12 နင်လို့ဟ ဟေလုပ်ကျွေးခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူလို့အား ချို့တဲ့နေစဉ် ကူညီထောက်ပံ့တာ သာမက၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းသံဟိုလည်း တခဲနက် ထွက်ပေါ်လာစေအယ်။
နင်လို့ဟလည်း ဆုတောင်းပေးခြင်းအားဖြင့် ငါလို့ဟို ကူညီပေးကြအယ်။ အဲလိုမို့ ငါလို့အတွက် ရမ်းဆာ့သော ဆုတောင်းချက်များဟို ဖြေကြားပေးမယ် ဖြစ်ပင်း ဘုရားသခင်ဟ ငါလို့ဟို ကောင်းချီး ပေးလိမ့်မယ်။ ရမ်းဆာ့သော သူလို့ဟ ငါလို့အတွက် ကျေးဇူးတော်ဟို ချီးမွန်းခြင်းဖြင့် ကိုယ်တော်ဟို ကြွေးကြော်ကြလိမ့်မယ်။
အကျောန်းမှာ ခရစ်တော်ရဲ့ ဆင်းရဲဒုက္ခများဟ ငါလို့နှိုက် များပြားသလို၊ ခရစ်တော်အားဖြင့် ငါလို့ ခံစားရသော နှစ်သိမ့်မှုဟလည်း များပြားလအယ်။
သူလို့ဟ ယုဒပြေဆိ ဘုရားသခင်ရဲ့ သန့်ဆှင်းသူလို့အား ထောက်ပံ့မှုတွင် ပါဝင်ရသော ကျေးဇူးတော်ဟို ခံစားရရန် မိမိလို့ အလိုအလျောက် ငါလို့အား တောင်းပန်ကြအယ်။
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့ဆေ ပေးပို့သော ကူညီထောက်ပံ့နဲ့ ပတ်သက်ယွေ့ နင်လို့အား ငါရေးသားရန် အမန်တကယ် မလိုအပ်ပါ။
အဲလိုလဲ ငါ့ညီ၊ ငါရဲ့ လုပ်ဖော်ဆောင်ဖက်နဲ့ ရဲဘော်ရဲဘက် ဖြစ်လဲ့အပြင် ငါရဲ့ လိုအပ်ချက်များဟို ဖြည့်ဆည်း ဆောင်ရွက်ပေးသော နင်လို့ရဲ့ တမန် ဧပဖြောဒိတ်ဟို နင်လို့ဆေ စေလွှတ်ရန် လိုအပ်တာဟု ငါယူဆအယ်။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။