14 အဲကျောန့် ငယ်ရွယ်သောမုဆိုးမဟ အိုင်ထောင်ပြုလျက် လူပဲ့သူငယ်များ မွေးကာ အိုင်မှုကိစ္စဟို စီမံယွေ့ ရန်သူအား ကဲ့ရဲ့ပစ်တင်ခြင်း အခွင့်ဟို မပေးရန် ငါအလိုဆိအယ်။
အေးကျောန့် ငါလို့ဟ အခုအချင်းချင်း မစစ်ကြော မစီရင်ဘဲ နေကြကုန်အံ့။ အဲအစား သူတပါးလို့အား ထိမိယွေ့ လဲစရာ၊ အပစ်ထဲမှာ လဲကျရန် မကြံစည်ကြပါနဲ့။
အခြားသော တမန်တော်များဟို ဝါကြွားယွေ့ ငါလို့ လုပ်လဲ့အတိုင်း လုပ်တာဟု အကျောန်းပြချက် မဆိစေခြင်းငှာ၊ အခု ငါလုပ်နေသောအရာဟို ငါဆက်ယွေ့ လုပ်မယ်။
အဲကျောန့် အမျိုးသားလို့ဟ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း သဘောမဆိဘဲ အရပ်ရပ်လို့နှိုက် သန့်ဆှင်းသောလက်ဟို ချီယွေ့ ဆုတောင်းကြရန် ငါ အလိုဆိအယ်။
အဲသူလို့ဟ လူလို့အား ထိမ်းမြားခြင်း မပြုရန်နဲ့ အချို့သော အစားအစာများဟို ဆှောင်ကြဉ်ကြစေရန် သွန်သင်ကြအယ်။ အားပေမဲ့ ယုံကြည်ယွေ့ သမ္မာတရားဟို သိကျွမ်းသူလို့ဟ ကျေးဇူးတော်ဟို ချီးမွန်းလျက် စားသောက်နိန်ကြစေရန် ဟေအစားအစာများဟို ဘုရားသခင် ဖန်ဆင်းထားအယ်။
အသက်ငယ်သော မုဆိုးမလို့အား မုဆိုးမ စာရင်းတွင် မသွင်းနဲ့၊ ပစာကို့ သူလို့ဟ မိမိလို့ အလိုဆန္ဒဟို မထိန်းသိမ်းနိန်ကြသောအခါ အိုင်ထောင်ပြုလိုသဖြင့် ခရစ်တော်ဟို ပစ်လောတတ်ကြသောကျောန့် ဖြစ်အယ်။
ကျွန်ဖြစ်သောသူလို့ဟ မိမိလို့ရဲ့ သခင်များအား ရိုသေလေးစားထိုက်သူများဟု ခံယူရကြမယ်၊ အဲမှသာ စသူမျှ ဘုရားသခင်ရဲ့ နာမနဲ့ ငါလို့ တရားတော်ဟို ကဲ့ရဲ့ပြောဆိုလိမ့်မယ် မဟုတ်။
ဣန္ဒြေစောင့်သောသူနဲ့ သန့်ဆှင်းသောသူ၊ အိမ်မှုကိစ္စဟို ဆောင်ရွက်သောသူ၊ ကောင်းမွန်သောသူ၊ မိမိဖိုးအိုဟို နားထောင်သောသူဖြစ်ကြရန် သတိပေးဆုံးမနိန်သဖြင့် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ စော်ကားပြောဆိုခံရခြင်းမှ ကင်းလွတ်လိမ့်မယ်။
အပစ်တင်စရာမဆိသော မန်ကန်ပြေ့စုံလဲ့စကားဟို ပြောဆိုလော့။ အေးလို့ပြုရင် ဆန့်ကျင်ဘက်ပြုသောသူဟ ငါလို့နဲ့ ပတ်သက်ယွေ့ မကောင်းသော အရာတစုံတခုဟိုမှ မပြောဆိုနိန်ဘဲ အဆှက်ရလိမ့်မယ်။
ထိမ်းမြားခြင်းအမှုဟို လူတိုင်း လေးစားကြရမယ်၊ ဖိုးအိုနဲ့ ပေါင်အိုမဟ တဦးဟို တဦး သစ္စာဆိရမယ်။ ဘုရားသခင်ဟ မတရားမေထုန်ဟို ပြုသောသူနဲ့ အိုင်ထောင်ရေး ဖောက်ပြန်သောသူဟို တရားစီရင်လိမ့်မယ်။