24 အချို့သောသူလို့ရဲ့ အပစ်များဟ သိသာထင်ဆှားအယ်၊ သူလို့ရဲ့ အပစ်များဟ တရားစီရင်ခြင်းဟို အလျင်သွားတတ်အယ်၊ အချို့သော သူလို့ရဲ့ အပစ်များမူ နောင်အခါမှ သိသာထင်ဆှားယွေ့ လာတတ်အယ်။
တမန်တော်လို့ရဲ့ လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ဟို ယုံကြည်သူလို့ရဆိကျောန်းဟို ရှိမုန် မျော်ရင်၊ သူဟ ပိတ်ဆန်ဟို ပေတရုနဲ့ ယောဟန်ဆေမှာ ပေးလှူကာ၊
အဲလိုလဲ ငါရဲ့ သစ္စာမဲ့မှုဟ သူရဲ့ အမန်တရားဟို ပိုမိုဆှင်းလင်းစွာ ဖော်ပြခြင်းဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ထင်ဆှားစေရင်ကော၊ ငါဟ ပစာကျောန့် အပစ်သားများအနေဖြင့် အပစ်စီရင် ခံရသေးမလုန်း။
ဒေမဟ ဟေလောကဟို စွဲလမ်းသဖြင့် ငါ့ဟို စွန့်ခွာယွေ့ သက်သာလောနိတ်မြို့ဟို ထွက်ခွာသွားလေပီ။ ကရက္ကေဟ ဂလာတိပြေ လည်းကောင်း၊ တိတုဟ ဒါလမာတိပြေဟို လည်းကောင်း သွားကြပီ။
အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။