Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ပေတရု 1:17 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

17 အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဆေမှ ဂုဏ်တော်နဲ့ ဘုန်းတော်ဟို ကိုယ်တော်ခံယူစဉ် ကြီးမြတ်သော ဘုန်းအသရေထဲမှ “ဟေသူဟ ငါချစ်သော ငါ့သား ဖြစ်အယ်။ သူ့ဟို ငါ နှစ်သက်အယ်” ဟူသော အသံတော်ဟ ကိုယ်တော်ဆေဟို ရောက်ဆိလာအယ်။

Faic an caibideil Dèan lethbhreac




၂ ပေတရု 1:17
36 Iomraidhean Croise  

“ငါနှစ်သက်မြတ်နိုးသူ၊ ငါရွေးချယ်သော ငါ့အစေခံဟို ကျေ့ကြလော့၊ ငါရဲ့ ဝိညာဉ်တော်ဟို သူရဲ့အပေါ်ဟို သက်ရောက်စေမယ်။ သူဟ ငါတရားစီရင်ချက်ဟို လူမျိုးတကာလို့အား ကြေညာလိမ့်မယ်။


အဲပင်းရင် မောရှေနဲ့ ဧလိယဟ ယေရှုနဲ့ စကားပြောလျက်နေတာဟို တဘဲ့တော် သုံးယောက်ဟ မျော်ကြအယ်။


အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။


အဲလိုမို့ နင်လို့ဟ သွားယွေ့ လူမျိုးတကာလို့ဟို ငါ့တဘဲ့ ဖြစ်စေကြလော့။ သူလို့အား ခမည်းတော်၊ သားတော်၊ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နှစ်ခြင်းမင်္ဂလာဟို ပေးကြလော့။


အေးနောက် “ဟေသူဟ ငါ နှစ်သက်မြတ်နိုးရာ၊ ငါရဲ့ ချစ်သား ဖြစ်အယ်” ဟု ခေါန်းခင်မှ အသံတော် ပေါ်ထွက်လာအယ်။


မိုးခေါန်းခင် ပေါ်မှ လာသော အသံဟ “နင်ဟ ငါပိုင်တဲ့ ငါရဲ့ ချစ်သား ဖြစ်အယ်။ ငါ နှစ်သက်မြတ်နိုးသောသူ ဖြစ်အယ်။”


အဲပင်းရင် မိုးချေးသားတခုဟ ပေါ်လာယွေ့ သူလို့ဟို မိုးတိမ်ရိပ်နဲ့အတူ အုပ်ကာ “ဟေသူဟာ ငါ့ချစ်သား ဖြစ်အယ်၊ သူရဲ့ စကားဟို နားထောင်လော့” ဟု မိုးချေးသားဟ အသံထွက်ပေါ်လာအယ်။


“ငါ့အဖဟ အရာအားလုံးဟို ငါ့အား ပေးအယ်၊ သားတော်ဟ စသူဖြစ်ကျောန်းဟို ခမည်းတော်မှလွဲရင် စသူမှ မသိ၊ အဖဟ စသူဖြစ်ကျောန်းဟိုလည်း သားတော်နဲ့ သားတော်ဟ ဖော်ပြလိုသူမှလွဲရင် စသူမှ မသိ” ဟု မိန့်အယ်။


သန့်ဆှင်းသော ဝိညာဉ်တော်ဟ ချိုးတူးမပုံစံဖြင့် ယေရှု အပေါ်ဟို ဆင်းသက်အယ်။ မိုးခေါန်းခင်မှ “နင်ဟ ငါရဲ့ ချစ်သား ဖြစ်အယ်၊ နင်ဟ ငါနှစ်သက် မြတ်နိုးရာ ဖြစ်အယ်” ဟု အသံပေါ်ထွက်လာအယ်။


ခမည်းတော်ဟ ငါ့ဟို ရွေးချယ်ယွေ့ ဟေလောကဟို စေလွှတ်အယ်။ အဲလိုမို့ ငါဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်အယ်ဟု ဆိုခြင်းဟ ငါဟ ဘုရားသခင်ဟို ပစ်မားလဲ့စကားဟို ပြောအယ်လို့ စလိုကျောန့် နင်လို့ ဆိုနိန်တုန်း။


ငါဟ ခမည်းတော်နှိုက် ဆိယွေ့ ခမည်းတော်ဟ ငါနှိုက် ဆိကျောန်းဟို ယုံကြလော့။ မယုံရင် ငါပြုသောအမှုများဟို ထောက်ယွေ့ ယုံကြလော့။


ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။


အဲသူအပေါင်းလို့ဟ တလုံးတဝတည်း ဖြစ်ကြစေရန် ဆုတောင်းပါအယ်။ အိုအဖ၊ ကိုယ်တော်ဟ ငါနှိုက် တည်ဆိယွေ့ ငါဟလည်း ကိုယ်တော်နှိုက် တည်ဆိသလို အဲသူလို့ဟ ငါလို့နှိုက် တည်ဆိစေမန့်။ ငါ့ဟို ကိုယ်တော်စေလွှတ်ကျောန်းဟို လောကသားလို့ ယုံကြည်ကြစေရန် အဲသူလို့ဟို တလုံးတဝတည်း ဖြစ်စေပါ။


ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။


ခမည်းတော်ဟ သူ့သားတော်ဟို ချစ်ယွေ့ အရာခပ်သိမ်းလို့ဟို သားတော်လက်သို့ ပေးအပ်ပီ။


ခမည်းတော်ဟ သားတော်ဟို ချစ်သဖြင့် မိမိပြုသမျှသောအမှုအရာများဟို သားတော်အား ပြသအယ်။ ဟေအမှုအရာများထက်ပင် ကြီးစွာသောအမှုအရာများဟို ပြုရန် ခမည်းတော်ဟ သားတော်အား ပြသပေးမယ် ဖြစ်ယွေ့ နင်လို့ဟ အံ့ဩကြလိမ့်မယ်။


အကျောန်းမှာ ခမည်းတော်ဟ မိမိနှိုက် အသက်ဆှင်လဲ့တိုင်းတိုင်း သားတော်ဟိုလည်း မိမိနှိုက် အသက်ဆှင်စေခြင်းငှာ အခွင့်ပေးအယ်။


ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။


ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊


ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်ရန် ဖြစ်အယ်။


အဲကျောန့် နင်လို့ဟ ငါလို့ အဆှင် ယေရှု ခရစ်တော်ရဲ့ အဖတည်းဟူသော ဘုရားသခင်ဟို တညီတညွတ်တည်း စလောင်ဖြင့် ဂုဏ်တော်ဟို ချီးမွန်းနိန်ကြလိမ့်မယ်။


ငါလို့ သခင် ယေရှုခရစ်တော်ရဲ့ ခမည်းတော် ဘုရားသခင်၊ သနားခြင်းနဲ့ ပြေ့စုံသော အဖတည်းဟူသော နှစ်သိမ့်ခြင်း အလုံးစုံလို့ဟို ပေးသော ဘုရားသခင်ဟ မင်္ဂလာဆိမန့်စေ။


ငါဟ ဝါမပြောကျောန်းဟို သခင် ယေရှုရဲ့ ခမည်းတော်ဖြစ်သော ထာဝရ မင်္ဂလာဆိလဲ့ ဘုရားသခင် သိအယ်။


သားတော်ဟ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ထွန်းလင်းတောက်ပလျက် ဆိပင်း ကိုယ်တော်ဟ ဘုရားသခင်ရဲ့ ဇာတိအဖြစ်လို့ဟို မန်ကန်သော ပုံသဏ္ဌာန်ဖြစ်လျက် မိမိရဲ့ တန်ခိုးနဲ့ ပြေ့စုံသော အမိန့်အားဖြင့် အရာခပ်သိမ်းဟို တည်နေစေအယ်။ ကိုယ်တော်ဟ လူသားလို့အား အပစ်များမှ စင်ကြယ်စေရန် ဆောင်ရွက်ပင်းနောက် မြင့်သောအရပ်တွင် ဆိသော အနန္တတန်ခိုးဆှင် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ထိန်နေအယ်။


ခမည်းတော် ဘုရားသခင်ဆေမှ လည်းကောင်း၊ ခမည်းတော်ရဲ့ သားတော် ယေရှု ခရစ်တော်ဆေမှ လည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နဲ့ ငြိမ်သက်ခြင်းဟ သမ္မာတရားနဲ့ ချစ်ခြင်း မေတ္တာလို့ဟို အမှီပြုလျက် ငါလို့နှိုက် ဆိမန့်စေ။


ယေရှု ခရစ်တော်ရဲ့ အစေခံ၊ ယာကုပ်ရဲ့ ညီ ငါယုဒဟ — အဖဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟို ခံစားရယွေ့ ယေရှု ခရစ်တော်ရဲ့ စောင့်ဆှောက်မှု အောက်နှိုက် ဆိသော ခေါ်ယူခြင်း ခံရသူလို့ ဆေဟို စာရေးလိုက်အယ်။


Lean sinn:

Sanasan


Sanasan