9 ညှဉ်းဆဲခြင်းဟို ခံရသော်လည်း စွန့်ပစ်ခြင်းဟို မခံရ၊ အလဲထိုးခံရသော်လည်း ဆုံးရှုံးခြင်းသို့ မရောက်။
‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။
ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ငါလို့ဟို စသူ ကွာစေနိန် မလုန်း။ ဆင်းရဲခြင်း၊ ကျဉ်းကျပ်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ ဘေးအန္တရာယ်နဲ့ တွေ့ခြင်း၊ ကွပ်မျက်ခံရခြင်း စတာလို့လော။
အားပေမဲ့ အားငယ်သောသူလို့ဟို နှစ်သိမ့်သော ဘုရားသခင်ဟ တိတု ရောက်ဆိလာခြင်းအားဖြင့် ငါလို့ဟို နှစ်သိမ့်ပေးအယ်။
အမန်စင်စစ် ခရစ်တော် ယေရှုအားဖြင့် ဘုရားဝတ်နှိုက် မွေ့လျော်စွာ အသက်ဆှင်ရန် အလိုဆိသောသူအားလုံးဟ ညှဉ်းဆဲခြင်းဟို ခံရလိမ့်မယ်။
အသက်ဆှင် နေထိန်မှုတွင် ပိတ်ဆန်ဟို တပ်မက်ခြင်း မဆိဘဲ မိမိနှိုက် ဆိသောအရာနဲ့ ရောင့်ရဲကြလော့။