၂ ပေတရု 2:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား1 အဲလိုလဲ မားယွင်းသော ပရောဖက်များဟ လူမျိုးတော်ထဲနှိုက် ပေါ်လာသလိုမျိုး နင်လို့ထဲနှိုက်လည်း ဆရာအတုအယောင်များ ပေါ်လာကြလိမ့်မယ်။ အေးသူလို့ဟ ပျက်စီးခြင်းဟို ရောက်စေမယ့် မားယွင်းသော အယူဝါဒများဟို လျှို့ဝှက်စွာ ယူဆောင်လာယွေ့ မိမိလို့ဟို ရွေးနှုတ်ဝယ်ယူသော သခင်ဟိုပင် ငြင်းပယ်ကာ မိမိလို့အပေါ် လျင်မြန်သော ပျက်စီးခြင်းဟို ကျရောက်စေကြလိမ့်မယ်။ Faic an caibideil |
မမန်ကန်သော နှိမ့်ချခြင်း၊ ခေါန်းခင်တမန်လို့အား ကိုးကွယ်ခြင်းလို့ဟို အလေးနက် ပြောဆိုယွေ့ မိမိလို့ မျော်လဲ့ရူပါရုံများဟို အကျောန်းပြုကာ မိမိလို့ဟ အခြားသူလို့ထက် သာတာဟု ပြောဆိုတတ်သူများဟ နင်လို့အား ရှုတ်ချခွင့်ဟို မပေးနဲ့။ သူလို့ဟ လူ့သဘောဖြင့် စဉ်းစားဆင်ခြင်လျက် အကျောန်းမဲ့ အလကားကား ထောင်လွှားလျက် ဆိကြအယ်၊
အဲပင်းရင် သူလို့ဟ သီချင်းအသစ်ဟို သီဆိုလျက်၊ “ကိုယ်တော်ဟ စာလိပ်ဟို ယူယွေ့ အေးရဲ့ တံဆိပ်များဟို ဖွင့်ရန် ထိုက်တန်သောသူ ဖြစ်အယ်။ အကျောန်းမှာ ကိုယ်တော်ဟ အသေသတ်ခြင်း ခံရယွေ့ ကိုယ်တော်ရဲ့ အသွေးအားဖြင့် လူမျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနဲ့ တိုင်းနိုင်ငံအသီးသီးလို့ထဲမှ လူလို့ဟို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူအယ်။