3 ငါလို့ရဲ့ အမှုတော်ဆောင်ခြင်းဟ စသူ့ဟိုမှ အပစ်မဆှာချင်ဝူး၊ အဲကျောန့် ငါလို့ဟ စသူ့ဟိုမှ အနှောင့်အယှက် တစုံတရာဟိုမျှ မပြု။
အဲလိုလဲ သူလို့ စိတ်မနာသွားစေရန် နင်ဟ အိန်ဟို သွားပင်း ငါးမျှားလော့။ နင်ပထမ မိသော ငါးကို ယူပင်း ငါးစလောင်ဟို ဖွင့်လော့။ ငွေဒင်္ဂါးတပြားဟို တွေ့လိမ့်မယ်။ အဲငွေဟိုယူပင်း နင်နဲ့ ငါ့အတွက် အခွန်တော်ဟို သူလို့အား ပေးဆောင်လော့” ဟု မိန့်အယ်။
“ငါ့ဟို ယုံကြည်လဲ့ လူပဲ့သငယ် တစုံတယောက်အား ယုံကြည်ခြင်း မားစေသူဟ လည်ပင်းတွင် ကြိတ်ဆုံကျောက်ကြီးဟို ဆွဲလျက် ပင်လယ်နက်ထဲဟို အချခံရရင် သူ့အဖို့ ပိုပင်း ကောင်းအယ်။
အေးလို့ဆိုရင် ငါလို့ရဲ့ လုပ်ငန်းဟလည်း နာမယ်ပျက်စေမယ့် အန္တရာယ်ဆိအယ်။ အဲအရာသာမက ကြီးမြတ်သော နတ်ဘုရားမ အာတေမိရဲ့ ဗိမာန်တော်ဟ ပစာအရာမှ အဓိပ္ပာယ်ဆိတော့မှာ မဟုတ်ဘဲ အာရှပြေနဲ့ ကမ္ဘာတဝန်းလုံးဆိ လူတိုင်းကိုးကွယ်သော နတ်ဘုရားမရဲ့ ကြီးမြတ်မှုဟို ဖျက်ဆီးခံရလိမ့်မယ်” ဟု ပြောဆိုလေအယ်။
အေးကျောန့် ငါလို့ဟ အခုအချင်းချင်း မစစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ အဲအစား သူတပါးလို့အား ထိမိယွေ့ လဲစရာ၊ အပစ်ထဲမှာ လဲကျရန် မကြံစည်ကြပါနဲ့။
နင်လို့ဆေမှ အခြားသူလို့ဟ ဟေသို့ ရပိုင်ခွင့် ဆိလျှင် ငါလို့ဟ ပိုပင်း ရပိုင်ခွင့် ဆိအယ် မဟုတ်လော။ အားပေမဲ့ ငါလို့ဟ အေးအခွင့်ရေးဟို မသုံးခဲ့ကြ။ ခရစ်တော်အကျောန်း သတင်းကောင်းအတွက် အဆီးတား မဖြစ်စေရန် တွေ့ကြုံသော အခက်ခဲဆိသမျှဟို သည်းခံခဲ့ကြအယ်။
ငါဟ ယုံကြည်မှု အားနည်းသူလို့ အထဲသို့ ရောက်သောအခါ အေးသူလို့ဟို ကယ်တင်နိန်ရန် ငါဟ ယုံကြည်မှု အားနည်းသူလို နေထိန်အယ်။ အချို့သောသူလို့ဟို တနည်းနည်းအားဖြင့် ကယ်တင်နိန်ရန် ငါဟ လူအမျိုးမျိုးထဲနှိုက် အမျိုးမျိုးနေထိန်အယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
ဟေသို့ ရက်ရောစွာ ပေးကမ်းကြသော အလှူငွေဟို ကိုင်တွယ်ရာတွင် ငါလို့ဟ သူတပါးလို့ရဲ့ အပစ်တင်ခြင်းနဲ့ ကင်းလွတ်စေရန် သတိနဲ့ ဆောင်ရွက်လျက် ဆိကြအယ်။