22 သူရဲ့ ပိုင်ဆိုင်မှုဟို ငါလို့အပေါ်နှိုက် တံဆိပ်ခတ်ထားပင်း သူ့ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်ထားကာ နောင်လာမဲ့အရာများဟို အာမခံပေးအယ်။
ကိုယ်တော်ရဲ့ သက်သေခံချက်ဟို လက်ခံသောသူဟတော့ အေးလို လက်ခံခြင်းအားဖြင့် ဘုရားသခင်ဟ သစ္စာစောင့်တာဟု အသိမှတ်ပြုအယ်။
ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။
အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ် အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေစာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သောသူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။
ဖန်ဆင်းခံလောက သာမက ဝိညာဉ်တော်ရဲ့ အသီးအပွင့်များဆိသော ငါလို့တတ်တိုင်းလည်း ဘုရားသခင်ရဲ့ လူပဲ့များဖြစ်အောန် သူပြုလုပ်ခြင်း၊ ငါလို့ရဲ့ ခန္ဓာကိုယ် ရွေးနုတ်ခြင်းအတွက် စိတ်အားထက်သန်စွာ စောင့်မျော်နေစဉ်အတွင်း စိတ်ထဲနှိုက် ညည်းတွားနေကြအယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် ကျိန်းဝပ်ရင် နင်လို့ဟ ဇာတိပကတိဘက်နှိုက် အသက်မဆှင်။ အဲအစား ဝိညာဉ်တော်ရဲ့ လှုံ့ဆော်လဲ့အတိုင်း ပြုမူကျင့်ကြံကြအယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်ဟို မရသောသူဟ ကိုယ်တော်နဲ့ မဆိုင်။
ဘုရားသခင်ဟ ငါလို့အား ဟေပြောင်းလဲမှုအတွက် ပြင်ဆင်ပေးသော သူဖြစ်ပင်း၊ ငါလို့အတွက် သိုမှီးထားသမျှအားလုံးဟို အာမခံချက်အဖြစ် သူရဲ့ ဝိညာဉ်တော်ဟို ငါလို့အား ပေးလေအယ်။
ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။
အေးကျောန့် ဟေသင်ကြားခြင်းဟို ငြင်းပယ်သောသူဟ လူသားဟို ငြင်းပယ်တာ မဟုတ်ဘဲ၊ နင်လို့အား သန့်ဆှင်းသော ဝိညာဉ်တော်ဟို ပေးသော ဘုရားသခင်ဟို ငြင်းပယ်အယ်။
အားပေမဲ့ ဘုရားသခင် ချထားလဲ့ အုတ်မြစ်ဟ ခိုင်ခံ့လျက်ဆိပင်း အဲအုတ်မြစ်ပေါ်တွင် “ထာဝရဘုရားဟ မိမိရဲ့ လူစုတော်အား သိအယ်” ဟူယွေ့ လည်းကောင်း၊ “သခင်ဘုရားရဲ့ နာမဟို ခံရသူအပေါင်းလို့ဟ မကောင်းသောအမှုဟို ဆှောင်ကြဉ်ရကြမယ်” ဟူယွေ့ လည်းကောင်း တံဆိပ်ခတ်နှိပ်ထားအယ်။
“ဝိညာဉ်တော်ဟ အသင်းတော်လို့အား မိန့်သောအရာဟို နားဆိသောသူဟ ကြားပါစေ။ “အောန်မြင်သောသူအား အောန်းထားသော မန္နဟို ငါ ပေးမယ်။ ဖြူသောကျောက်ဟိုလည်း ငါ ပေးမယ်။ အဲကျောက်ပေါ်နှိုက် ၎င်းဟို ခံယူရဆိသူမှ တပါး စသူမျှ မသိသော နာမယ်အသစ်ဟို ရေးထားအယ်။
“ငါလို့ ဘုရားသခင်ရဲ့ အစေခံလို့ရဲ့ နဖူးပေါ်တွင် တံဆိပ်မခတ်မီတိုင်အောန် မြေကြီး၊ ပင်လယ်နဲ့ သစ်ပင်လို့ဟို ဘေးမသင့်စေနဲ့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်အယ်။
သူလို့ဟ မြက်ပင်များ၊ သစ်ပင်များနဲ့ အခြားစိမ်းလန်းလဲ့ အပင်ကြီးငယ်လို့ဟို ဘေးဥပါဒ်ပြုပိုင်ခွင့် မဆိ။ နဖူးတွင် ဘုရားသခင်ရဲ့ တံဆိပ်တော်မပါလဲ့ လူလို့ဟိုသာ ဘေးဥပါဒ်ပြုပိုင်ခွင့် ဆိကြအယ်။