6 အားပေမဲ့ ကျေနပ်တင်းတိမ်မှုဖြင့် ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းဟ ကြီးစွာသော အကျိုးစီးပွားပင် ဖြစ်အယ်။
အေးသူဟ သူလို့အားလုံးဟို “လောဘအမျိုးမျိုးဟို သတိနဲ့ဆောင်ကြလော့၊ ပစာကို့ စလောက်ပဲ ချမ်းသာပါစေ၊ နင့်ရဲ့ စစ်မန်လဲ့ ဖဝါ့ဟာ နင်ပိုင်ဆိုင်ထားလဲ့ အရာတွေအပေါ်မှာ မတည်” ဟု မိန့်အယ်။
အချို့ စစ်သားများဟလည်း “ငါလို့ဟ စလိုလုပ်ရမလုန်း” ဟု မေးဆှောက်ကြအယ်။ သူဟ “စသူဆေမှ အတင်းအကျပ် ပိတ်ဆန် မယူကြနဲ့၊ စသူ့ဟိုမှ ကစတ်ကလတ် မစွပ်စွဲကြနဲ့။ နင်လို့ရလဲ့ လခနဲ့ ရောင့်ရဲပင်း နေကြလော့” ဟု သူလို့အား ပြန်ပြောအယ်။
ဘုရားသခင်ဟို ချစ်သောသူ တည်းဟူသော အကြံအစည်အတိုင်း ခေါ်သောသူများအတွက် ဘုရားသခင်ဟ ခပ်သိမ်းသော အမှုအရာလို့ဟို ပူးပေါင်း လုပ်ဆောင်စေယွေ့ ကောင်းကျိုးဖြစ်စေကျောန်းဟို ငါလို့ သိကြအယ်။
ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။
အကျောန်းမှာ ငါ့အနေဖြင့် အသက်ဆှင်ခြင်းဟ ခရစ်တော် ဖြစ်ပင်း သေခြင်းဟလည်း အကျိုးဆိအယ်။
အကျောန်းမှာ ကိုယ်ခန္ဓာနဲ့ဆိုင်သော လေ့ကျင့်မှုဟ ကတစ် အကျိုးဆိအယ်၊ အားပေမဲ့ ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းမူ အခုဖဝါ့၊ နောင်ဖဝါ့နဲ့ဆိုင်သော ကတိတော် ပါဆိတာဖြစ်ယွေ့ အလုံးစုံလို့အတွက် အကျိုးဆိအယ်။
အဲလိုမို့ ငါလို့ဟ စားစရာနဲ့ ဝတ်စရာဆိရင် အဲအရာလို့နဲ့ ကျေနပ်ကြရမယ်။
အသက်ဆှင် နေထိန်မှုတွင် ပိတ်ဆန်ဟို တပ်မက်ခြင်း မဆိဘဲ မိမိနှိုက် ဆိသောအရာနဲ့ ရောင့်ရဲကြလော့။