Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 5:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 အဲ့အပြင် ကောင်းသောအကျင့်ဟို ကျင့်ယွေ့ အသရေဆိသူ ဖြစ်ရမယ်၊ မိမိရဲ့ လူပဲ့သူငယ်များဟို ကောင်းစွာ ပြုစုစောင့်ဆှောက်သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ သန့်ဆှင်းသူလို့အား ကူညီသူ၊ ဒုက္ခရောက်သောသူလို့အား ကူညီမစသူ၊ ကောင်းသောအမှုဆိသမျှလို့ဟို ကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်။

Faic an caibideil Dèan lethbhreac




၁ တိမောသေ 5:10
42 Iomraidhean Croise  

အေးတိုင်းတိုင်း ငွေဒင်္ဂါး နေပိဿာဟို ရသူဟလည်း အမြတ် ငွေဒင်္ဂါး နေပိဿာဟို ရအယ်။


အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။


ကိုယ်တော်ရဲ့ ခြေတော်ရင်းနှိုက် ရပ်ပင်း ငိုလျက် သူ့ရဲ့ မျက်ရည်ဟ ခြေထောက်ပေါ် ကျပင်း မိမိဆံပင်နဲ့ သုတ်လေအယ်။ ခြေထောက်ဟိုလည်း နမ်းယွေ့ ဆီမွှေးနဲ့ သုတ်လိမ်းလျက် နေအယ်။


အေးနောက် မိန်းမရဲ့ ဘက်ဟို လှည့်ပင်း ရှိမုန်ဟို “အေးမိန်းမဟို နင် မျော်သလော။ ငါဟ နင့်နေအိုင်ဟို ဝင်လာသောအခါ၊ နင်ဟ ခြေထောက်ဆေးဖို့ ယေဟို မပေး၊ အဲလိုလဲ ဟေမိန်းမဟ ငါခြေထောက်ပေါ်မှာ သူမမျက်ရည်ဖြင့် စိုစေပင်း သူမရဲ့ ဆံပင်နဲ့ သုတ်လေပီ။


အဲသူလို့ဟလည်း “တပ်မှူးကောနေလိဟ ငါလို့အား စေလွှတ်အယ်” ဟု ပြန်ဖြေအယ်။ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့အား နင့်ဟို မိမိနေအိုင်ဟို ဖိတ်ခေါ်ယွေ့ နင့်ဆေမှ တရားစကားဟို နားထောင်ရန် ပြောခဲ့အယ်။ သူဟ ဖြောင့်မတ်ယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ ဖြစ်ပင်း ယုဒလူမျိုးအားလုံးလို့ရဲ့ လေးစားခံရသောသူလည်း ဖြစ်အယ်” ဟု ဆိုကြအယ်။


“အေးမြို့မှာ အာနနိလို့ နာမယ်ဆိလဲ့ လူတယောက် ဆိအယ်။ သူဟ ပညတ်တရားဟို နာခံယွေ့ ဘုရားဝတ်နှိုက် မွေ့လျော်တဲ့သူ ဖြစ်ပင်း ဒမာသက်မြို့ဆိ ယုဒအမျိုးသား အပေါင်းလို့ရဲ့ ရိုသေလေးစားခြင်းဟိုလည်း ခံရအယ်။


အဲလိုမို့ ငါ့ မိတ်ဆွေလို့၊ နင်လို့အထဲမှ ဝိညာဉ်တော်နဲ့ လည်းကောင်း၊ ဉာဏ်ပညာနဲ့ ပြေ့ဝယွေ့ ဂုဏ်သတင်းကောင်းသော လူခုနေဦးဟို ရွေးချယ်ကြလော့။ ငါလို့ဟ အေးသူလို့ဟို ဟေတာဝန်အတွက် ခန့်ထားမယ်၊


ယုပ္ပေမြို့တွင် ဒေါ်ကာဟု အဓိပ္ပာယ်ရသော တဗိသ နာမယ်ဆိသော တဘဲ့တော်မ တယောက် ဆိအယ်။ သူမရဲ့ နာမယ်မှာ ဟေလသစကားအရ “ဒရယ်” ဟု အနက်ရလေအယ်။ သူဟ ဆင်းရဲသောသူအား ကောင်းမှုနဲ့ စွန့်ကြဲပေးကမ်းမှုဟို အမြဲပြုတတ်အယ်။


အဲလိုမို့ ပေတရုဟ ထယွေ့ အဲသူလို့နဲ့အတူ လိုက်သွားလေအယ်။ သူ ရောက်သောအခါ၊ သူလို့ဟ သူ့အား အပေါ်ထပ်အခန်းသို့ ခေါ်သွားကြအယ်။ မုဆိုးမအားလုံးလို့ဟ ပေတရုရဲ့ အနီးတွင် ဝိုင်းအုံကာ ငိုကလျက် ဒေါ်ကာ သူလို့နဲ့အတူ ဆိစဉ်အခါဟ ချုပ်လုပ်ထားခဲ့သော အင်္ကျီနဲ့ ဝတ်လုံများဟို ပြကြအယ်။


သန့်ဆှင်းသူလို့ဟ ဆင်းရဲသောအခါ ဝေငှပေးကမ်းကြလော့၊ ဧည့်သည်လို့အား ဧည့်ဝတ်ပြုခြင်းဟို လက်တွေ့ ပြုကြလော့။


ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။


အဲမှသာ အစဉ်အမြဲ သခင်ဘုရား နှစ်သက်စေရန် လည်းကောင်း၊ ကိုယ်တော်ရဲ့ ဘုန်းအသရေ ထွန်းတောက်စေရန် လည်းကောင်း နင်လို့ ပြုမူ ကျင့်ကြံနိန်ကြလိမ့်မယ်။ ဟေသို့ အသက်ဆှင်ခြင်းအားဖြင့် ကောင်းမြတ်လဲ့ အကျင့်အမျိုးမျိုးဟူသော အသီးအပွင့်များဟို ဖြစ်ထွန်းကြလိမ့်မယ်။ ဘုရားသခင်ဟိုလည်း တိုးယွေ့ သိကျွမ်းကြလိမ့်မယ်။


သူလို့ဟ ဘုရားဝတ်နှိုက် မွေ့လျော်သူများ ပြုသင့်လဲ့အတိုင်း ကောင်းမြတ်သော အကျင့်များဖြင့် မိမိတတ်တိုင်း တန်ဆာဆင်ကြရအယ်။


အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊


အဲမျှမက ကဲ့ရဲ့ပစ်တင်ခြင်း ခံရလျက် မာရ်နတ်ရဲ့ ကျော့ကွင်းထဲဟို မကျရောက်စေရန် အသင်းတော်ပြင်ပဆိ လူလို့ရဲ့ ရိုသေလေးစားမှုဟို ခံရသူ ဖြစ်ရမယ်။


ယုံကြည်သူအမျိုးသမီး တစုံတဦးနှိုက် ဆွေမျိုးတော်စပ်လဲ့ မုဆိုးမများဆိရင် အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ အဲမုဆိုးမလို့ဟို သူ့တတ်တိုင်း ကူညီစောင့်ဆှောက်မန့်၊ အဲသို့ပြုရင် အသင်းတော်ဟ အမန်တကယ် အကူညီလိုအပ်လဲ့ မုဆိုးမများဟို ကူညီစောင့်ဆှောက်နိန်လိမ့်မယ်။


အဲတိုင်းတိုင်း အချို့သော အပစ်များဟ ထင်ဆှားလျက် နေအယ်၊ မထင်ဆှားသေးလဲ့ ဒုစရိုက်များဟိုလည်း ဖုံးကွယ်ယွေ့ မထားနိန်။


သူတပါးလို့အား ကျေးဇူးပြုတတ်ကြစေရန် လည်းကောင်း၊ ကောင်းသောအကျင့်များနဲ့ ကြွယ်ဝပြေ့စုံယွေ့ ရက်ရောစွာ ဝေငှပေးကမ်းတတ်ကြစေရန် လည်းကောင်း သူလို့အား ဆုံးမသွန်သင်လော့။


နင်နှိုက်ဆိလဲ့ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းဟိုလည်း ငါ သတိရအယ်၊ အဲယုံကြည်ခြင်းဟ နင်ရဲ့ မို့အို လောဣနဲ့ နင်ရဲ့ အမေ့ ဥနိတ်လို့နှိုက် ဦးရင် တည်ဆိယွေ့ အခု နင်နှိုက်လည်း တည်ဆိတာဟု ငါ ယုံကြည်စိတ်ချအယ်။


အဲလိုမို့ အထက်ဆိုခဲ့ပင်းသော အကျင့်လို့ဟို ပယ်ယွေ့ မိမိတတ်တိုင်း စင်ကြယ်စေသောသူဟ အသရေဆိသော တန်ဆာ၊ သန့်ဆှင်းယွေ့ အိုင်ဆှင် သုံးစရာကောင်းသော တန်ဆာ၊ ကောင်းသောအမှုများအတွက် ပြင်ဆင်သောတန်ဆာ ဖြစ်လိမ့်မယ်။


ခရစ်တော် ယေရှုဟို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းဟို ရောက်စေလဲ့ ဉာဏ်ပညာဟို နင့်အား ပေးနိန်သော သန့်ဆှင်းသော သမ္မာကျမ်းစာနဲ့ နင်ဟ လပဲ့အရွယ်ဟပင် ရင်းနှီးကျွမ်းဝင်ခဲ့တာဟို လည်းကောင်း နင်သိအယ်။


ဟေအရာမှာ ဘုရားသခင်ရဲ့ လူဟ ကောင်းသောအမှုအမျိုးမျိုးအတွက် အသင့်ပြင်ဆင်ခြင်း ခံရလျက် ပြေ့ဝစုံလင်သောသူဖြစ်မဲ့အကျောန်း ဖြစ်အယ်။


ခရစ်တော်ဟ ငါလို့ဟို ခပ်သိမ်းသော တရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နဲ့ ကောင်းသောအမှုနှိုက် စိတ်အားထက်သန်လဲ့ မိမိပိုင်သော လူမျိုးဟို မိမိအတွက် သန့်ဆှင်းစေရန် ငါလို့အတွက် မိမိကိုယ်ကို စွန့်အယ်။


အရာရာနှိုက် ကောင်းသော လုပ်ဆောင်မှုရဲ့ ပုံစံနမူနာဟို နင်တတ်တိုင်းပြလော့။ သွန်သင်ရာတွင် သမာဓိနဲ့ တည်ကြည်လေးနက်ခြင်း ဆိလျက်၊


အုပ်ချုပ်သူများနဲ့ အာဏာပိုင်များဟို နားထောင်လျက် အေးသူလို့ရဲ့ စကားဟို နားထောင်ရန်လည်းကောင်း၊ ကောင်းသောအမှု ဖယ်နည်းလမ်းနဲ့မဆို ပြုလုပ်ဖို့ အဆင်သင့်ဆိရန် ယုံကြည်သူလို့အား သတိပေးလော့။


ငါလို့ရဲ့ လူများဟလည်း အသီးမသီးသောသူ မဖြစ်မဲ့အကျောန်း အရေးတကြီး လိုအပ်သော အရာများအတွက် ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမယ်။


ဟေစကားဟ သစ္စာစကားဖြစ်အယ်။ ဘုရားသခင်ဟို ယုံကြည်သောသူလို့ဟ ကောင်းသောအမှုလို့ဟို ပါဝင်လုပ်ဆောင်ရန် အမြဲ ဂရုစိုက်ကြမဲ့အကျောန်း ငါဟ နင့်ဟို ဟေအရာများအတွက် အခိုင်အမာရပ်တည်စေလိုအယ်။ ဟေအရာများဟ ကောင်းမြတ်ယွေ့ လူလို့အတွက် အကျိုးဆိအယ်။


အေးအပြင် မေတ္တာစိတ် ဆိစေရန် လည်းကောင်း၊ ကောင်းသောအကျင့်ဟို ကျင့်စေရန် လည်းကောင်း၊ တိုက်တွန်းနှိုးဆော်ရသော အခွင့်ဟို ဆှာယွေ့ အချင်းချင်း တယောက်ဟို တယောက် ကျေ့ရှုကြစို့။


ဧည့်သည်ဝတ်ဟို ပြုရန် မမေ့ကြနဲ့။ အဲလို ဧည့်ဝတ်ဟို ပြုသောသူအချို့လို့ဟ ခေါန်းခင်တမန်လို့ဟို အမှတ်မထင် ဧည့်ခံခဲ့ကြအယ်။


ဆေ့တော်နှိုက် နှစ်သက်ဖွယ်သောအမှုဟို ယေရှု ခရစ်တော်အားဖြင့် ငါလို့တွင် ပြုယွေ့ ကိုယ်တော်ရဲ့ အလိုတော်ဟို နင်လို့ ဆောင်ရွက်နိန်ရန် ကောင်းသောအမှု အမျိုးမျိုးလို့ဖြင့် နင်လို့ဟို ပြေ့စုံစေမန့်။ ခရစ်တော်ဟ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ထွန်းတောက်မန့်။ အာမင်။


ဘုရားဟို မသိသော သူလို့အလယ်တွင် ကောင်းစွာ အသက်ဆှင် နေထိန်ကြလော့။ အေးလို့လုပ်ရင် သူလို့ဟ နင်လို့ဟို မကောင်းမှုပြုသူများအဖြစ် ပုတ်ခတ်ပြောဆိုပေမဲ့လည်း နင်လို့ရဲ့ ကောင်းသောအမှုဟို မျော်ယွေ့ ဘုရားသခင် ကြွလာသော နေ့ရက်နှိုက် ဘုန်းတော်ဟို ချီးမွန်းကြလိမ့်မယ်။


ညည်းညူခြင်း မဆိဘဲ အချင်းချင်း ဧည့်ဝတ်ကျေပွန်ကြလော့။


ဒေမေတရိ အကျောန်းဟို လူအားလုံးလို့မှ စယွေ့ သမ္မာတရားတတ်တိုင်းဟ သက်သေခံအယ်။ ငါလို့ဟလည်း သက်သေခံကြအယ်။ ငါလို့ရဲ့ သက်သေခံချက်ဟ မန်ကန်ကျောန်းဟိုလည်း နင်သိအယ်။


Lean sinn:

Sanasan


Sanasan