Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ကောရိန္သု 9:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 နင်လို့ ကူညီရန် စိတ်စေတနာ ထက်သန်တာဟို ငါ သိအယ်၊ အဲလိုမို့ နင်လို့အကျောန်းဟို မာကေဒေါနိပြေသားလို့အား ငါ ဝါကြွားခဲ့အယ်။ အခါယပြေဆိ ယုံကြည်သူလို့ဟ လွန်ခဲ့သောနှစ်ဟပင် ပေးလှူရန် အသင့်ဆိကြအယ်ဟု သူလို့အား ငါပြောကြားခဲ့အယ်။ နင်လို့ရဲ့ စိတ်အားထက်သန်မှုဟ များစွာသော သူလို့ဟို နှိုးဆော်ပေးအယ်။

Faic an caibideil Dèan lethbhreac




၂ ကောရိန္သု 9:2
14 Iomraidhean Croise  

အခါယပြေဟို ဂါလျုန်မင်းဟ ရောမအစိုးရ ဖြစ်နေသောအခါ ယုဒအမျိုးသားလို့ဟ စုရုံးလျက် ပေါလုဟို ဖမ်းပင်း တရားပလ္လင်ဆေ့ဟို ခေါ်သွားခဲ့ကြအယ်။


“ငါဟ ယေရုရှလင်မြို့မှ ထွက်သွားယွေ့ နှစ်အတန်ကြာပင်းနောက် ငါ့ရဲ့ လူများအတွက် အလှူငွေတချို့ဟို ပေးကမ်းရန်နဲ့ ဘုရားသခင်ဟို ပူဇော်သကာဆက်သရန်အတွက် ငါ ပြန်ရောက်ဆိလာပါအယ်။


အကျောန်းမှာ မာကေဒေါနိပြေနဲ့ အခါယပြေဆိ အသင်းတော်လို့ဟ ယေရုရှလင်မြို့ဆိ သန့်ဆှင်းသူများထဲမှ ဆင်းရဲသောသူလို့ဟို ပေးလှူထောက်ပံ့ရန် ဆုံးဖြတ်ကြအယ်။


ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။


ဘုရားသခင်ရဲ့ အလိုတော်အားဖြင့် ခရစ်တော် ယေရှုရဲ့ တမန်တော်ဖြစ်သော ငါပေါလုနဲ့ ငါလို့ညီ တိမောသေဆေမှ — ကောရိန့်မြို့နှိုက် ဆိသော ဘုရားသခင်ရဲ့ အသင်းတော်မှစယွေ့ အခါယပြေ တဝန်းလုံးနှိုက် ဆိသော ဘုရားသခင်ရဲ့ လူအပေါင်းလို့ဆေဟို စာရေးလိုက်အယ်။


ငါဟ နင်လို့အကျောန်းဟို သူ့အား ဝါကြွားခဲ့သော်လည်း နင်လို့ဟ ငါ့ဟို စိတ်ပျက်စေခြင်း မဆိခဲ့။ ငါလို့ဟ နင်လို့အား မန်ကန်သောအရာဟို အစဉ်အမြဲ ပြောခဲ့လဲ့နည်းတူ တိတုဟို ငါလို့ ဝါကြွားသောအရာဟလည်း ဟုတ်မန်ကျောန်း ထင်ဆှားခဲ့ပီ။


ငါဟ နင်လို့ဟို ရမ်းဆာ့ ယုံကြည်စိတ်ချအယ်၊ နင်လို့အတွက် ရမ်းဆာ့ ဂုဏ်ယူအယ်။ ငါဟ နှစ်သိမ့်မှုဟို အပြေ့ဝ ခံစားရယွေ့ ငါလို့ခံရသော ဆင်းရဲဒုက္ခအပေါင်းလို့နှိုက် ဝမ်းမြောက်ခြင်းနဲ့ ပြေ့ဝလျက် ဆိအယ်။


မနှစ်ဟ နင်လို့စတင်ခဲ့တာဟို အခုချက်ချင်း ပီးအောန်လုပ်ဖို့ ပိုကောင်းတယ်လို့ ငါထင်မြင်အယ်။ နင်လို့ဟ စေတနာစိတ်နဲ့ ပေးကမ်းခြင်းဟို အစပြုခဲ့အယ်။


အဲကျောန့် ဟေအမှုဟို ဆောင်ရွက်ကာ ပီးစီးစေကြလော့။ နင်လို့ဟ ဟေအမှုဟို ကြံစည်ရာတွင် စိတ်အားထက်သန်သလို ဆောင်ရွက်ရာတွင်လည်း စိတ်အားထက်သန်ကြလော့၊ နင်လို့ တတ်နိန်သမျှ ပေးကမ်းကြလော့။


အဲမှတပါး၊ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ထောက်ယွေ့ ငါလို့အား ကူညီလိုကျောန်း ပြသရန်အတွက် ဟေကျေးဇူးပြုခြင်းအမှုဟို ဆောင်ရွက်ရာတွင် ငါလို့နဲ့အတူ ခရီးသွားရန် အသင်းတော်များဟ ရွေးချယ်ခန့်ထားရသောသူ ဖြစ်အယ်။


အဲကျောန့် နင်လို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နင်လို့အကျောန်း ငါလို့ ဝါကြွားထားသောအရာလို့ဟို အသင်းတော်များ ဆေ့နှိုက် သူလို့အား သက်သေပြကြလော့။


အဲသို့ပြောတာဟ ပညတ်ချက်အနေဖြင့် ငါဆိုတာ မဟုတ်။ အားပေမဲ့ အခြားသောသူလို့ရဲ့ စိတ်အားထက်သန်မှုအားဖြင့် နင်လို့ မေတ္တာရဲ့ စစ်မန်မှုဟို စစ်ဆေးနေခြင်း ဖြစ်အယ်။


အေးကျောန့် နင်ဟ မာကေဒေါနိပြေနဲ့ အခါယပြေဆိ ယုံကြည်သူ အားလုံးအတွက် ပုံသက်သေ ဖြစ်ခဲ့အယ်။


အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။


Lean sinn:

Sanasan


Sanasan