Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၂ ကောရိန္သု 1:7 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

7 အဲလိုမို့ နင်လို့အတွက် မယိမ်းယိုင်သော မျော်လင့်ခြင်း ငါလို့နှိုက် ဆိအယ်။ နင်လို့ဟ ငါလို့ ခံရလဲ့ ဆင်းရဲဒုက္ခမျိုးဟို ခံရလဲ့နည်းတူ ငါလို့ ရဆိလဲ့ နှစ်သိမ့်မှုမျိုးဟိုလည်း ရဆိကျောန်း ငါလို့ သိကြအယ်။

Faic an caibideil Dèan lethbhreac




၂ ကောရိန္သု 1:7
16 Iomraidhean Croise  

နင်လို့ဟ ‘ငါလို့သာ ဘိုးဘေးလို့ရဲ့ ခေတ်ဟ အသက်ဆှင်ခဲ့မယ် ဆိုပါက၊ ပရောဖက်များဟို သတ်ဖြတ်လဲ့အမှုတွင် ပါဝင်ခဲ့ကြမယ် မဟုတ်’ ဟု ဆိုကြအယ်။


နင်လို့ တွေ့ကြုံရလဲ့ စုံစမ်းနှောင့်ယှက်ခြင်းများဟ လူအပေါင်းလို့ တွေ့ကြုံနေကြသော သာမန် စုံစမ်းနှောင့်ယှက်ခြင်းသာ ဖြစ်အယ်။ ဘုရားသခင်ဟ သစ္စာဆိသောသူ ဖြစ်သဖြင့် နင်လို့အား မိမိလို့ ခံနိန်တာထက် ပိုယွေ့ စုံစမ်းနှောင့်ယှက်ခြင်းဟို ခံစေလိမ့်မယ် မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်း ခံရချိန်နှိုက် ခံနိန်သော ခွန်အားဟို ပေးပင်း အဲစုံစမ်းနှောင့်ယှက်ခြင်းမှ ထွက်မြောက်သော လမ်းဟိုလည်း စီရင်ပြုပြင်ပေးလိမ့်မယ်။


ငါရောက်သောအခါ အကျောန်းတစုံတခုကျောန့် ငါတွေ့မျော်လိုလဲ့ အခြေအနေမျိုးတွင် နင်လို့အား မတွေ့ရမယ်ဟို လည်းကောင်း၊ နင်လို့ဟလည်း မိမိလို့ မျော်လိုလဲ့ အခြေအနေတွင် ငါလို့အား တွေ့ရကြမယ်ဟို လည်းကောင်း ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ အမျက်ထွက်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းအဖျင်း ပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းလို့ဟို ငါတွေ့ရမယ်ဟို စိုးရိမ်မိအယ်။


အခု ငါဝမ်းမြောက်လျက် ဆိအယ် အဲသို့ဆိုသော် နင်လို့ဟို ဝမ်းနည်းစေခဲ့သောကျောန့် ငါဝမ်းမြောက်တာ မဟုတ်၊ နင်လို့ရဲ့ ဝမ်းနည်းခြင်းဟ နင်လို့ဟို နောင်တရစေသောကျောန့် ဖြစ်အယ်။ အဲဝမ်းနည်းမှုဟို ဘုရားသခင် အသုံးပြုခဲ့ခြင်းကျောန့် ငါလို့ဟ နင်လို့အား ထိခိုက်နစ်နာစေခြင်း မဆိပေ။


ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။


အန္တိအုတ်မြို့၊ ဣကောနိမြို့နဲ့ လုတ္တရမြို့လို့တွင် ငါ့အပေါ် ကျရောက်လဲ့ ညှဉ်းဆဲခြင်းနဲ့ ဒုက္ခဝေဒနာလို့နှိုက် လည်းကောင်း၊ ထက်ကြပ်မကွာ ပါဆိခဲ့အယ်၊ အဲလိုမျိုး ညှဉ်းဆဲခြင်းများဟို ငါခံရသော်လည်း သခင်ဘုရားဟ အဲအရာအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်အယ်။


စုံစမ်းနှောင့်ယှက်ခြင်းဟို သည်းခံသောသူဟ မင်္ဂလာဆိအယ်။ အကျောန်းမှာ စစ်ကြောစုံစမ်းခြင်းဟို ခံပင်းမှ ဘုရားသခင်ဟို ချစ်သောသူလို့အား ကတိထားသော အသက်သရဖူဟို ရလိမ့်မယ်။


ယေရှုနှိုက် ဆင်းရဲဒုက္ခဟို လည်းကောင်း၊ နိုင်ငံတော်ဟို လည်းကောင်း၊ သည်းခံခြင်းဟို လည်းကောင်း နင်လို့နဲ့အတူ မျှဝေခံစားသူဖြစ်သော နင်လို့ရဲ့ ညီအကို ငါ ယောဟန်ဟ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ ယေရှုနဲ့ဆိုင်သော သက်သေခံချက်လို့ကျောန့် ပတ်မုဟုခေါ်သော ကျွန်းတွင် ရောက်နေအယ်။


Lean sinn:

Sanasan


Sanasan