1 ငါလို့ဟ မိမိတတ်တိုင်း ထောက်ခံချီးမွန်း နေကြသလော၊ အဲဟာမဟုတ်ရင် ငါလို့ဟ အခြားသောသူများလို သူတပါး ထောက်ခံပေးသောစာ အဲဟာမဟုတ်ရင် နင်လို့ ထောက်ခံပေးသော စာဟို လိုအပ်သလော။
အာပေါလုဟ အခါယမြို့ဟို သွားဖို့ ဆုံးဖြတ်ချက်ချပင်း ဧဖက်မြို့ဆိ ယုံကြည်သူများဟ အခါယပြေဆိ တဘဲ့တော်များဆေဟို သူ့ဟို ကြိုဆိုဖို့ စာရေးခြင်းအားဖြင့် ကူညီကြအယ်။ သူဟ အခါယပြေဟို ရောက်သောအခါ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ယုံကြည်လာသောသူအား ရမ်းဆာ့ အကူအညီပေးအယ်။
ကင်ခြေမြို့ အသင်းတော်တွင် အစေခံသောသူ၊ ငါလို့ရဲ့ ညီမဖြစ်သူ ဖိဗေရဲ့ အကျောန်းဟို ငါ မိတ်ဆက် အပ်နှံလိုပါအယ်။
နင်လို့ဟလည်း ငါ့လို ပြုကြလော့။ ငါဟ လူလို့ ကယ်တင်ခြင်း ခံရစေရန် မိမိပြုသမျှသော အမှုလို့တွင် ကိုယ့်အကျိုးဟို ငဲ့ယွေ့ သူလို့ နှစ်သက်အောန် ပြုအယ်။
ငါရောက်ဆိလာသောအခါ အမှာစာ ရေးယွေ့ နင်လို့ ရွေးချယ်သူများအား အဲအလှူငွေဟို ယေရုရှလင်မြို့သို့ ယူဆောင်သွားစေမယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ငါခံရတာနဲ့အညီ၊ ကျွမ်းကျင်သော ဗိသုကာကဲ့သို့ တိုက်မြစ်ဟို ချပီ၊ အခြားသောသူဟ အဲတိုက်မြစ်ပေါ်တွင် ထပ်ဆင့်ယွေ့ တည်ဆောက်လေအယ်။ အားပေမဲ့ စလို ထပ်ဆင့်ပင်း တည်ဆောက်တာဟို လူတိုင်း သတိပြုစေ။
အကျောန်းမှာ ခရစ်တော်နှိုက် နင်လို့ဟို သင်ကြားပေးသောသူ ၁၀,၀၀၀ ဆိသော်လည်း အဖဟ တဦးတည်း ဖြစ်အယ်။ ငါဟ သတင်းကောင်းဟို နင်လို့ဆေ ဦးရင် ဟောပြောလာလဲ့အတွက် ငါဟ ခရစ်တော်နှိုက် နင်လို့ရဲ့ အဖ ဖြစ်အယ်။
ငါလို့ဟ မိမိတတ်တိုင်း အဆင့်အတန်း ခွဲခြားခြင်း အဲဟာမဟုတ်ရင် မိမိတတ်တိုင်း ရမ်းဆာ့ အကဲဖြတ်သူများနဲ့ နှိုင်းယှဉ်ဝံ့မယ် မဟုတ်။ စလောက် မိုက်မဲကြသလဲ၊ ကိုယ့်စံနှုန်းတွေနဲ့ တိုင်းတာပင်း ကိုယ့်စံနှုန်းနဲ့ကိုယ် စီရင်ဆုံးဖြတ်ကြအယ်။
အကျောန်းမှာ သခင်ဘုရား နှစ်သက်သောသူဟ မိမိတတ်တိုင်း ချီးမြှောက်သောသူ မဟုတ်၊ ကိုယ်တော်ဟ ချီးမြှောက်သောသူဖြစ်ကျောန့် ဖြစ်အယ်။
အကျောန်းမှာ နင်လို့ဟို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရား ပေးသော ငါလို့ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ယွေ့ ငါဟ ကတစ်ပိုယွေ့ ဝါကြွားမိရင်ပင် ဆှက်ကြောက်မယ် မဟုတ်။
ငါဟ သူရူးလို ပြုလေပီ အားပေမဲ့ နင်လို့ဟ ငါ့ဟို သူရူးဖြစ်အောန် ပြုကြအယ်။ နင်လို့ဟ ငါ့ဟို ထောက်ပံ့ပေးသင့်သူများ ဖြစ်အယ်။ ငါဟ မရေရာသောသူ ဖြစ်စေကာမူ နင်လို့ရဲ့ ထူးမြတ်လဲ့ တမန်တော်များထက် ပစာလိုနဲ့မျှ မညံ့။
ငါလို့ဟ နင်လို့ဆေ့နှိုက် မိမိလို့တတ်တိုင်း ကာကွယ်ပြောဆိုနေကြတာဟု တချိန်လုံး နင်လို့ ထင်မှတ်နေကြသလော။ ငါလို့ဟ ဘုရားသခင် ဆေ့နှိုက် ခရစ်တော်ဟို အမှီပြုယွေ့ ပြောဆိုနေကြအယ်၊ ချစ်သောသူလို့၊ အရာအားလုံးဟ နင်လို့ရဲ့ တည်ဆောက်စရာအတွက် ဖြစ်အယ်။
ငါလို့ဟ ဆေးပေါသော ကုန်သွယ်အဖြစ် ဘုရားသခင်ရဲ့ သတင်းစကားဟို ကိုင်တွယ်ဆောင်ရွက်သော အခြားသောသူများနဲ့ မတူဘဲ ဘုရားသခင်ဟ ငါလို့အား စေလွှတ်သောကျောန့်၊ ခရစ်တော်ရဲ့ အစေခံများ အဖြစ်၊ ငါလို့ဟ သူရဲ့ အထံတော်နှိုက် စိတ်ရင်းမန်ဖြင့် ပြောဆိုကြအယ်။
ငါလို့ဟ တဖန် မိမိလို့တတ်တိုင်း နင်လို့ဆေ့နှိုက် ချီးကျူးနေကြတာ မဟုတ်၊ အားပေမဲ့ စိတ်နေလုံးနှိုက် ဆိသောအရာထက် အပြင်သဏ္ဌာန်ဟိုသာ ကျေ့ယွေ့ ဝါကြွားတတ်သော သူလို့ရဲ့ စကားဟို နင်လို့ ပြန်လည်ချေပနိန်ရန် ငါလို့နဲ့ ပတ်သက်ယွေ့ ဝါကြွားရသောအခွင့်ဟို နင်လို့အား ပေးခြင်းသာ ဖြစ်အယ်။