဟေစာ နေစောင်လုံးတွင် နင်လို့ဟို သတိပေး နှိုးဆော်ခြင်းအားဖြင့် နင်လို့ရဲ့ ဖြူစင်သော စိတ်နေလုံးဟို နိုးကြားတက်ကြွစေအယ်။

Faic an caibideil Dèan lethbhreac




၂ ပေတရု 3:1
15 Iomraidhean Croise  

စိတ်နေလုံး ဖြူစင်သောသူလို့ဟ မင်္ဂလာဆိ ကြအယ်၊ အကျောန်းမှာ အဲသူလို့ဟ ဘုရားသခင်ဟို မျော်ရကြ လိမ့်မယ်။


ငါပြောချင်တာ မခင်ဟ အပစ်ကျူးလွန်ခဲ့သူများနဲ့ အခြားသော သူအပေါင်းလို့အား ဒုတိယအကြိမ် ရောက်လာတုန်း ပြောခဲ့ဖူးပေမဲ့ အခု ငါဝေးသွားပီဖြစ်မို့ ငါ ထပ်ပြောဦးမယ်၊ ငါနောက်တကြိမ်လာသောအခါ စသူမျှ ပစ်ဒဏ်မှလွတ်မယ် မဟုတ်။


စသူ့အပေါ်နှိုက်မျှ လက်တင်ခြင်းဟို အလျင်စလို မပြုနဲ့၊ အခြားသူလို့ရဲ့ အပစ်နှိုက်လည်း ပါဝင်ခြင်း မဆိနဲ့။ နင့်တတ်တိုင်း ဖြူစင်သန့်ဆှင်းအောန် စောင့်ထိန်းလော့။


အဲကျောန့် နင့်အပေါ် ငါလက်တင်သောအားဖြင့် နင်ရဆိသော ဘုရားသခင်ရဲ့ ဆုကျေးဇူးဟို ပြန်လည်နှိုးဆော်ရန် နင့်ဟို ငါ သတိပေးအယ်။


ချစ်သောသူလို့၊ ငါလို့ဟ ဟေလို ပြောဆိုကြသော်လည်း နင်လို့အတွက်မူ ကယ်တင်ခြင်းနဲ့ ယှဉ်တွဲလဲ့ ပိုယွေ့ ကောင်းသောအရာများ ဆိတာဟု ငါလို့ ယုံကြည်စိတ်ချကြအယ်။


နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။


ချစ်သော မိတ်ဆွေလို့၊ နင်လို့ဟ ဧည့်သည်အာဂန္တုများ ဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ဟို ဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများဟို ဆှောင်ကြဉ်ကြရန် နင်လို့ဟို ငါ တိုက်တွန်းနှိုးဆော်အယ်။


အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။


အေးလိုမို့ ချစ်သောသူလို့၊ ဟေအရာလို့ဟို နင်လို့သိထားခဲ့ပီဖြစ်ယွေ့ စောင့်စည်းမှု မဆိသော သူလို့ရဲ့ မားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိလို့ရဲ့ တည်ကြည်မှုဟို မဆုံးရှုံးစေရန် မိမိကိုယ်ဟို စောင့်ထိန်းကြလော့။


အဲလိုလဲ ချစ်သောသူလို့ ထာဝရဘုရားအတွက် နေ့ရက်တရက်ဟ အနှစ်တထောင်လိုမျိုး လည်းကောင်း၊ အနှစ်တထောင်ဟ နေ့ရက်တရက်လိုမျိုး လည်းကောင်း ဖြစ်အယ်ဟူသော အချက်တခုဟို မမေ့လျော့ကြနဲ့။


နင်လို့ဟ ဟေအရာအားလုံးဟို သိကြပီဖြစ်သော်လည်း နင်လို့ဟို ငါ သတိပေးနှိုးဆော်လိုတာဟ သခင်ဘုရားသည် သူရဲ့ လူများဟို အဲဂုတ္တုပြေမှ တခါတည်း ကယ်လွှတ်ပေမဲ့လည်း မယုံကြည်သော သူလို့ဟို တခါ ဖျက်ဆီးအယ်။


Lean sinn:

Sanasan


Sanasan