Biblia Todo Logo
Bìoball air-loidhne

- Sanasan -




၁ တိမောသေ 5:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 အသက်ကြီးသူဟို ပစ်တင် ဆုံးမခြင်း မပြုဘဲ တို့ဖလို တောင်းပန်ပြောဆိုလော့။ နင့်ထက် အသက်ငယ်သောသူလို့အား နင့်ရဲ့ ညီအကိုလို လည်းကောင်း၊

Faic an caibideil Dèan lethbhreac




၁ တိမောသေ 5:1
26 Iomraidhean Croise  

နင်လို့အားလုံးဟ မိသားစုဝင်များ ဖြစ်လျက် နင်လို့မှာ ဆရာတပါးတည်းသာ ဆိသောကျောန့် ‘ဆရာ’ ဟု အခေါ်မခံကြနဲ့။


သူလို့ဟ အသင်းတော်တိုင်းတွင် အကြီးအကဲလို့ဟို ခန့်ထားယွေ့၊ အစာဆှောင်လျက် ဆုတောင်းပင်း သူလို့ ယုံကြည်သော သခင်ဘုရားဆေ သူလို့ဟို အပ်နှံကြအယ်။


ယေရုရှလင်မြို့သို့ သူလို့ ရောက်ကြသောအခါ အသင်းတော်မှ စယွေ့ တမန်တော်များ၊ အသင်းတော် လူကြီးများဟ သူလို့အား ကြိုဆိုလက်ခံလဲ့အခါ မိမိလို့အား ဘုရားသခင် ပြုသမျှလို့ဟို ပြောကြားကြအယ်။


တမန်တော်များနဲ့ လူကြီးများဟ ဟေအမှုကိစ္စဟို စဉ်းစားဆင်ခြင်ရန် စုဝေးကြအယ်။


ပေါလုဟ ဧဖက်မြို့ အသင်းတော်လူကြီးများဟ သူနဲ့လာရောက်တွေ့ဆုံဖို့ မိလက်မြို့မှ သတင်းစကားပါး လိုက်အယ်။


အဲလိုမို့ လူအသီးသီးလို့အား ပေးသင့်တာဟို ပေးဆောင်ကြလော့။ နင့်မှာ ပေးစရာအကြွေးများ ပေးကြလော့၊ အခွန်ခံထိုက်သောသူဟို အခွန် ပေးကြလော့၊ ကြောက်ထိုက်သောသူဟို ကြောက်ကြလော့၊ ရိုသေထိုက်သောသူဟို ရိုသေကြလော့။


ငါ့မိတ်ဆွေလို့၊ တစုံတဦးဟ စလို အမားမျိုးတွင် မဆို ဖမ်းဆီးမိပါက၊ ဝိညာဉ်သဘောဆိသော နင်လို့ဟ အေးသူဟို ဖြောင့်မတ်စွာ ထားသင့်ပေမဲ့ နူးညံ့သိမ်မွေ့သော နည်းဖြင့် လုပ်ရမယ်။ အားပင်း စုံစမ်းနှောင့်ယှက်ခြင်းဟို မပြုမယ့်အကျောန်း၊ ကိုယ်တတ်တိုင်း ကျေ့ရှုလော့။


အသင်းတော် ခေါင်းဆောင် အလုပ်ဟို ကောင်းစွာ လုပ်ဆောင်သူလို့ဟ အလှူနေဆ ခံစားထိုက်သူများဖြစ်အယ်ဟု မှတ်ယူအပ်အယ်၊ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းလို့ဟို ကြိုးစားယွေ့ လုပ်ဆောင်သူများဟ ဟေသို့ ခံစားထိုက်အယ်။


အသက်ကြီးသော မိန်းမလို့ဟို တို့မေ့လို လည်းကောင်း၊ ငယ်ရွယ်သောမိန်းမလို့ဟို သန့်ဆှင်းသော စိတ်အပြေ့အဝဖြင့် နှမလို လည်းကောင်း မှတ်ယွေ့ တိုက်တွန်းနှိုးဆော်လော့။


အသက်ကြီးသော ယောက်ျားလို့အား သမ္မာသတိဆိရန်၊ တည်ကြည်လေးနက်ရန်၊ ဣန္ဒြေစောင့်ကြရန်နဲ့ ယုံကြည်ခြင်း၊ ချစ်ခြင်းနဲ့ သည်းခံခြင်းလို့နှိုက် မန်ကန်ပြေ့စုံမှုဆိစေရန် သွန်သင်လော့။


အေးနည်းတူ ယောက်ျားငယ်လို့အား တည်ငြိမ် မန်ကန်သောစိတ်ဆိကြရန် တိုက်တွန်းနှိုးဆော်ကြလော့။


အားပေမဲ့ အထက်အရပ်မှ လာလဲ့ ပညာဟ ပထမနေဖြင့် သန့်ဆှင်းစင်ကြယ်အယ်။ အဲပင်းရင် ငြိမ်းချမ်းသော သဘော၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုလို့ဟို ပြုစုတတ်အယ်။ ၎င်းဟ ကရုဏာနဲ့ ပြေ့စုံကြွယ်ဝယွေ့ ကောင်းမြတ်လဲ့ အကျင့်များတည်းဟူသော အသီးအပွင့်လို့ဟို ဖြစ်ပွားစေတတ်အယ်။ အဲပြင် မျက်နှာမလိုက်တတ်၊ ဟန်ဆောင်မှုနဲ့ ကင်းအယ်။


ဖျားနာသောသူဟ အသင်းတော်အကြီးအကဲများအား ဖိတ်ခေါ်စေ။ သူလို့ဟ သခင်ဘုရားရဲ့ နာမဟို အမှီပြုယွေ့ ဆုတောင်းကြစေ။


သို့ဖြစ်ယွေ့ အသင်းတော် အကြီးအကဲတဦးဖြစ်ပင်း ခရစ်တော်ရဲ့ ဒုက္ခဝေဒနာများဟို သက်သေခံသူနဲ့ ထင်ဆှားလာတော့မဲ့ ကိုယ်တော်ရဲ့ ဘုန်းအသရေတော်ဟို မျှဝေခံစားသူဖြစ်သော ငါဟ နင်လို့တွင် ဆိသော အသင်းတော် အကြီးအကဲများဟို တိုက်တွန်းနှိုးဆော်အယ်။


အသက်ကြီးသူဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ရွေးကောက်ခံရသော ဂုဏ်အသရေဆိ အမျိုးသမီးနဲ့ သူရဲ့ လူပဲ့သငယ်များဆေဟို စာရေးလိုက်ပါအယ်၊ နင်လို့ဟို ငါတဦးတည်းသာ ချစ်တာ မဟုတ်၊


အသက်ကြီးသူ ဖြစ်သော ငါဟ — သမ္မာတရားနှိုက် ငါချစ်လဲ့ ချစ်သော ဂါယုဆေဟို စာရေးလိုက်အယ်။


အဲပလ္လင်ရဲ့ ပတ်ဝန်းကျင်နှိုက် အခြားသော ပလ္လင်နေဆယ်လေး ပလ္လင် ဆိအယ်။ အဲပလ္လင်လို့အပေါ်နှိုက် အသက်ကြီးသူ နေဆယ်လေးပါးလို့ဟ ဖြူသောအဝတ်ဟို ဝတ်ဆင်လျက် ခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် ထိန်နေကြအယ်။


Lean sinn:

Sanasan


Sanasan