8 အဲသို့ပြောတာဟ ပညတ်ချက်အနေဖြင့် ငါဆိုတာ မဟုတ်။ အားပေမဲ့ အခြားသောသူလို့ရဲ့ စိတ်အားထက်သန်မှုအားဖြင့် နင်လို့ မေတ္တာရဲ့ စစ်မန်မှုဟို စစ်ဆေးနေခြင်း ဖြစ်အယ်။
ချစ်ခြင်းမေတ္တာဟို ဟန်ဆောင်မှုနဲ့ ကင်းစေလော့၊ မကောင်းမှုဟို မုန်းပင်း ကောင်းသောအရာဟို အမြဲစွဲကိုင်ကြလော့။
သခင်ဘုရားရဲ့ ပညတ်ချက် မဟုတ်သော်လည်း အခြားသူလို့အား ငါပညတ်လိုတာဟ ယုံကြည်သူ အမျိုးသားတယောက်ဟ မယုံကြည်သူ ပေါင်အိုမ ဆိပင်း အဲပေါင်အိုမဟ သဘောတူပေါင်းသင်း နေထိန်လိုရင် သူ့အား မကွာစေနဲ့။
နင်လို့ စာရေး မေးမြန်းလဲ့ အိုင်ထောင်မပြုသူများနဲ့ ပတ်သက်ယွေ့ ငါပြောမဲ့စကားဟ ငါ့အား သခင်ဘုရား မိန့်ချက်အရ ပြောသောစကား မဟုတ်၊ အားပေမဲ့ သခင်ဘုရားရဲ့ သနားခြင်းကျောန့် သစ္စာဆိသူ တယောက်အနေဖြင့် ငါရဲ့ ထင်မြင်ချက်ဟို ဖော်ပြလိုက်အယ်။
ဟေသို့ဆိုရာ ငါဟ နင်လို့အား အမိန့်ပေးခြင်း မဟုတ်၊ ခွင့်ပြုခြင်းသာ ဖြစ်အယ်။
ငါလို့ရဲ့ သန့်ဆှင်းစင်ကြယ်မှု၊ အသိပညာ၊ စိတ်ဆှည်မှု၊ ကြင်နာမှုလို့ဖြင့် ငါလို့ဟ ငါလို့ရဲ့ စစ်မန်သောမေတ္တာဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်အားဖြင့်၊
မနှစ်ဟ နင်လို့စတင်ခဲ့တာဟို အခုချက်ချင်း ပီးအောန်လုပ်ဖို့ ပိုကောင်းတယ်လို့ ငါထင်မြင်အယ်။ နင်လို့ဟ စေတနာစိတ်နဲ့ ပေးကမ်းခြင်းဟို အစပြုခဲ့အယ်။
အဲကျောန့် နင်လို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နင်လို့အကျောန်း ငါလို့ ဝါကြွားထားသောအရာလို့ဟို အသင်းတော်များ ဆေ့နှိုက် သူလို့အား သက်သေပြကြလော့။
နင်လို့ ကူညီရန် စိတ်စေတနာ ထက်သန်တာဟို ငါ သိအယ်၊ အဲလိုမို့ နင်လို့အကျောန်းဟို မာကေဒေါနိပြေသားလို့အား ငါ ဝါကြွားခဲ့အယ်။ အခါယပြေဆိ ယုံကြည်သူလို့ဟ လွန်ခဲ့သောနှစ်ဟပင် ပေးလှူရန် အသင့်ဆိကြအယ်ဟု သူလို့အား ငါပြောကြားခဲ့အယ်။ နင်လို့ရဲ့ စိတ်အားထက်သန်မှုဟ များစွာသော သူလို့ဟို နှိုးဆော်ပေးအယ်။
လူတိုင်းဟ ကိုယ်အလိုအလျောက် လှူရအယ်၊ နှမြောသောစိတ်နဲ့ အလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နဲ့ မလှူရ၊ အကျောန်းမှာ စေတနာစိတ်နဲ့ လှူသောသူဟိုသာ ဘုရားသခင် နှစ်သက်အယ်။
အဲအစား၊ ချစ်ခြင်းမေတ္တာဖြင့် သမ္မာတရားဟို ပြောယွေ့ ဦးခေါင်းဖြစ်သော ခရစ်တော်နှိုက် အရာရာတွင် ကြီးထွားကြမယ်ဖြစ်အယ်။
ငါလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို မဖောက်ပြန်သော မေတ္တာဖြင့် ချစ်သောသူအပေါင်းလို့နှိုက် ကျေးဇူးတော် သက်ရောက်ပါစေသော။
အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။
နင်လို့ဟ သမ္မာတရားဟို နားထောင်ခြင်းအားဖြင့် နင်လို့ရဲ့ စိတ်ဝိညာဉ်များဟို သန့်ဆှင်းစင်ကြယ်စေကြပင်း ဟန်ဆောင်မှု ကင်းလဲ့ ညီအကိုချင်းချစ်သော မေတ္တာဟို ရဆိကြအယ် ဖြစ်ယွေ့ ရိုးသားလဲ့ နေလုံးသားဖြင့် အချင်းချင်း ခိုင်မြဲစွာ ချစ်ကြလော့။