4 သူလို့ဟ ယုဒပြေဆိ ဘုရားသခင်ရဲ့ သန့်ဆှင်းသူလို့အား ထောက်ပံ့မှုတွင် ပါဝင်ရသော ကျေးဇူးတော်ဟို ခံစားရရန် မိမိလို့ အလိုအလျောက် ငါလို့အား တောင်းပန်ကြအယ်။
အမန်အကန် နင်လို့အား ငါပြောတာဟ၊ ငါရဲ့ တဘဲ့များအနက် အသိမ်ငယ်ဆုံးသူ တစုံတယောက်အား ငါရဲ့ မျက်နှာဟို ထောက်ယွေ့ သောက်ယေတမုတ်ဟို ပေးသောသူဟ အကျိုးဟို မခံစားဘဲ မနေရ” ဟု မိန့်အယ်။
ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ အလိုတော်အတိုင်း ဆောင်ရွက်သူမန်သမျှဟ ငါ့ညီ၊ ငါ့နှမနဲ့ ငါမေ့လို့ဖြစ်အယ်” ဟု မိန့်အယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
ဆင်းရဲသူများဟာ နင်လို့နဲ့ အမြဲဆိနေကြသဖြင့် နင်အလိုဆိလဲ့အချိန်တိုင်း၊ နင်လို့ဟ သူလို့ဟို အမြဲကူညီနိန်အယ်။ အဲလိုလဲ ငါဟတော့ နင်လို့နဲ့ အမြဲဆိနေတာ မဟုတ်။
တဘဲ့တော်လို့ဟ အသီးသီး တတ်နိန်လဲ့အတိုင်း ယုဒပြေတွင် နေထိန်ကြသော ညီအကိုများအား ကူညီ ထောက်ပံ့ပေးရန် ဆုံးဖြတ်ကြအယ်။
အေးမိန်းမဟ သူနဲ့ နေအိုင်သူအိုင်သားလို့ နှစ်ခြင်း ခံပင်းသောအခါ သူဟ ငါလို့အား သူရဲ့နေအိုင်ဟို ဖိတ်ခေါ်အယ်။ “ငါဟ ဘုရားသခင်ဟို ယုံကြည်သူဖြစ်အယ်လို့ နင်လို့ ယူဆရင် ငါရဲ့ နေအိုင်ဟို လာရောက်တည်းခိုကြပါ” လို့ ငါလို့အား မရမက ဖိတ်ခေါ်လေအယ်။
“ငါဟ ယေရုရှလင်မြို့မှ ထွက်သွားယွေ့ နှစ်အတန်ကြာပင်းနောက် ငါ့ရဲ့ လူများအတွက် အလှူငွေတချို့ဟို ပေးကမ်းရန်နဲ့ ဘုရားသခင်ဟို ပူဇော်သကာဆက်သရန်အတွက် ငါ ပြန်ရောက်ဆိလာပါအယ်။
ငါဟ ယုဒပြေဆိ မယုံကြည်သူလို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေနိန်ရန်နဲ့ ငါရဲ့ အစေခံမှုဟို ယေရုရှလင်မြို့ဆိ ဘုရားသခင်ရဲ့ လူစုတော်ဟ ဝမ်းသာစွာ လက်ခံနိန်ကြစေရန် ဆုတောင်းကြလော့။
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့အား ထောက်ပံ့ရန်အတွက် အလှူငွေများနဲ့ ပတ်သက်ယွေ့ ဂလာတိပြေဆိ အသင်းတော်များသို့ ငါမှာထားလဲ့အတိုင်း နင်လို့ ပြုကြလော့။
ညီအကို မောင်နှမလို့၊ သတေဖန်နဲ့ အိုင်သူအိုင်သားများဟ အခါယပြေမှ အဦးဆုံးသော ခရစ်ယာန်များ ဖြစ်ယွေ့ ဘုရားသခင်ရဲ့ လူလို့အား ကူညီမစရန် မိမိလို့ကိုယ်ကို ဆက်ကပ်ထားသူများ ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ယုဒပြေဆိ ဘုရားသခင်ရဲ့ လူလို့ဆေ ပေးပို့သော ကူညီထောက်ပံ့နဲ့ ပတ်သက်ယွေ့ နင်လို့အား ငါရေးသားရန် အမန်တကယ် မလိုအပ်ပါ။
သူလို့ တောင်းဆိုသမျှဟ သူလို့အဖွဲ့ထဲမှာ လိုအပ်နေသောသူတွေဟို သတိရစေရန် ဖြစ်အယ်။ အေးအရာဟို ငါလုပ်ချင်စိတ် ပြင်းပြခဲ့အယ်။
အေးလိုမို့ ငါလို့အခွင့်ရသလိုမျိုး၊ အားပင်း အထူးသဖြင့် ယုံကြည်ခြင်းနှိုက် ငါလို့ရဲ့ မိသားစုနဲ့ သက်ဆိုင်သူများနဲ့ လူတိုင်းဟို ကောင်းသောအမှုပြုသင့်တယ်။
အဲ့အပြင် ကောင်းသောအကျင့်ဟို ကျင့်ယွေ့ အသရေဆိသူ ဖြစ်ရမယ်၊ မိမိရဲ့ လူပဲ့သူငယ်များဟို ကောင်းစွာ ပြုစုစောင့်ဆှောက်သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ သန့်ဆှင်းသူလို့အား ကူညီသူ၊ ဒုက္ခရောက်သောသူလို့အား ကူညီမစသူ၊ ကောင်းသောအမှုဆိသမျှလို့ဟို ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။