7 ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းနှိုက် ညီအကိုချင်း ချစ်သောမေတ္တာဟို လည်းကောင်း၊ ညီအကိုချင်း ချစ်သောမေတ္တာနှိုက် ချစ်ခြင်းမေတ္တာဟို လည်းကောင်း လုံ့လဝီရိယ ဆိသမျှဖြင့် ထပ်ဆင့် ဖြည့်စွက်ကြလော့။
တယောက်နဲ့ တယောက် ချစ်ခြင်းမေတ္တာနဲ့ တည်နေကြလော့၊ ချီးမြှောက်ခြင်းမှာ သူတပါးဟို ကိုယ့်ထက် ချီးမြှောက်ကြလော့။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
ဟေအရည်သွေးများဟို မေတ္တာဖြင့် ဖြည့်စွက်ကြလော့၊ မေတ္တာဟ အရာအားလုံးဟို စုစည်းယွေ့ စည်းလုံးညီညွတ်စေကြလော့။
ငါလို့ဟ နင်လို့ဟို ချစ်သလိုမျိုး နင်လို့ဟလည်း အချင်းချင်းချစ်သော မေတ္တာနှိုက် လည်းကောင်း၊ လူအပေါင်းလို့ဟို ချစ်သော မေတ္တာနှိုက် လည်းကောင်း၊ တိုးပွားယွေ့ ကြွယ်ဝပြေ့စုံမဲ့အကျောန်း သခင်ဘုရား ပြုပါစေသော။
စသူမှ သူတပါးအပေါ် အမားဟို အမားနဲ့ မတုံ့ပြန်ကြစေရန် သတိပြုကြလော့၊ အချင်းချင်းအတွက် လည်းကောင်း၊ လူအားလုံးလို့အတွက် လည်းကောင်း၊ ကောင်းကျိုးဟိုသာ အမြဲကြိုးစား လုပ်ကြလော့။
နင်လို့ဟ ခရစ်ယာန် ညီအကို မောင်နှမလို့ အနေဖြင့် တဦးဟို တဦး ချစ်ခြင်းမေတ္တာနှိုက် တည်ကြလော့။
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။
လူအားလုံးလို့ဟို ရိုသေကြလော့။ တခြားယုံကြည်သူများဟိုလည်း ချစ်ကြလော့။ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့။ ဆှင်ဘုရင်ဟို လေးစားကြလော့။
နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။
ငါလို့ဟ ညီအကို မောင်နှမလို့ ချစ်ကြသောကျောန့် သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးပြောင်းပီဖြစ်ကျောန်း ငါလို့ သိကြအယ်။ မချစ်သောသူဟ သေခြင်းနှိုက် တည်အယ်။
ခရစ်တော်ဟ ငါလို့အတွက် မိမိအသက်ဟို စွန့်သောကျောန့် ငါလို့ဟ အဲအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာဟို သိရကြပီ။ ငါလို့ဟလည်း ညီအကို မောင်နှမလို့အတွက် အသက်ဟို စွန့်သင့်အယ်။
ဘုရားသခင်ဟို ချစ်သောသူဟ မိမိညီအကို မောင်နှမဟိုလည်း ချစ်ရမယ် ဟူသော ဟေပညတ်တော်ဟို ကိုယ်တော်ဆေမှ ငါလို့ ရဆိကြအယ်။