14 ပစာကို့ ငါလို့ သခင် ယေရှု ခရစ်တော်ဟလည်း ငါ့အား ဖော်ပြလဲ့အတိုင်း ငါရဲ့ ခန္ဓာတဲဟို မကြာခင် ချွတ်ပယ်ရမယ် ဖြစ်ကျောန်း ငါသိအယ်။
ရှိမုန် ပေတရုဟ ကိုယ်တော်အား “သခင်ဘုရား၊ ပစာအရပ်ဟို ကြွမှာတုန်း” ဟု မေးဆှောက်အယ်။ ယေရှုဟ “ငါသွားရာအရပ်သို့ နင်ဟ အခု မလိုက်နိန်၊ နောက်မှ လိုက်ရလိမ့်မယ်” ဟု ပြန်ပြောအယ်။
“အခုဟ နိုင်ငံတော်အကျောန်းဟို နင်လို့အားလုံး အလယ်နှိုက် လှည့်လည်ဟောပြောခဲ့သော ငါ့ရဲ့မျက်နှာဟို နင်လို့ မျော်ရတော့မှာ မဟုတ်ကျောန်း ငါ သိအယ်။
အကျောန်းမှာ ငါလို့ဟ မြေကြီးပေါ်မှာဆိသော ငါလို့ရဲ့ ကိုယ်ခန္ဓာနှိုက်နေသော ဟေတဲဟ ပြိုပျက်သွားသောအခါ၊ ဘုရားသခင်ဟ ငါလို့နေထိန်ရန်အတွက် ခေါန်းခင်ဘုံနှိုက် သူ့တတ်တိုင်း တည်ဆောက်ထားသော ထာဝရ နေအိုင်ဟို ငါလို့အား ပေးမယ်ဖြစ်ကျောန်း ငါလို့ သိကြအယ်။
ငါဟ မိမိအသက်ဟို သွန်းလောင်းပူဇော်ရမဲ့အချိန် ကျရောက်လေပီ၊ ဟေလောကမှ စွန့်ခွာရမဲ့အချိန် နီးကပ်လာပီ။
ဟေခန္ဓာတဲနှိုက် ငါအသက်ဆှင်နေသမျှ ကာလပတ်လုံး အေးလို့ သတိပေးနှိုးဆော်ခြင်း အားဖြင့် နင်လို့ဟို နိုးကြားတက်ကြွ စေသင့်အယ်ဟု ငါ မှတ်ယူထားအယ်။