1 ဝါကြွားခြင်းဟ အကျိုးမဆိသော်လည်း ငါ ဝါကြွားရဦးမယ်။ အားပေမဲ့ သခင်ဘုရားဟ ငါ့အား ပြသော ရူပါရုံများနဲ့ ဗျာဒိတ်တော်များအကျောန်းဟို ဖော်ပြမယ်။
အဲလိုလဲ နင်လို့အား ငါ အမန်ဆိုအယ်၊ ငါသွားရင် နင်လို့အတွက် ပိုကောင်းအယ်၊ ပစာကို့ ငါမသွားရင် မစသောသူဟ ကြွလာမှာ မဟုတ်။ အဲလိုလဲ ငါသွားရင် အေးသူဟို နင်လို့ဆေဟို ငါ စေလွှတ်မယ်။
ကယာဖဟ “လူအပေါင်းလို့အတွက် လူတဦးတယောက် သေရတာဟ ပိုယွေ့ ကောင်းအယ်” ဟု ယုဒအာဏာပိုင်လို့အား အကြံပေးခဲ့သူ ဖြစ်အယ်။
တညနှိုက် ဘုရားသခင်ဟ ပေါလုဟို ရူပါရုံအားဖြင့် “မကြောက်ကြနဲ့၊ အဲလိုလဲ ဆက်လက် ပြောဆိုပင်း အရှုံးမပေးနဲ့၊
အေးညနှိုက် ဘုရားသခင်ဟ ပေါလုရဲ့ အနီးတွင် ရပ်လျက် “မကြောက်နဲ့၊ နင်ဟ ယေရုရှလင်မြို့တွင် ငါ့ရဲ့အကျောန်းဟို သက်သေခံခဲ့သလိုမျိုး ရောမမြို့တွင်လည်း သက်သေခံရ အုံးမယ်” ဟု မိန့်အယ်။
“ငါလို့တွင် ပစာအမှုဟို မဆို ပြုပိုင်ခွင့် ဆိအယ်” ဟု သူလို့ဆိုလဲ့အတိုင်း မန်သော်လည်း အရာခပ်သိမ်းဟ ကောင်းမွန်တာ မဟုတ်။ “ငါလို့တွင် ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” အားပေမဲ့ အရာခပ်သိမ်းဟ ငါလို့အကျိုးဟို ပြုစုပေးတာ မဟုတ်။
ညီအကို မောင်နှမလို့၊ ငါဟ နင်လို့ဆိရာသို့ လာယွေ့ အခြားသော ဘာသာစကားဖြင့် ဟောပြောသော်လည်း၊ ဘုရားသခင်ရဲ့ ဗျာဒိတ်တော်ဟို ပြန်ခြင်း၊ ပညာအတတ်ဟို သင်ခြင်း၊ ပရောဖက်ပြုခြင်း၊ ဆုံးမဩဝါဒပေးခြင်း တခုခုဟို မပြုဘဲလျက်၊ နင်လို့အား ပြောရင် စလို အကျိုးဆိမလုန်း။
တစုံတယောက်ဟ “ငါလို့ဟ ပစာအမှုဟို မဆို ပြုနိန်ခွင့် ဆိအယ်” ဟု ဆိုလိမ့်မယ်။ မန်အယ်၊ အားပေမဲ့ အရာခပ်သိမ်းဟ နင်လို့အဖို့ အကျိုးမဆိနိန်။ ငါဟ ပစာအမှုဟို မဆို ပြုပိုင်ခွင့်ဆိတာဟု ဆိုနိန်သော်လည်း ပစာအမှုဟိုမျှ ငါ့အား ကျွန်ဖြစ်စေရန် ငါ အခွင့်ပေးလိမ့်မယ် မဟုတ်။
ငါဟ သူရူးလို ပြုလေပီ အားပေမဲ့ နင်လို့ဟ ငါ့ဟို သူရူးဖြစ်အောန် ပြုကြအယ်။ နင်လို့ဟ ငါ့ဟို ထောက်ပံ့ပေးသင့်သူများ ဖြစ်အယ်။ ငါဟ မရေရာသောသူ ဖြစ်စေကာမူ နင်လို့ရဲ့ ထူးမြတ်လဲ့ တမန်တော်များထက် ပစာလိုနဲ့မျှ မညံ့။
အဲလိုမို့ အဲသူရဲ့ အကျောန်းဟို ငါ ဝါကြွားမယ် အားပေမဲ့ မိမိရဲ့ အားနည်းချက်များမှတပါး အခြားအရာများအကျောန်းဟို ဝါကြွားလိမ့်မယ် မဟုတ်။
ငါမျော်ရသော အံ့ဖွယ်သော ရူပါရုံများကျောန့် ငါ့ကိုယ်ဟို အထင်မကြီးစေရန် ငါဟ မိမိကိုယ်ခန္ဓာတွင် နာကျင်သော ဝေဒနာဟို ခံစားနေရအယ်။ အဲအရာဟ စာတန်ရဲ့ တမန်လို ငါ့ဟို ဒဏ်ခတ်ယွေ့ ငါ့ရဲ့ မာန်မာနဟို ချိုးနှိမ်အယ်။
အားပေမဲ့ ကိုယ်တော်ဟ “ငါရဲ့ ကျေးဇူးဟ နင့်အတွက် လုံလောက်အယ်၊ အကျောန်းမှာ ငါရဲ့ တန်ခိုးဟ အားနည်းခြင်းအဖြစ်နှိုက် ပြေ့စုံတတ်အယ်” ဟု ငါ့အား မိန့်အယ်။ အဲကျောန့် ခရစ်တော်ရဲ့ တန်ခိုးဟ ငါ့အပေါ် တည်နေမဲ့အကျောန်း ငါဟ ငါရဲ့ အားနည်းခြင်းနှိုက် သာယွေ့ ဝမ်းမြောက်စွာ ဝါကြွားမယ်။
မနှစ်ဟ နင်လို့စတင်ခဲ့တာဟို အခုချက်ချင်း ပီးအောန်လုပ်ဖို့ ပိုကောင်းတယ်လို့ ငါထင်မြင်အယ်။ နင်လို့ဟ စေတနာစိတ်နဲ့ ပေးကမ်းခြင်းဟို အစပြုခဲ့အယ်။
ငါဟ စလိုလူဆေမှ ငါလက်ခံရဆိတာမဟုတ်၊ စသူမှ ငါ့ဟို သင်ပေးခဲ့တာ မဟုတ်။ အေးအရာဟို ယေရှုခရစ်ရဲ့ ဗျာဒိတ်အားဖြင့်သာ ငါရဆိခဲ့အယ်။
သွားသင့်အယ်လို့ ဘုရားသခင်ဟ ဖော်ပြသောကျောန့် ငါသွားခဲ့အယ်။ ခေါင်းဆောင်များနဲ့ သီးသန့်တွေ့ဆုံမှုတွင် တပါးအမျိုးသားလို့အား ငါဟောပြောသော ဧဝံဂေလိတရား စကားဟို ဆှင်းပြခဲ့အယ်။ အတိတ် အဲဟာမဟုတ်ရင် ပစ္စုပ္ပန်မှာ ငါအလုပ်ဟ အလကားကား ဖြစ်စေချင်ဝူး။
ဘုရားသခင်ဟ သူရဲ့လျှို့ဝှက်အကြံအစည်ကို ဖော်ပြပင်း ငါ့အား သိစေခဲ့အယ်။ ငါ ဟေအကျောန်းဟို အတိုချုံး ရေးပီးပါပီ။
သခင်ဘုရားရဲ့ သွန်သင်ချက်ဟ အခု ငါလို့သင်ကြားသောအရာ ဖြစ်အယ်၊ သခင်ဘုရား ကြွလာသောနေ့နှိုက် အသက်ဆှင်လျက် ဆိကြသူ ငါလို့ဟ သေသောသူလို့ထက် အရင်ရောက်ကြလိမ့်မယ် မဟုတ်။
ဘုရားသခင်ရဲ့ သားတော်ဟ ကြွလာယွေ့ စစ်မန်သော ဘုရားသခင်ဟို သိဆိနိန်လဲ့ အသိဉာဏ်ဟို ငါလို့အား ပေးတာဟိုလည်း ငါလို့ သိကြအယ်။ အဲကျောန့် ငါလို့ဟ စစ်မန်သော ဘုရားသခင်နှိုက် လည်းကောင်း၊ ဘုရားသခင်ရဲ့ သားတော် ယေရှု ခရစ်တော်နှိုက် လည်းကောင်း ဆိကြအယ်။ ကိုယ်တော်ဟ စစ်မန်သော ဘုရားသခင် ဖြစ်ပင်း ထာဝရ အသက်လည်း ဖြစ်အယ်။