Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ကောရိန္သု 13:11 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

11 နောက်ဆုံးအနေဖြင့်၊ ညီအကိုလို့ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းဟို ရောက်ကြလော့၊ နှစ်သိမ့်ခြင်းဟို ခံစားကြလော့၊ စိတ်တညီတညွတ်တည်း ဆိယွေ့ သင့်မြတ်စွာ နေကြလော့။ ချစ်ခြင်း မေတ္တာနဲ့ ငြိမ်သက်ခြင်းလို့ရဲ့ ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။

Faic an caibideil Dèan lethbhreac




၂ ကောရိန္သု 13:11
51 Iomraidhean Croise  

ဗျာဒိတ်တော်မှာ “အပျိုကညာဟ လူပဲ့စွဲယူယွေ့ အောင်နီငယ်ဟို ဖွားမျော် လိမ့်မယ်။ အဲအောင်နီငယ်ဟို ဧမာနွေလ နာမယ်ပေးရမယ်” (အေးအဓိပ္ပာယ်ဟ “ဘုရားသခင်ဟ ငါလို့နဲ့အတူ ဆိအယ်”) ဟု ဖြစ်အယ်။


ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖဟ စုံလင်လဲ့နည်းတူ နင်လို့လည်း စုံလင်ခြင်း ဆိရမယ်” ဟု ယေရှုဟ မိန့်အယ်။


ယေရှုဟ ရပ်တန့်လျက် “သူ့ဟို ခေါ်ခဲ့လိုက်” ဟု ပြောလေအယ်။ အဲကျောန့် သူလို့ဟ မျက်စေ့မမျော်သောသူဟို ခေါ်လိုက်အယ်။ “အားမငယ်နဲ့၊ ထမန့်၊ သူဟ နင့်ဟို ခေါ်နေအယ်” ဟု သူလို့ဟ ပြောလေအယ်။


“ဆားဟ ကောင်းအယ်၊ အဲလိုလဲ အငန်ကင်းပျောက်သွားရင် ဆားအား ပစာလို ပြန်ယွေ့ ငန်အောန် ပြုနိန်ပါမလုန်း။ “နင်လို့ဟ မိမိတတ်တိုင်းနှိုက် မိတ်ဆွေဖွဲ့ခြင်းဟူသော ဆားဆိစေပင်း၊ အချင်းချင်း ငြိမ်းချမ်းစွာနေကြလော့” ဟု ပြောလေအယ်။


နောက်တယောက်ဟ “ဆရာ၊ ငါဟ ကိုယ်တော့်နောက်ဟို လိုက်မယ်၊ အဲလိုလဲ ငါ့ရဲ့ မိသားစုဟို အရင်သွားပင်း နှုတ်ဆက်ပါရစေ” ဟု ပြောအယ်။


ငါဟ သူလို့နှိုက်လည်းကောင်း၊ ကိုယ်တော်ဟ ငါနှိုက်လည်းကောင်း တည်ဆိသဖြင့် သူလို့ဟ တလုံးတဝတည်းဖြစ်သောအားဖြင့် ကိုယ်တော်ဟ ငါ့အား စေလွှတ်ကျောန်းနဲ့ ငါ့ဟို ချစ်သလို သူလို့ဟိုလည်း ချစ်ကျောန်းဟို လောကသားလို့ဟ သိစေခြင်းငှာလည်းကောင်း ကိုယ်တော်ဟ ငါ့အားပေးသော ဘုန်းအသရေဟို ငါဟ သူလို့အား ပေးပါပီ။


နင်လို့ဟ ရုပ်တုအား ပူဇော်ထားလဲ့ အစားအစာ၊ အသွေး၊ လည်ပင်းဟို ညှစ်ယွေ့ သတ်သော တိရစ္ဆာန်နဲ့ မတရားသော မေထုန်လို့ဟို ကြဉ်ဆှောင်ရန် ဖြစ်အယ်။ နင်လို့ဟ ဟေအရာလို့နဲ့ ကင်းဆှင်းလျက် နေရင် ကောင်းပေအယ်။ ကျန်းမာ ရွှင်လန်းကြပါစေ” ဟု ရေးထားအယ်။


အဲလိုလဲ “ဘုရားသခင် အလိုတော်ဆိရင် ငါ ပြန်လာခဲ့မယ်” ဟု သူလို့ဟို ပြောပင်း ထွက်သွားတယ်။ အဲပင်းရင် ဧဖက်မြို့မှ သင်္ဘောနဲ့ ရွက်လွင့်သွားလေအယ်။


သူ့ဟို လုပ်ကြံရန် လျှို့ဝှက်ကြံစည်လျက် ဆိကျောန်းဟို သတင်းရဆိသောအခါ ငါဟ နင့်ဆေဟို တခါတည်း စေလွှတ်ရန် ဆုံးဖြတ်ချက်ချပါအယ်။ တရားလိုများအားလည်း မိမိလို့ရဲ့ အမှုဟို နင်ရဲ့ဆေ့တွင် ဆှောက်ထားစေရန် ညွှန်ကြားလိုက်ပါအယ်” ဟု ပါဆိအယ်။


အချင်းချင်း သဟဇာတဖြစ်အောန် နေထိန်လော့။ မာနမကြီးပါနဲ့၊ အဲလိုလဲ နိမ့်ကျသော သူလို့ဟို အပေါင်းအဖော်လုပ်ရန် ဆန္ဒဆိပါ၊ ကိုယ့်ကိုယ်ကို ပညာဆိအယ်လို့ မထင်ပါနဲ့။


ဖြစ်နိန်ရင် နင်လို့ဘက်မှ လူတိုင်းနဲ့ သင့်မြတ်အောန် နေထိန်လော့။


အေးကျောန့် ငြိမ်းချမ်းရေးနဲ့ နေဦးနေဖက် အပြန်အလှန် တည်ဆောက်မှုဟို ပို့ဆောင်ပေးသော အရာများဟို လုပ်ဆောင်ရန် ငါလို့ အမြဲတမ်း အားထုတ်ကြိုးပမ်းရမယ်။


နင်လို့ရဲ့ မျော်လင့်ခြင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ဆက်လက် အသက်ဆှင်နိန်ရန်အတွက် မျော်လင့်ခြင်းရဲ့ အရင်းအမြစ်ဖြစ်သော ဘုရားသခင်ဟ နင်လို့ရဲ့ ယုံကြည်ခြင်းအားဖြင့် နင်လို့အား ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းဟို ပေးသနားပါစေ။


ငြိမ်သက်ခြင်းရဲ့ အဆှင်ဘုရားသခင်ဟ နင်လို့အားလုံးနဲ့ အတူဆိပါစေသော၊ အာမင်။


ငြိမ်သက်ခြင်းရဲ့ အဆှင်ဖြစ်သော ဘုရားသခင်ဟ စာတန်ဟို နင်လို့ရဲ့ ခြေထောက်အောက်တွင် မကြာခင် ချေမှုန်းလိမ့်မယ်။ ငါလို့ အဆှင် ယေရှုရဲ့ ကျေးဇူးတော်ဟို နင်လို့ ခံစားကြရပါစေ။


ညီအကို မောင်နှမလို့၊ ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ နာမဟို အမှီပြုယွေ့ နင်လို့အား တောင်းပန်အယ်။ စိတ်ဝမ်းကွဲပြားမှု မဆိစေရန် နင်လို့အား စကားအပြောအဆိုတွင် ညီညွတ်မှု ဆိကြလော့။ စိတ်ကူးတခုတည်း ရည်ရွယ်ချက် တခုတည်းဖြင့် စည်းလုံးမှု ဆိကြလော့။


ကိုယ်တော်ဟ ငါလို့ခံရသော ဆင်းရဲဒုက္ခ အမျိုးမျိုးလို့နှိုက် ငါလို့ဟို နှစ်သိမ့်ခြင်း ပေးအယ်။ အဲဒါဟ ဘုရားသခင်ဆေမှ ငါလို့တတ်တိုင်း ရဆိသော နှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခ အမျိုးမျိုးဟို ခံရနေသော သူလို့အား ငါလို့ နှစ်သိမ့်ပေးနိန်ရန်အတွက် ဖြစ်အယ်။


သခင် ယေရှုခရစ်တော်ရဲ့ ကျေးဇူးတော်၊ ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ရဲ့ မိတ်သဟာယ ဖွဲ့ခြင်းလို့ဟ နင်လို့အားလုံးနဲ့အတူ ဆိပါစေသော။


ငါလို့ အားနည်းရင်လည်း နင်လို့ အားကြီးသောအခါ ငါလို့ ဝမ်းမြောက်ကြအယ်။ နင်လို့ဟ ပြေ့ဝစုံလင်သောသူ ဖြစ်ကြရန်အတွက်လည်း ငါလို့ ဆုတောင်းကြအယ်။


အေးလို့လုပ်ရခြင်းမှာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို တည်ဆောက်ဖို့ရာ ဘုရားသခင်ရဲ့ လူများအား အမှုတော်ဆောင်ရွက်ခြင်းအတွက် အသင့်ပြင်ဆင်ထားရန် ဖြစ်အယ်။


ငြိမ်သက်ခြင်းရဲ့ စုစည်းတုတ်ချေမှုအားဖြင့် ဝိညာဉ်တော်နှိုက် တလုံးတဝတည်းဖြစ်ခြင်းဟို ကြိုးစားအားထုတ်လော့။


အဖ ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ဆေမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟ ညီအကိုလို့နှိုက် တည်ဆိပါစေသော။


စလိုပင်ဖြစ်စေ နင်လို့ဟ ခရစ်တော်ရဲ့ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ ပြုမူနေထိန်ရန် ဖြစ်အယ်။ အဲလိုမို့ ငါလာယွေ့ နင်လို့ဟို တွေ့တာ ဖြစ်စေ၊ မတွေ့တာ ဖြစ်စေ၊ နင်လို့နဲ့ အဝေးမှာ နေယွေ့ နင်လို့အကျောန်း ကြားသိအခါနှိုက် ဖြစ်စေ၊ နင်လို့ဟ ဝိညာဉ်တော်နှိုက် တည်ကြည်ယွေ့ ဧဝံဂေလိတရားဟို ယုံကြည်ခြင်းအတွက် တညီတညွတ်တည်း ကြိုးစားကြတာဟို ငါ သိလိမ့်မယ်။


စလိုပင်ဖြစ်စေ ငါလို့ဟ မိမိလို့ရောက်ဆိလဲ့ အနေအထားနဲ့အညီ လိုက်ဆှောက်ကြစို့။


ငါဟ ဧဝေါဒိနဲ့ သုန္တုတ်လို့အား သခင်ဘုရားနှိုက် တစိတ်တသဘောတည်း ဆိကြရန် တိုက်တွန်းနှိုးဆော်အယ်။


သခင်ဘုရားနှိုက် အစဉ်အမြဲ ဝမ်းမြောက်ကြလော့။ တဖန် ငါဆိုတာဟ ဝမ်းမြောက်ကြလော့။


ငါ့ဆေမှ နင်လို့ သင်ကြားခံယူလျက် သိမျော်ခဲ့သောအရာလို့ဟို ပြုကျင့်ကြလော့။ သို့ပြုလျှင် ငြိမ်သက်ခြင်းရဲ့ သခင် ဘုရားသခင်ဟ နင်လို့နဲ့အတူ ဆိလိမ့်မယ်။


ငါလို့ဟ ကိုယ်တော်အား ကိုယ်တိုင်ကိုယ်ကျ တွေ့ခွင့်ရပင်း နင်လို့ရဲ့ ယုံကြည်ခြင်းနှိုက် လိုအပ်သောအရာများဟို ဖြည့်ဆည်းပေးရန် ငါလို့ဟ နေ့ရောညပါ စိတ်နေလုံးအကြွင်းမဲ့ ဆုတောင်းကြအယ်။


နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။


အေးလို့မို့ ဟေစကားများအားဖြင့် အချင်းချင်း ခွန်အားပေးကြလော့။


သူလို့ လုပ်ဆောင်သော အမှုအတွက် မေတ္တာစိတ်နဲ့ သူလို့ဟို တန်ဖိုးထားကြရန် လည်းကောင်း၊ နင်လို့အား ငါလို့ တောင်းပန်အယ်။ အချင်းချင်း သင့်မြတ်စွာ နေကြလော့။


အမြဲ ဝမ်းသာကြလော့၊


ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။


ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် တတ်တိုင်းနဲ့ ငါလို့ဟို ချစ်ယွေ့ ကျေးဇူးတော်အားဖြင့် ထာဝရ နှစ်သိမ့်ခြင်းနဲ့ ကောင်းမြတ်သော မျှော်လင့်ခြင်းလို့ဟို ပေးသော ငါလို့ အဖ ဘုရားသခင်ဟ၊


နောက်ဆုံးမှာ ငါ့ညီအကိုလို့၊ သခင်ဘုရားရဲ့ သတင်းစကားဟ နင်လို့နှိုက် ဆိသလိုမျိုး လျင်မြန်စွာ ပြန့်ပွားပင်း ဂုဏ်အသရေ ဆိစေခြင်းငှာ ငါလို့အတွက် ဆုတောင်းပေးပါ။


အခုတွင် ငြိမ်သက်ခြင်းရဲ့ သခင်ဘုရား တတ်တိုင်း နင်လို့အား အချိန်အခါခပ်သိမ်း ငြိမ်သက်ခြင်း ပေးသနားပါစေသော။ သခင်ဘုရားဟ နင်လို့အားလုံးနဲ့ အတူဆိပါစေ။


အဲကျောန့် နင်ဟ အောန်နီလို့ရဲ့ တပ်မက်ခြင်းများဟို ဆှောင်ယွေ့ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ ငြိမ်သက်ခြင်းလို့ဟို စင်ကြယ်သော စိတ်နေလုံးဖြင့် သခင်ဘုရားဟို ခေါ်သောသူလို့နဲ့ အသင့်အတင့်နေခြင်းလို့ဟို မှီအောန်လိုက်လော့။


လူအပေါင်းလို့နဲ့ ငြိမ်းချမ်းစွာ နေထိန်ရန်နဲ့ သန့်ဆှင်းခြင်း မဆိရင် စသူမျှ ထာဝရဘုရားဟို ဖူးမျော်ရလိမ့်မယ် မဟုတ်။


ထာဝရ ပဋိညာဉ်တရားရဲ့ အသွေးတော်အားဖြင့် သိုးလို့ရဲ့ သိုးထိန်းကြီး ဖြစ်သော ငါလို့ သခင် ယေရှုအား သေခြင်းမှ နှုတ်ဆောင်သောမူလဲ့ ငြိမ်သက်ခြင်း အဆှင် ဘုရားသခင်ဟ


နင်လို့ဟ စလိုချို့တဲ့မှု မဆိဘဲ ရင့်ကျက်ယွေ့ ပြေ့စုံသောသူဖြစ်မဲ့အကျောန်း အဲသည်းခံခြင်း စုံလင်လဲ့တိုင်အောန် ပြုစုကြလော့။


မကောင်းသောအမှုဟို ဆှောင်ဆှားလျက် ကောင်းသောအမှုဟို လုပ်စေ၊ ငြိမ်သက်ခြင်းဟို ဆှာယွေ့ ၎င်းဟို ရဆိစေရန် ကြိုးစားစေ။


နောက်ဆုံးမှာ နင်လို့အားလုံး တစိတ်တသဘောတည်းဆိလျက် ကြင်နာတတ်သော သဘော၊ ညီအကိုချင်း ချစ်တတ်သော သဘော၊ သနားစုံမက်တတ်သော သဘောနဲ့ စိတ်နှိမ့်ချသော သဘော ဆိကြလော့။


နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။


သခင် ယေရှုရဲ့ ကျေးဇူးတော်ဟ ဘုရားသခင်ရဲ့ လူအားလုံးလို့နဲ့အတူ ဆိစေမန့်။ အာမင်။


Lean sinn:

Sanasan


Sanasan