22 စသူ့အပေါ်နှိုက်မျှ လက်တင်ခြင်းဟို အလျင်စလို မပြုနဲ့၊ အခြားသူလို့ရဲ့ အပစ်နှိုက်လည်း ပါဝင်ခြင်း မဆိနဲ့။ နင့်တတ်တိုင်း ဖြူစင်သန့်ဆှင်းအောန် စောင့်ထိန်းလော့။
အဲအခါ သူလို့ဟ အစာဆှောင်ယွေ့ ဆုတောင်းကြကာ အေးသူလို့နေဦးလို့အပေါ် လက်တင်ပင်းနောက် သူလို့ဟို စေလွှတ်လိုက်ကြအယ်။
ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
အေးကျောန့် နင်လို့အားလုံးရဲ့ ဆုံးရှုံးမှုဟ ငါ့မှာ တာဝန်မဆိဝူးဟု ခုနေ့နှိုက် နင်လို့အား ငါ သက်သေခံအယ်။
အဲသူလို့အား တမန်တော်လို့ ဆေ့မှာ ရပ်စေကြပင်း၊ တမန်တော်လို့ဟ ဆုတောင်းယွေ့ အဲသူလို့ရဲ့ ခေါင်းပေါ်မှာ မိမိလို့ရဲ့လက်ဟို တင်ကြအယ်။
အကျိုးမဲ့သော မိုက်ခြင်းရဲ့ အမှုလို့နှိုက် မပါဝင်ကြတာမက အေးအမှုလို့ရဲ့ အပစ်ဟို ဖော်ပြကြလော့။
သူလို့ဟ စစ်ဆေးခြင်းဟို ဦးရင်ခံပင်းမှ အပစ်ဆိုဖွယ် မဆိရင် သင်းထောက်အမှုဟို ဆောင်ရွက်ကြစေ။
အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊
သူဟ ယုံကြည်ခြင်းနှိုက် မရင့်ကျက်သောသူ မဖြစ်ရ၊ အားမဟုတ်ရင် ဘဝင်မြင့်လျက် မာရ်နတ်နဲ့တူညီသော ပစ်ဒဏ်စီရင်ခြင်းထဲဟို ကျရောက်မယ်ဟု စိုးရိမ်စရာ ဆိအယ်။
နင်ရဲ့ အသက်အရွယ်နုပျိုခြင်းဟို စသူမျှ မထီမဲ့မြင် မပြုစေနဲ့၊ နင်ရဲ့ အပြောအဆို၊ အသက်ဆှင်နေထိန်မှု၊ ချစ်ခြင်း၊ ယုံကြည်ခြင်းနဲ့ သန့်ဆှင်းခြင်းနှိုက် ယုံကြည်သူလို့အတွက် စံနမူနာ ဖြစ်လော့။
အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။
အဲကျောန့် နင့်အပေါ် ငါလက်တင်သောအားဖြင့် နင်ရဆိသော ဘုရားသခင်ရဲ့ ဆုကျေးဇူးဟို ပြန်လည်နှိုးဆော်ရန် နင့်ဟို ငါ သတိပေးအယ်။
ရမ်းဆာ့သော သက်သေလို့ဆေ့နှိုက် ငါဆေမှ ကြားနာရသောအရာလို့ဟို အခြားသူလို့အား သင်ကြားပေးနိန်စွမ်းဆိလဲ့ သစ္စာဆိသောသူလို့နှိုက် ပေးအပ်လော့။
နင်လို့ဟ နှစ်ခြင်းမင်္ဂလာဟို သွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရ တရားစီရင်ခြင်းအကျောန်း နင်လို့အား သင်ကြားပင်း ဖြစ်အယ်။
အကျောန်းမှာ အဲသို့သောသူဟို နှုတ်ခွန်းဆက်ရင် သူရဲ့ ဆိုးညစ်သောအမှုနှိုက် ပါဝင်ရာ ရောက်အယ်။
အဲပင်းရင် ခေါန်းခင်မှ အခြားသော အသံဟ “ငါ့လူမျိုးလို့၊ နင်လို့ဟ သူရဲ့ အပစ်များနှိုက် မပါဝင်စေရန် လည်းကောင်း၊ သူခံရမဲ့ ဘေးဒဏ် တစုံတခုဟိုမျှ မခံရစေရန် လည်းကောင်း၊ သူ့ဆေမှ ထွက်လာခဲ့ကြလော့။