19 သက်သေနေဦး၊ သုံးဦး မဆိရင် အသင်းတော် ခေါင်းဆောင်အား ပစ်တင်စွပ်စွဲချက်ဟို နားမထောင်နဲ့။
အဲလိုလဲ သူဟ နင့်ရဲ့ စကားဟို နားမထောင်ရင် ‘သက်သေ နေယောက် အဲဟာမဟုတ်ရင် သုံးယောက်ရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံး အတည်ဖြစ်စေရန်’ ကျမ်းစာလာလဲ့အတိုင်း တယောက် အဲဟာမဟုတ်ရင် နေယောက်ဟို ခေါ်လော့။
အဲလိုမို့ ပိလတ်မင်းဟ အေးသူလို့ဆိရာ အပြင်ဟို ထွက်လာပင်း “ဟေသူအား ပစာပစ်မှုနဲ့ စွပ်စွဲကြတုန်း” ဟု မေးလေအယ်။
နင်လို့ရဲ့ ပညတ်ကျမ်းနှိုက် သက်သေနေဦး သဘောတူရင် သူလို့ပြောလဲ့အရာဟ အမန်ဖြစ်အယ်ဟု ရေးသားထားအယ်။
ဟေသို့ ဆုံးဖြတ်ကြပင်းနောက် ထောက်ပံ့ငွေများဟို ဗာနဗနဲ့ ရှောလုမှ တဆင့် အသင်းတော် လူကြီးများဆေဟို ပို့ပေးကြအယ်။
အဲလိုလဲ စွပ်စွဲသောသူနဲ့ မျက်နှာချင်းဆိုင်ယွေ့ စွပ်စွဲချက်နဲ့ ပတ်သက်ပင်း ချေပပြောဆိုခွင့်မရခင် သူ့ဟို လွဲအပ်ပေးခြင်းဟ ရောမလို့ရဲ့ စလေ့ထုံးစံ မဟုတ်ကျောန်း သူလို့အား ငါ ဖြေကြားခဲ့အယ်။
အခု တတိယအကြိမ် နင်လို့ဆေဟို ငါလာခဲ့မယ်။ ကျမ်းစာဟ ဖော်ပြသလို “သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ ထွက်ဆိုချက်အားဖြင့် စကားအားလုံးဟ အတည်ပြုခြင်း ခံရလိမ့်မယ်။”
အသင်းတော် ခေါင်းဆောင်များရဲ့ လက်တင်ခြင်းနဲ့တကွ ပရောဖက်တွေ ဟောပြောခြင်းအားဖြင့် နင့်အပေါ် ပေးအပ်ထားယွေ့ နင်နှိုက်ဆိလဲ့ ဆုကျေးဇူးဟို လျစ်လျူမရှုနဲ့။
အသင်းတော် ခေါင်းဆောင် အလုပ်ဟို ကောင်းစွာ လုပ်ဆောင်သူလို့ဟ အလှူနေဆ ခံစားထိုက်သူများဖြစ်အယ်ဟု မှတ်ယူအပ်အယ်၊ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းလို့ဟို ကြိုးစားယွေ့ လုပ်ဆောင်သူများဟ ဟေသို့ ခံစားထိုက်အယ်။
အသင်းတော် ခေါင်းဆောင် တယောက်ဟ အပစ်တင်စရာ မဆိသောသူ၊ ပေါင်အိုမ တယောက်တည်း ဆိသောသူ ဖြစ်ရမယ်။ သူရဲ့ လူပဲ့သငယ်များဟလည်း ယုံကြည်သူများ ဖြစ်ရမယ်ဖြစ်ပင်း အပျော်ကြူးခြင်းကျောန့် စွပ်စွဲခံရသူများ၊ နားထောင်မှု မဆိသောသူများ မဖြစ်ရ။
မောရှေရဲ့ ပညတ်တရားဟို ငြင်းပယ်သောသူဟ သက်သေနေဦး အဲဟာမဟုတ်ရင် သုံးဦးရဲ့ သက်သေခံချက်အားဖြင့် သနားခြင်း မဆိဘဲ သေဒဏ်ပေးခြင်းဟို ခံရကြအယ်။