Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ကောရိန္သု 10:4 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

4 ငါလို့ စွဲကိုင်လဲ့ လက်နက်များဟ လူသားလို့ စွဲကိုင်လဲ့ လက်နက်များ မဟုတ် အားပေမဲ့ ခံတပ်များဟို ဖြိုဖျက်နိန်လဲ့ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ပြေ့စုံသော လက်နက်များ ဖြစ်အယ်။ ငါလို့ဟ မမန်ကန်လဲ့ ဆွေးနွေးငြင်းခုံချက်များ၊

Faic an caibideil Dèan lethbhreac




၂ ကောရိန္သု 10:4
28 Iomraidhean Croise  

မောရှေဟ အဲဂုတ္တုအမျိုးသားလို့ရဲ့ အတတ်ပညာအားလုံးဟို သင်ယူယွေ့ နေလုံးရည် လက်ရုံရည်လို့ဖြင့် ပြေ့စုံသူ ဖြစ်လာအယ်။


ညအချိန် ကုန်ခါနီးပီ၊ နေ့အချိန် ရောက်တော့မယ်။ ငါလို့ဟ မိုက်နဲ့ဆိုင်လဲ့အရာများဟို ရပ်တန့်ယွေ့ အလင်းရဲ့ လက်နက်များဟို ဝတ်ဆင်ကြစို့။


မကောင်းသော ရည်ရွယ်ချက်နှိုက် အသုံးပြုရန် နင်လို့ရဲ့ ကိုယ်အင်္ဂါများဟို အပစ်အား မဆက်သစေနဲ့။ အဲအစား၊ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူလိုမျိုး နင့်ရဲ့ မန်ကန်လဲ့ ရည်ရွယ်ချက်အတွက် အသုံးပြုရန် ကိုယ်အင်္ဂါတခုလုံးဟို ဘုရားသခင်အား ဆက်သကြလော့။


အဲလိုမို့ နင်လို့ရဲ့ ယုံကြည်မှုဟ လူလို့ရဲ့ အသိဉာဏ်အပေါ်တွင် အမှီမပြုဘဲ ဘုရားသခင်ရဲ့ တန်ခိုးတော်အပေါ်တွင် အမှီပြုအယ်။


စသူဟ မိမိရဲ့ စရိတ်ဖြင့် စစ်မှုထမ်းဖူးလုန်း။ စသူဟ စပျစ်ခြံဟို စိုက်ပျိုးပင်း အေးရဲ့ အသီးဟို မစားဘဲ နေရလုန်း။ စသူဟ သိုးဟို ထိန်းကျောင်းပင်း အေးသိုးရဲ့ နို့ဟို မသောက်ဘဲ နေလုန်း။


အကျောန်းမှာ နင်လို့ဟို ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရား ပေးသော ငါလို့ရဲ့ အခွင့်အာဏာနဲ့ ပတ်သက်ယွေ့ ငါဟ ကတစ်ပိုယွေ့ ဝါကြွားမိရင်ပင် ဆှက်ကြောက်မယ် မဟုတ်။


ဟေအကျောန်းကျောန့် ဖြိုဖျက်ရန်အတွက် မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရား ပေးသောအခွင့်အာဏာဟို ငါရောက်လာသောအခါ ပြင်းထန်စွာ အသုံးမချရန် ငါဟ နင်လို့နဲ့ ကွဲကွာနေစဉ် ဟေအကျောန်းအရာများဟို ငါရေးလိုက်အယ်။


ငါလို့ဟ မိမိအတွက် စလိုအရာဟို မဆို တောင်းဆိုရန် မိမိတတ်တိုင်း အရည်အချင်းဆိခြင်း မဟုတ်ဘဲ ငါလို့ရဲ့ အရည်အချင်းဟ ဘုရားသခင်ဆေမှ လာအယ်။


အားပေမဲ့ ရမ်းဆာ့သော ဟေတန်ခိုးဟ ငါလို့ဆေမှ မဟုတ်ဘဲ ဘုရားသခင်ဆေမှ ဖြစ်ကျောန်း ထင်ဆှားစေရန် ငါလို့ဟ အဲဘဏ္ဍာဟို မြေအိုးထဲနှိုက် ထည့်ထားကြအယ်။


သမ္မာတရားဟို ဟောပြောခြင်းအားဖြင့်၊ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟို ဟောပြောခြင်းအားဖြင့်လည်း ငါလို့ဟ ဘုရားသခင်ရဲ့ အစေခံများအဖြစ် ငါလို့တတ်တိုင်း ပြသခဲ့အယ်။ ငါလို့တွင် ဖြောင့်မတ်ခြင်းတရားဟ ငါလို့ရဲ့ လက်နက်အဖြစ်၊ တိုက်ခိုက်ရန်နဲ့ မိမိတတ်တိုင်း ကာကွယ်ရန် ဖြစ်အယ်။


အဲလိုလဲ နေ့ရဲ့ ပိုင်ဆိုင်သော ငါလို့ဟ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာလို့ဟို ရင်အုပ်တန်ဆာအဖြစ် ဝတ်ဆင်လျက် ကယ်တင်ခြင်းနှိုက် မျှော်လင့်ခြင်းဟို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိ ဆိကြကုန်စို့။


ငါ့သား တိမောသေ၊ နင်နဲ့ ပတ်သက်ယွေ့ မခင် ပရောဖက်တွေ ဟောထားလဲ့အရာများနဲ့အညီ ဟေညွှန်ကြားချက်ဟို နင့်အား ငါပေးအယ်၊ ဟေဟာဟ နင်သည် ယုံကြည်ခြင်းနဲ့ ကြည်လင်သော အသိစိတ်လို့ဟို စွဲကိုင်လျက် အဲပရောဖက်တွေ ဟောထားလဲ့အရာအားဖြင့် ကောင်းသော တိုက်ပွဲဟို တိုက်ခိုက်နိန်မဲ့အကျောန်း ဖြစ်အယ်။


ခရစ်တော် ယေရှုရဲ့ စစ်သူရဲကောင်း တယောက်လို ငါနဲ့အတူ ဆင်းရဲဒုက္ခဟို ခံလော့။


ယုံကြည်ခြင်းအားဖြင့် ဣသရေလအမျိုးသားလို့ဟ ခုနေရက်တိုင်တိုင် ယေရိခေါမြို့ဟို ဝေ့ပင်း ချီတက်ကြပင်းနောက် မြို့ရိုးများဟို ပြိုကျစေအယ်။


Lean sinn:

Sanasan


Sanasan