4 အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။
“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။
“ဘုရားသခင်ရဲ့ သားတော်၊ ကိုယ်တော်ဟ မစာသို့ ဆိုင်သလုန်း၊ အချိန်မကျခင် ငါလို့ဟို ညှဉ်းဆဲခြင်းရန် ကြွလာသလော” ဟု ဟစ်အော်ယွေ့ ဆှောက်ကြအယ်။
“အမြင့်ဆုံးသော ဘုရားသခင်ရဲ့ သားတော် ယေရှု၊ ငါ့ဟို ပစာပြုလိုလုန်း၊ ငါ့အား မနှိပ်စက်ပါနဲ့။ ဘုရားသခင်ဟို အမှီပြုယွေ့ ငါ တောင်းပန်ပါအယ်” ဟု အသံအကျယ်ရီး အော်ပြောလေအယ်။
ယေရှုဟ သူလို့ဟို “ခေါန်းခင်မှ ဆှပ်စီးကျသလိုမျိုး စာတန် ကျလာတာဟို ငါ မျော်ရအယ်။
နတ်ဆိုးများဟ တွင်းနက်ထဲဟို မပို့ဖို့ ယေရှုဟို တောင်းပန်ကြအယ်။
နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။
အကျောန်းမှာ ဘုရားသခင်ဟ မူလ အကိုင်းအခက်များဟို မနှမြောရင် နင်လို့ဟိုလည်း နှမြောမှာ မဟုတ်ဝူး။
မိမိရဲ့ သားတော်ရင်းဟို မနှမြောဘဲ ငါလို့ ဆိသမျှအဖို့ စွန့်သောသူဟ၊ ငါလို့အတွက် သားတော်ဟို ပူဇော်သောသူဟ အရာခပ်သိမ်းဟို ငါလို့အား အလကားကား မပေးဘဲ နေမလော။
သူလို့ထက် ကြီးမားသော အစွမ်းသတ္တိနဲ့ တန်ခိုးဆိသော ခေါန်းခင်တမန်လို့လည်းဘဲ ထာဝရဘုရား ဆေ့တော်နှိုက် သူလို့အပေါ် စော်ကားခြင်းဟို မလုပ်ကြ။
ဆေ့ခေတ် ကမ္ဘာဟိုလည်း မညှာတာဘဲ အေးဘုရားတရားမဲ့သော ကမ္ဘာဟို ယေလွှမ်းမိုးစေယွေ့ ဖြောင့်မတ်ခြင်းတရားဟို ဟောပြောသော နောဧနဲ့အတူ တခြား လူခုနေဦးဟို ကယ်တင်အယ်။
အဲကျောန့် ထာဝရဘုရားဟ ဘုရားဝတ်နှိုက် မွေ့လျော်သောသူလို့ဟို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်ရမယ်ဟို လည်းကောင်း၊ မဖြောင့်မတ်သော သူလို့ဟို တရားစီရင်ရာ နေ့ရက်နှိုက် အပစ်ဒဏ်ခံစေရန် ထိန်းသိမ်းထားရမယ်ဟို လည်းကောင်း သိအယ်။
အပစ်ဟို ပြုနေသောသူဟ မာရ်နတ်နဲ့ စပ်ဆိုင်သောသူ ဖြစ်အယ်။ အကျောန်းမှာ မာရ်နတ်ဟ ဆေ့ဦးဟပင် အပစ်ပြုလျက် ဆိအယ်။ ဘုရားသခင်ရဲ့ သားတော် ပေါ်ထွန်းခဲ့တာဟ မာရ်နတ်ရဲ့ လုပ်ဆောင်မှုလို့ဟို ပယ်လောရန်အတွက် ဖြစ်အယ်။
မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။
သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။