Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ပေတရု 2:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 ရမ်းဆာ့သော လူလို့ဟလည်း အေးသူလို့ရဲ့ ကာမဂုဏ်လိုက်စားခြင်း နောက်ဟို လိုက်သဖြင့် သမ္မာတရားလမ်းဟ အေးသူလို့ကျောန့် စော်ကားပြောဆိုခြင်း ခံရလိမ့်မယ်။

Faic an caibideil Dèan lethbhreac




၂ ပေတရု 2:2
36 Iomraidhean Croise  

အဲပင်းရင် သူလို့ဟ မိမိလို့ရဲ့ တဘဲ့များဟို ဟေရုဒ်ရဲ့ ပါတီဝင်တချို့နဲ့အတူ အထံတော်ဟို စေလွှတ်ပင်းရင် “ဆရာ၊ ဆရာဟ သမ္မာတရားဟို ပြောကျောန်း ငါလို့သိအယ်။ တခြားသူများ စလိုထင်ကျောန်းဟို ဂရုမစိုက်ဘဲ လူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း သမ္မာတရားဟို သွန်သင်အယ်။ ပစာကို့ စသူရဲ့ အဆင့်အတန်းဟိုမှ အလေးမထားပါ။


အကျောန်းမှာ မေဆှိယ အတုယောင်များနဲ့ ပရောဖက်အတု အယောင်များ ပေါ်ပေါက်လာပင်း ဖြစ်နိန်ပါက ရွေးချယ်ထားသော သူများဟိုပင် ဝါနိန်ရန် ကြီးမားသော နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်သောအရာများဟို ပြကြလိမ့်မယ်။


အဲလိုလဲ အသက်ဆှင်ခြင်းဟို ရောက်သော ထင်ခါးဟ ကျဉ်းမြောင်းယွေ့ လမ်းဟ ကြမ်းပင်း အဲလမ်းဟို တွေ့ဆိသူလို့ဟ နည်းကြအယ်။


သူလို့ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ လူတွေ ပစာထင်တဲ့အကျောန်းဟို စိတ်မပူပဲ၊ ကိုယ်တော်ဟ အမန်ပြောတာဟို ငါလို့သိအယ်၊ ကိုယ်တော်ဟ တဦးတယောက်ရဲ့ အခြေအနေဟို ကရုမစိုက်သော်လည်း၊ လူများအတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း အမန်အတိုင်း သွန်သင်ပါအယ်။ ငါလို့အား ပြောပါ၊ ရောမအစိုးရအား အခွန်ပေးဆောင်ခြင်းဟ ငါလို့ရဲ့ ဥပဒေနဲ့ ဆန့်ကျင်ပါသလော၊ ငါလို့ဟ သူလို့ဟို အခွန်ဆောင်သင့်သလော အဲဟာမဟုတ်ရင် မဆက်သင့်သလော” ဟု မေးကြအယ်။


အကျောန်းမှာ မေဆှိယ အတုအယောင်များနဲ့ ပရောဖက် အတုအယောင်များ ပေါ်လာလိမ့်မယ်။ သူလို့ဟ ဖြစ်နိန်ပါက ဘုရားသခင် ရွေးချယ်ထားသူများဟိုပင် လှည့်ဖြားနိန်ရန် အံ့ဩဖွယ်အမှုများနဲ့ နိမိတ်လက္ခဏာများဟို ပြကြလိမ့်မယ်။


ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။


“စဉ်းလဲခြင်းအပေါင်းနဲ့ လှည့်စားမှု ဆိသမျှလို့ဖြင့် ပြေ့ဝသူ၊ မာရ်နတ်ရဲ့ သား၊ ဖြောင့်မတ်ခြင်း အပေါင်းလို့ရဲ့ ရန်သူ၊ နင်ဟ ထာဝရဘုရားရဲ့ ဖြောင့်မတ်သောလမ်းဟို ကွေ့ကောက်အောန် လုပ်ခြင်းမှ မရပ်တန့်ဘဲ နေမလော။


အဲလိုလဲ မယုံကြည်ကြလဲ့ ယုဒအမျိုးသားလို့ဟ လူမျိုးခြားလို့ဟို သွေးထိုးလှုံ့ဆော်ယွေ့ ညီအကိုလို့အပေါ် မနာလိုစိတ် ဆိကြအယ်။


အေးမိန်းမဟ ပေါလုနဲ့ ငါလို့နောက်ဟို လိုက်ပင်း “အေးသူလို့အား အမြင့်ဆုံးသော ဘုရားရဲ့ အစေခံများ ဖြစ်ယွေ့ နင်လို့အား ကယ်တင်ခြင်း တရားဟို ဟောပြောသူများ ဖြစ်အယ်” လို့ အော်လေအယ်။


သူဟ တရားဇရပ်နှိုက် ရဲရင့်စွာ စတင် ပြောဆိုခဲ့အယ်။ အာကုလနဲ့ ပြစ်ကိလလို့ဟ သူပြောနေတာဟို ကြားသောအခါ သူလို့နေအိုင်ဟို ခေါ်ဖိတ်ယွေ့ ဘုရားသခင်ရဲ့ လမ်းစဉ်အကျောန်းဟို ပိုပင်း သေချာစွာ ဆှင်းပြပေးကြအယ်။


အဲလိုလဲ အချို့လို့ဟ ခိုင်မာသော သဘောဆိယွေ့ မယုံဘဲ နေသဖြင့်၊ လူအပေါင်းလို့ဆေ့တွင် ဘုရားသခင်ရဲ့ လမ်းစဉ်အကျောန်း မကောင်းသော စကားဟို ပြောကြအယ်။ အေးကျောန့် ပေါလုဟ တဘဲ့တော်လို့ဟို ခေါ်ယွေ့ သူလို့ဆေမှ ထွက်သွားပင်း တုရန္နုရဲ့ စာသင်ခန်းမဆောင်တွင် နေ့တိုင်း ဆွေးနွေး ပြောဆိုလေအယ်။


ငါဟ သူရဲ့ လမ်းစဉ်ဟို လိုက်ဆှောက်သော သူများအား အသေသတ်လဲ့အထိ ငြင်းဆဲခဲ့ပါအယ်။ ငါဟ ယောက်ျားနဲ့ မိန်းမလို့ဟို ဖမ်းဆီးယွေ့ ထောင်ချခဲ့ပါအယ်။


အေးသူလို့ဟ လွဲမားတာဟု ယူဆလဲ့လမ်းစဉ်အရ ငါဟ ဖိုးဖေးများရဲ့ ဘုရားသခင်ဟို ကိုးကွယ်ကျောန်းဟို နင့်အား ငါ ဝန်ခံပါအယ်။ အဲလိုလဲ ငါဟ မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင် ရေးသားထားသမျှသော အရာလို့ဟို ယုံကြည်ပါအယ်။


ကျမ်းစာပြောချက်အရ “ယုဒလူမျိုးလို့ကျောန့် လူမျိုးခြားလို့ဟ ဘုရားသခင်ဟို မကောင်းတာ ပြောကြအယ်။”


အဲကျောန့် ငယ်ရွယ်သောမုဆိုးမဟ အိုင်ထောင်ပြုလျက် လူပဲ့သူငယ်များ မွေးကာ အိုင်မှုကိစ္စဟို စီမံယွေ့ ရန်သူအား ကဲ့ရဲ့ပစ်တင်ခြင်း အခွင့်ဟို မပေးရန် ငါအလိုဆိအယ်။


ဣန္ဒြေစောင့်သောသူနဲ့ သန့်ဆှင်းသောသူ၊ အိမ်မှုကိစ္စဟို ဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိဖိုးအိုဟို နားထောင်သောသူဖြစ်ကြရန် သတိပေးဆုံးမနိန်သဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မယ်။


အပစ်တင်စရာမဆိသော မန်ကန်ပြေ့စုံလဲ့စကားဟို ပြောဆိုလော့။ အေးလို့ပြုရင် ဆန့်ကျင်ဘက်ပြုသောသူဟ ငါလို့နဲ့ ပတ်သက်ယွေ့ မကောင်းသော အရာတစုံတခုဟိုမှ မပြောဆိုနိန်ဘဲ အဆှက်ရလိမ့်မယ်။


ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။


အဲလိုလဲ သူလို့ဟ ဖမ်းဆီးခြင်းနဲ့ ဖျက်ဆီးခြင်း ခံရရန်အတွက် မွေးလာလဲ့ တိရစ္ဆာန်ရိုင်းများလိုမျိုး ဖြစ်ကြပင်း မိမိလို့ နားမလည်လဲ့ အရာများဟို စော်ကားပြောဆိုတတ်ကြအယ်။ သူလို့ဟ အေးတိရစ္ဆာန်များ ပျက်စီးသလိုမျိုး ပျက်စီးသွားယွေ့၊


သူလို့ဟ လမ်းဖြောင့်ဟို စွန့်ခွာယွေ့ လမ်းလွဲကာ မတရားမှုကျောန့် ရဆိသော အဖိုးအခဟို နှစ်သက်လဲ့ ဗော်သော်ရဲ့ သား ဗာလမ်ရဲ့ လမ်းစဉ်ဟို လိုက်ကြအယ်။


အကျောန်းမှာ သူလို့ဟ အလကားကား ချဲ့ထွင်ဝါကြွားလျက် မားယွင်းခြင်းနှိုက် အသက်ဆှင်နေထိန်သော သူလို့ထဲမှ လွတ်မြောက်ခါစ ဆိသော သူလို့ဟို သွေးသားဇာတိရဲ့ တပ်မက်ခြင်းနဲ့ ကာမဂုဏ်လိုက်စားခြင်းလို့ဖြင့် လှည့်စားဆွဲဆောင်ကြအယ်။


အကျောန်းမှာ ဖြောင့်မတ်ခြင်းလမ်းဟို သိလျက်နဲ့ မိမိလို့ဆေ ပေးအပ်ထားလဲ့ သန့်ဆှင်းသော ပညတ်တော်ဟို ကျောခိုင်းတာထက် ၎င်းဟို မသိခဲ့ရင် သူလို့အတွက် ပိုပင်း ကောင်းအယ်။


အဲအခါ စောင့်စည်းမှု မဆိသော သူလို့ရဲ့ ကာမဂုဏ်လိုက်စားသော အသက်ဆှင် နေထိန်မှုကျောန့် စိတ်နှောင့်ယှက်ခံရလဲ့ ဖြောင့်မတ်သော လောတဟို ကယ်နုတ်အယ်။


သူလို့ဟတော့ မိမိလို့ မသိသောအရာများဟို စော်ကားပြောဆိုကြလျက် ဆင်ခြင်ဉာဏ် မဆိသော တိရစ္ဆာန်များလိုမျိုး ပင်ကိုယ်သဘာဝအရ သိထားလဲ့အရာများနှိုက်ပင် ပျက်စီးခြင်းဟို ရောက်တတ်ကြအယ်။


ဟေစာဟ လူအပေါင်းလို့ဟို တရားစီရင်ရန်နဲ့ ဘုရားတရားမဲ့စွာဖြင့် ပြုခဲ့သော သူလို့ရဲ့ ဘုရားတရားမဲ့ခြင်း အမှုအလုံးစုံအတွက် လည်းကောင်း၊ ဘုရားတရားမဲ့သော အပစ်သားလို့ဟ ဘုရားသခင်ဟို ဆန့်ကျင်ပြောဆိုလဲ့ ပြင်ထန်သော စကားအလုံးစုံအတွက် လည်းကောင်း သူလို့ အားလုံးရဲ့ အပစ်ဟို ဖော်ပြရန် ဖြစ်အယ်” ဟု ဆိုထားအယ်။


အကျောန်းမှာ ငါလို့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ကာမဂုဏ်လိုက်စားခြင်း အဖြစ်သို့ ပြောင်းလဲစေယွေ့ တပါးတည်းသော အဆှင်ဖြစ်သော ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ငြင်းပယ်ကြလဲ့ ဘုရားမသိသောသူ အချို့လို့ဟ တိတ်တခိုး ဝင်ရောက်လာကြအယ်။ သူလို့ဟ ဟေပစ်ဒဏ်စီရင်ခြင်းဟို ခံရမယ်ဟု ဆေ့မခင်ကပင် ရေးထားလေပီ။


အေးလိုမျိုး သောဒုံမြို့၊ ဂေါမောရမြို့ရဲ့ ပတ်ဝန်းကျင်မြို့များဟလည်း အေးသူလို့နည်းတူ မတရားသော မေထုန်ပြုခြင်းနှိုက် ကျင်လည်ယွေ့ သဘာဝနဲ့ ဆန့်ကျင်သော သွေးသားတက်မက်ခြင်း အလိုဟိုလိုက်ကြသဖြင့် ထာဝရမီးနဲ့ဆိုင်သော အပစ်ဒဏ်ဟို ခံရလျက် သင်ခန်းစာယူစရာ ဖြစ်လာကြအယ်။


အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။


သူဟ ပထမ သားရဲဆေ့နှိုက် ပြုခွင့်ရဆိထားသော နိမိတ်လက္ခဏာများအားဖြင့် မြေကြီးပေါ်တွင် နေထိန်သော သူအားလုံးလို့ဟို လှည့်စားယွေ့ ထားဒဏ်ရာ ဆိသော်လည်း အသက်ဆှင်ခဲ့သော သားရဲရဲ့ ရုပ်တုဟို ပြုလုပ်ရန် မြေကြီးပေါ်နှိုက် နေထိန်သောသူလို့အား စေခိုင်းအယ်။


အသေသတ်ခြင်း ခံရလဲ့ သိုးသငယ်ရဲ့ အသက်စာစောင်နှိုက် ကမ္ဘာဦးမှ စယွေ့ နာမယ် မရေးထားသော မြေကြီးပေါ်တွင် နေထိန်သူအားလုံးလို့ဟ အဲသားရဲဟို ကိုးကွယ်ကြလိမ့်မယ်။


Lean sinn:

Sanasan


Sanasan